နေ့စဥ်သတင်း

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင် 3 Sep - 2026
မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း ၊ အမက မြို့ဟောင်း၊ အမက နမ့်ပျဉ်၊ အမက ကောင်းလန်း၊ အမက နားညု၊ အလက ပန်ညု ၊ အထက ဆောင်ကြဲ စသည့် အခြေခံပညာကျောင်း (၇) ကျောင်းကို ထပ်မံဖွင့်လှစ်မည်ဟု ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။ ကိုးကန့်တပ်ဖွဲ့က သီပေါဘက်တွင် ထပ်မံဖွင့်လှစ်မည်ဟု ကြေညာလာသည့်ကျောင်းများသည့် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် စစ်ကောင်စီက

မဲခေါင်၊ ဩဂုတ် ၃

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။

ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း ၊ အမက မြို့ဟောင်း၊ အမက နမ့်ပျဉ်၊ အမက ကောင်းလန်း၊ အမက နားညု၊ အလက ပန်ညု ၊ အထက ဆောင်ကြဲ စသည့် အခြေခံပညာကျောင်း (၇) ကျောင်းကို ထပ်မံဖွင့်လှစ်မည်ဟု ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။

ကိုးကန့်တပ်ဖွဲ့က သီပေါဘက်တွင် ထပ်မံဖွင့်လှစ်မည်ဟု ကြေညာလာသည့်ကျောင်းများသည့် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ ပိတ်ပစ်လိုက်သည့် ကျောင်း၁၇ကျောင်းတွင် ပါဝင်သည့်ကျောင်းများဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူများက တောင်းဆိုညှိနှိုင်းခြင်းကြောင်း ဩဂုတ်လ ၂၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည့်ကျောင်းဖြစ်သည်။

“အရင်က စစ်တပ်ဖက်က ပိတ်ခိုင်းလိုက်တဲ့ကျောင်းတွေလေ စစ်တပ်ကပိတ်တော့ ကိုးကန့်က ဖွင့်ပေးမယ်လုပ်တဲ့အခါမှာ စစ်ကောင်စီက ပြန်ဖွင့်ပေးလိုက်တဲ့ ကျောင်းတွေပေါ့။ အခု ကိုးကန့်က သူတို့ဆက်ဖွင့်မယ်လို့ ကြေညာတဲ့အထဲမှာ အဲ့ကျောင်းတွေလည်း ပြန်ပါလာနေတော့ စစ်အစိုးရဖက်က ပြန်ထွက်ပေးရမယ်ထင်တယ်။ အဲ့ကျောင်းတွေက ၁၀ ကျောင်းလောက်က ကိုးကန့်ထိန်းချုပ်နယ်မြေထဲမှာ”ဟု သီပေါဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် စက်တင်ဘာ ၁ ရက်နေ့တွင်လည်း ကိုးကန့်အရာရှိနှင့်ကျောင်းဆရာများက စစ်ကောင်စီ ပြန်ဖွင့်ပေးသည့် ကျောင်းသို့ ရောက်လာကာ ကျောင်းများကို ကိုးကန့်တပ်ဖွဲ့က ပြန်လည်ဖွင့်လှစ်မည့်အကြောင်း လာရောက်ပြောဆိုသွားသည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။

“ပန်မိန်း နမ့်ပျဉ်စတဲ့ကျောင်းတွေကို ကိုးကန့်အရာရှိတွေ ရောက်လာတယ်။ ဒီကျောင်းတွေကို သူတို့ ဆက်ဖွင့်မယ့်အကြောင်းတွေ လာပြောသွားတယ်။”ဟု သီပေါမြို့ခံသတင်းရင်းမြစ်ကပြောသည်။

ထို့အပြင် သိန္နီခရိုင်အတွင်းရှိ ကျောင်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အလက စံလောင်း၊ အလက ကုန်းသာ နှင့် အလက နမ့်အွန် ကျောင်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကုံးမုံ၊ ကွန်ခိုက်၊ မြို့ဟောင်း၊ ဆွတ်လန်းနှင့် ပန်ညု ဒေသများရှိ အခြေခံပညာကျောင်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ဟု ကိုးကန့်တပ်ဖွဲ့ကဆိုသည်။

ကိုးကန့်တပ်ဖွဲ့အနေဖြင့် ဒေသတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရန်အတွက် ယခုကဲ့သို့ အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြသည်။

ထိုသို့သော အခြေအနေများကြောင်း ကျောင်းအချို့ကို စစ်ကောင်စီက ပြန်လည်ဖွင့်ပေးခဲ့သော်လည်း လက်ရှိအချိန်ထိ ကျောင်းသားအများစုမှာ ကျောင်းပြန်တက်ခြင်းမပြုသေးပဲ အခြေအနေကို စောင့်ကြည့်နေကြသည်ဟုလည်း ဒေသခံသတင်းရင်းများကပြောသည်။

“အရင် ကျောင်းဖွင့်တုန်းက အကုန်ကျောင်းတက်ကြပြီ။ လုံခြုံရေးအကြောင်းပြပြီး စစ်တပ်က ပိတ်လိုက်ပြီးနောက် အခုပြန်ဖွင့်ခွင့်ပေးပြီဆိုပေမယ့် ကိုးကန့်ကလည်း သူတို့ဆက်ဖွင့်ပေးမယ်လို့ပြောထားတဲ့အတိုင်း ကျောင်းဆက်ဖွင့်ဖို့ လုပ်နေတာရှိတော့ အခြေအနေကို သေချာငြိမ်တဲ့အထိ စောင့်ကြည့်နေကြတယ်”ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။

စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့-MNDAAသည် တရုတ်ကြားဝင်စွက်ဖက်မှုဖြင့် အပစ်ခတ်ရပ်စဲထားသည့်အပြင် လားရှိုးမြို့တွင် ပုံမှန်တွေ့ဆုံလေ့ရှိသည့် အဖွဲ့ဖြစ်သော်လည်း မြေပြင်စိုးမိုးထိန်းချုပ်ရေးနှင့် ပတ်သက်၍မူ ညှိနှိုင်းနိုင်ခြင်းမရှိသေးပေ။

#MeKongNews
#ရှမ်းမြောက်
#သီပေါ
#စစ်ကောင်စီ
#ကိုးကန့်တပ်
#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now