မဲခေါင်၊ ဒီဇင်ဘာ ၃၁
လောက်ကိုင်ဒေသတွင်းမှာ ရှိနေတဲ့ နိုင်ငံခြားသားများအားလုံး အမြန်ဆုံးထွက်ခွာသွားကြဖို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒီနေ့ ဒီဇင်ဘာလ ၃၁ရက်မှာ အသိပေးကြေညာလိုက်ပါတယ်။
လက်ရှိအချိန်မှာ လောက်ကိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့အကြွင်းအကျန်တွေနဲ့ ကိုးကန့်ရုပ်သေးအဖွဲ့တွေဟာ ပေကပ်ခေါင်းမာပြီး မဟာမိတ်တပ်ဖွဲ့တွေကို တုန့်ပြန်တိုက်ခိုက်နေတာကြောင့် လောက်ကိုင်ဒေသအတွင်း တိုက်ပွဲတွေ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ အချိန်းမရွေးဖြစ်ပေါ်လာနိုင်ပြီး ပြည်သူလူထုရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လာနေတယ်လို့ MNDAAက ဆိုပါတယ်။
ဒါကြောင့် လောက်ကိုင်ဒေသအတွင်း ဆက်လက်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ MNDAA ရဲ့ သက်ဆိုင်ရာ ဌာနထံလာရောက်စာရင်းပေးပြီး တရားဝင်တဲ့လမ်းကြောင်းနဲ့ အမြန်ဆုံး အိမ်ပြန်သွားကြရန် MNDAA က ပြောပါတယ်။
ဒါ့အပြင် ကိုးကန့်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ လုံခြုံဘေးကင်းတဲ့ နေရာကို အမြန်ဆုံးတိမ်းရှောင်ကြရန်လည်း ကိုးကန့်အဖွဲ့က အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MNDAA အနေနဲ့ တရုတ်နိုင်ငံနဲ့ အတူ ဆိုင်ဘာမှုခင်းလုပ်ငန်း ကျားဖြန့်လုပ်ဆောင်သူတွေကို ဆက်လက်ပူးပေါင်းဖမ်းဆီးသွားမှာဖြစ်ပြီး ဒေသတွင်း ဆက်လက်နေထိုင်နေတဲ့ ကျားဖြန်လုပ်ငန်းရှင်တွေ အနေနဲ့ အဖမ်းမခံရနိုင်ဘူးလို့ မတွေးပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် မူရင်းနိုင်ငံကို ပြန်သွားပြီး အပြစ်ဝန်ခံကြဖို့ MNDAA က ကြေညာချက်မှာဖော်ပြထားပါတယ်။
အထက်ပါအချက်တွေကို ကြေညာအသိပေးတာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးဖို့အတွက်ဖြစ်တယ်လို့ MNDAAကဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ အရပ်သားနေအိမ်တွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်တာကြောင့် အပြည်မဲ့ပြည်သူလူထုအမြောက်အများ သေဆုံး ထိခိုက်ဒဏ်ရာရတာများပြားတယ်လို့ MNDAAကဆိုပါတယ်။
CJ – 002
#MeKongNews
#MNDAA
#လောက်ကိုင်








