မဲခေါင်၊ စက်တင်ဘာ ၂၃
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်မှာ မူးယစ်တပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦး ယမန်နေ့ (စက်တင်ဘာ၂၂) ညက အရိုက်ခံရသဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်မှ ပင်းတယဘက် အထွက် ပင်လုံလေး စားသောက်ဆိုင်ရှေ့တွင် အရိုက်ခံရခြင်းဖြစ်ကြောင်း သိရသည် ။
“ကားလမ်းပေါ် ပက်လက်ကြီးလဲနေတာ၊ ရဲက သူတို့ကားနဲ့ တင်သွားတာ၊ သတိမရဘူး၊ ဘယ်သူရိုက်တာလဲ မသိဘူး၊ မူးပြီးဖြစ်ကြတာထင်တယ်” ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောသည်။
ရဲတပ်ဖွဲ့ဝင်များက ဆေးကုသရန် တင်ဆောင်သွားကြောင်း သိရသော်လည်း မည်သည့်ဆေးရုံသို့ ခေါ်ဆောင်သွားသည်ကိုမူ မသိရပေ။
ဒဏ်ရာများဖြင့်လဲနေသူမှာ ကလော မူးယစ်တပ်ဖွဲ့မှ ဒုရဲအုပ် ကျော်လင်းထိုက် ဆိုသူ ဖြစ်ကြောင်း စုံစမ်းသိရသည်။
#MeKongNews
#ကလော
#ရှမ်းတောင်
#မူးယစ်တပ်ဖွဲ့
#အရိုက်ခံရ








