နေ့စဥ်သတင်း

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင် 15 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့် တပ်ခွဲမှူး သန့်ဇင်ထွန်းသည် သင်တန်းတပ်ခွဲမှူးအဖြစ် လုပ်ကိုင်ပြီး လုပ်ပိုင်ခွင့်အာဏာကို အခွင့်ကောင်းယူကာ သင်တန်းသား၏ ဇနီးအပေါ် ကာမရယူ ကျူးလွန်ခဲ့ကြောင်း ယင်းသင်တန်းကျောင်းနှင့် နီးစပ်သူများထံမှ သိရသည်။ သင်တန်းသား၏ အမျိုးသမီးသည် သင်တန်းတက်နေသည့် ၎င်း၏ ခင်ပွန်းထံ အလည်အပတ် လာရောက်စဉ် သန့်ဇင်ထွန်းမှ ၎င်းသည် တပ်ခွဲမှူးဖြစ်၍ သင်တန်း တက်ရောက်နေသူအား နေရာကောင်းရအောင် ဆောင်ရွက်ပေးနိုင်ကြောင်းနှင့် မကောင်းသည့်နေရာသို့လည်း ပို့ပစ်နိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုကာ ထိုအမျိုးသမီး၏ ကာမကို မတရား ရယူခဲ့သည်ဟု ၎င်းက ပြောသည်။ အဆိုပါ အမျိုးသမီးကိုလည်း

မဲခေါင်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့် တပ်ခွဲမှူး သန့်ဇင်ထွန်းသည် သင်တန်းတပ်ခွဲမှူးအဖြစ် လုပ်ကိုင်ပြီး လုပ်ပိုင်ခွင့်အာဏာကို အခွင့်ကောင်းယူကာ သင်တန်းသား၏ ဇနီးအပေါ် ကာမရယူ ကျူးလွန်ခဲ့ကြောင်း ယင်းသင်တန်းကျောင်းနှင့် နီးစပ်သူများထံမှ သိရသည်။

သင်တန်းသား၏ အမျိုးသမီးသည် သင်တန်းတက်နေသည့် ၎င်း၏ ခင်ပွန်းထံ အလည်အပတ် လာရောက်စဉ် သန့်ဇင်ထွန်းမှ ၎င်းသည် တပ်ခွဲမှူးဖြစ်၍ သင်တန်း တက်ရောက်နေသူအား နေရာကောင်းရအောင် ဆောင်ရွက်ပေးနိုင်ကြောင်းနှင့် မကောင်းသည့်နေရာသို့လည်း ပို့ပစ်နိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုကာ ထိုအမျိုးသမီး၏ ကာမကို မတရား ရယူခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါ အမျိုးသမီးကိုလည်း သင်တန်းမဆင်းမချင်း သင်တန်းကျောင်းအနီးရှိ ရွာထဲတွင် အိမ်ငှားထားပေးကာ ၎င်းဆန္ဒရှိသလို ပြုမူခဲ့သည်ဟု ဆိုသည်။

ယင်းအကြောင်းကို သင်တန်းသားမှ သိရှိ၍ ပြဿနာရှာသဖြင့် ခြိမ်းခြောက်ကာ လျော်ကြေးပေးခဲ့ကြောင်း သိရှိရသည်ဟု ပြောသည်။

ထိုသို့ အကျင့်ပျက်နေသည့် သန့်ဇင်ထွန်းသည် လောင်းကစားကိုလည်း ခုံမင်သူဖြစ်ပြီး နေ့စဉ် ဖဲဝိုင်း၊ ဂျင်ဝိုင်းများသို့ သွားရောက်လေ့ရှိပြီး ၎င်းလောင်းကစားလုပ်ဖို့ လိုအပ်သည့် ငွေကြေးကို သင်တန်းသားများ ရရှိသည့် လစာငွေများမှ မတရား ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ရယူနေသည်ဟု ပြောသည်။

လက်ရှိမှာလည်း ကိုယ်တိုင်က ရဲအရာရှိတစ်ဦး ဖြစ်ပါလျက် လိုင်စင်မဲ့ without ကား စီးထားပြီး ၎င်းကားဖြင့် လောင်းကစားဝိုင်းများသို့ လှည့်လည်သွားလာလျက်ရှိသည်ဟု ဆိုသည်။

၎င်းကဲ့သို့ အကျင့်ပျက်ဝန်ထမ်းကြောင့် အခြား ရဲများအပေါ်မှာ အထင်အမြင်သေးခြင်းကို လက်မခံချင်သလို ရိုးသားပြီး ပြည်သူကို ကူညီစောင့်ရှောက်သည့် တပ်ဖွဲ့ဝင်များလည်း ရှိနေသဖြင့် တပ်ဖွဲ့၏ ဂုဏ်သတင်းအတွက် ခြေမ မကောင်း ခြေမ ရှင်းလင်းသင့်ကြောင်း အများက အကြံပြုထားသည်။

#MeKongNews
#တောင်လေးလုံးရဲသင်တန်းကျောင်း
#ကာမရယူ
#တပ်ခွဲမှူးသန့်ဇင်ထွန်း
#အဂတိ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now