မြန်မာ့နွေဦး

စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပအိုဝ်းရွာတွေမှာ ပိုက်ဆံတောင်းစား

မဲခေါင် 2 Jan - 2024
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နယ်လှည့်ပြီး ပိုက်ဆံတောင်းစားနေတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နယ်လှည့်ပြီး ပိုက်ဆံတောင်းစားနေတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

လွိုင်လင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေဟာ အရင်နှစ်မှာလည်း PNO ပြည်သူ့စစ်က စစ်ကောင်စီတပ်အတွက် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်အောက်ယောကျ်ားတွေကို တစ်ရွာကို ၁၀ ယောက် စစ်သားစုဆောင်းတာတွေ ပြုလုပ်ခဲ့တာကြောင့် လူငယ်တွေဟာ ရွာလုံးကျွတ် ထိုင်းကို ထွက်သွားခဲ့ကြပါတယ်။

အခုနှစ်မှာတော့ စစ်သားစုဆောင်းဖို့ လူငယ်တွေမရှိတော့တာကြောင့် စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ တစ်အိမ်ကို တစ်သောင်းငါးထောင်ကျပ် မကြာခဏ ငွေတောင်းစားနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

“PNO နဲ့ ဗမာစစ်သားတွေပဲ။ ရွာဘုန်းကြီးကျောင်းလာတည်းတယ်။ ရွာထိပ်မှာ ရွာသားတွေကို ကင်းပြန်စောင့်ခိုင်းတယ်။ ရွာမှာက လူငယ်တွေမရှိတော့ဘူး ထိုင်းဘက်ရောက်ကုန်တော့ အသက် ၆၀ နီးပါးရှိတဲ့ အဖေအမေအရွယ် လူကြီးရွယ်အိုမကျန် သူတို့ကို ကင်းစောင့်ပေးရတယ်။ ငွေက ၁၅၀၀၀ တောင်းတယ်။ တစ်ခါတည်း ၁၅၀၀၀ အပြီးထည့်ရတယ်။ ခန့်မှန်းအင်အားက ၄၀ လောက်ရှိတယ်” လို့ လွိုင်လင်မြို့ ပအိုဝ်းလူငယ်တစ်ဦးကပြောပါတယ်။

အင်အား ၄၀ ခန့်ရှိတဲ့ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ပအိုဝ်းရွာတွေကို နယ်လှည့်ရာမှာ ကျေးရွာရဲ့ ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲပြီး ရွာသားတွေကို ၂၄ နာရီ ကင်းပြန်စောင့်ခိုင်းတာလည်း ပြုလုပ်တယ်လို့ လွိင်လင်မြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီနဲ့PNO ပြည်သူ့စစ်တွေ အဲ့ဒီလို နယ်လှည့်ပြီး တောင်းစားတာကို ကျေးရွာဥက္ကဌတစ်ဦးဖြစ်တဲ့ ဦးစိန်ဝင်းဆိုသူဟာလည်း တက်တက်ကြွကြွ အတူပူးပေါင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်လင်မြို့နယ်ဘက်မှာ မီဒီယာလည်းမရှိ တက်ကြွလှုပ်ရှားသူလည်းမရှိတာကြောင့် PNO ပြည်သူ့စစ်ဟာ အခုလို ဖိနှိပ်မှုတွေကို ပြောင်ပြောင်တင်းတင်းလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

PNO ပြည်သူ့စစ်က နယ်လှည်ပြီး ပိုက်ဆံတောင်းစားနေတဲ့ ရွာတွေကတော့ လွိုင်လင်မြို့နယ် အင်ချစ် ၊ နောင်နိမ်း ၊ လွယ်ခွင် ၊ ပန်းတိုင် ၊ ခေါင်နွဲ့စတဲ့ ပအိုဝ်းကျေးရွာတွေ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

နွေဦးတော်လှန်ရေးမှာ PNOပြည်သူ့စစ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်လာပြီး စစ်ရေးအကြောင်းပြပြီး ဒေသခံပြည်သူတွေကို စစ်သားသစ်စုဆောင်းတာ ဆက်ကြေးကောက်ခံတာတွေကို ပြုလုပ်နေဖြစ်ပါတယ်။

CJ-002

#MeKongNews

#စစ်ကောင်စီ

#ပြည်သူ့စစ်

#တောင်းစား

#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now