နိုင်ငံတကာသတင်း

ဂျပန်နိုင်ငံတွင် ဆရာဝန်လိုင်စင် မရှိဘဲ ခွဲစိတ်မှုများပြုလုပ်ခဲ့ဟု သံသယဖြင့် ထိန်းသိမ်းခံရသော ဒေါက်တာကြည်ချမ်းကို ပြစ်မှုမရှိသဖြင့် ဂျပန်ရဲတပ်ဖွဲ့ ပြန်လွှတ်ပေး

မဲခေါင် 21 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၁ ဂျပန်နိုင်ငံတွင် ဆရာဝန်လိုင်စင်မရှိဘဲ အလှအပခွဲစိတ်မှုများ ၅ ကြိမ်တိုင်ပြုလုပ်ခဲ့သည်ဟု သံသယဖြင့် ထိန်းသိမ်းခံရသူ မြန်မာနိုင်ငံသား ဆရာဝန် ဒေါက်တာကြည်ချမ်းကို (Dr. Kyi Chan Ko) နှင့် မြန်မာနိုင်ငံသားတစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် ပြစ်မှုမမြောက်၊ ပြစ်မှုမရှိသဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း၎င်း၏ နီးစပ်သူများထံမှ သိရသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လတွင် မျက်ရစ်ဖော်ခွဲစိတ်မှု ပြုလုပ်ခဲ့သည့် အသက်၃၀ အရွယ် မြန်မာအမျိုးသမီး တစ်ဦးမှ ခွဲစိတ်ပြီးနောက် မျက်လုံးဖွင့်ရခက်ခဲသည်ဟု တိုင်ကြားရာမှ တဆင့် ဒေါက်တာကြည်ချမ်းကိုအား သံသယရှိကာ ဆက်လက်စုံစမ်း စစ်ဆေးမေးမြန်းရန် ဂျပန်ရဲဌာနမှ မတ် လ ၃ ရက်တွင် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ မူလခေါ်ဆောင်စဉ်ကတည်းက

မဲခေါင်၊ ဇူလိုင် ၁၁

ဂျပန်နိုင်ငံတွင် ဆရာဝန်လိုင်စင်မရှိဘဲ အလှအပခွဲစိတ်မှုများ ၅ ကြိမ်တိုင်ပြုလုပ်ခဲ့သည်ဟု သံသယဖြင့် ထိန်းသိမ်းခံရသူ မြန်မာနိုင်ငံသား ဆရာဝန် ဒေါက်တာကြည်ချမ်းကို (Dr. Kyi Chan Ko) နှင့် မြန်မာနိုင်ငံသားတစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် ပြစ်မှုမမြောက်၊ ပြစ်မှုမရှိသဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း၎င်း၏ နီးစပ်သူများထံမှ သိရသည်။

၂၀၂၅ခုနှစ်၊ ဇွန်လတွင် မျက်ရစ်ဖော်ခွဲစိတ်မှု ပြုလုပ်ခဲ့သည့် အသက်၃၀ အရွယ် မြန်မာအမျိုးသမီး တစ်ဦးမှ ခွဲစိတ်ပြီးနောက် မျက်လုံးဖွင့်ရခက်ခဲသည်ဟု တိုင်ကြားရာမှ တဆင့် ဒေါက်တာကြည်ချမ်းကိုအား သံသယရှိကာ ဆက်လက်စုံစမ်း စစ်ဆေးမေးမြန်းရန် ဂျပန်ရဲဌာနမှ မတ် လ ၃ ရက်တွင် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ မူလခေါ်ဆောင်စဉ်ကတည်းက ရဲစခန်းတွင်သာ ထားရှိပြီး စစ်ဆေးမေးမြန်းခြင်းဖြစ်ကြောင်း ၎င်း၏ နီးစပ်သူတစ်ဦးက ပြောသည်။

“ဆရာက နဂိုကတည်းက ဆေးကုသခွင့် လိုင်စင်ရှိထားပြီးနှင့် ဂျပန်နိုင်ငံတွင် ပါရဂူဘွဲ့ ရှိတယ်။ ဆေးခန်းလည်းဖွင့်ထားတာ။ အတိုင်ခံရတော့ ဂျပန်ရဲကလည်း စစ်ဆေးရမယ့် တာဝန်အတိုင်းခေါ်စစ်တာပါ” ဟု ၎င်း၏ ရင်းနှီးသူ ဆရာဝန်တစ်ဦးမှ ပြောသည်။

ဒေါက်တာကြည်ချမ်းကိုအား တိုင်ကြားရာတွင် မျက်ရစ်ခွဲစိတ်သူ လူနာတစ်ဦးတွင် မျက်စိဖွင့်ရ၊ ပိတ်ရခက်ခြင်းနှင့် အခြားလူနာ၂ဦးတွင်လည်း အမာရွတ်ထင်ကျန်နေခြင်း စသည့် စွပ်စွဲချက်များဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း၊ ဂျပန်ရဲတပ်ဖွဲ့က တိုင်ကြားသူများအား ဆရာဝန်အဖွဲ့ဖြင့် စစ်ဆေးရာ ၎င်းတို့စွပ်စွဲထားသည့် ရောဂါလက္ခဏာ မတွေ့ကြောင်း၊ တစ်ဦးမှာမူ အစစ်အဆေးပင် မခံကြောင်း သူ၏ နီးစပ်သူမိတ်ဆွေတစ်ဦးမှ ပြောသည်။

“စစ်စရာရှိတာတွေ စစ်ပြီးတော့ ရက်အနည်းငယ်မှာပဲ စွပ်စွဲချက်အတိုင်း ပြစ်မှုမမြောက်တဲ့အတွက် ပြန်လွှတ်ပေးရပါတယ်။ ဂျပန်ဆိုတာ လာဘ်ထိုးလို့ရတဲ့နိုင်ငံမဟုတ်ဘူး။ တရားဥပဒေစိုးမိုးမှု အပြည့်ရှိတဲ့နိုင်ငံပါ။ ဂျပန်သတင်းမှာတော့ “သံသယ” ဖြင့် ဟူ၍ရေးသားဖော်ပြထားခဲ့သော်လည်း မြန်မာ သတင်းတွေမှာရေးသလို အဖမ်းခံရတယ်ဆိုတာ စကားလုံး အသုံးအနှုန်းမှားနေပါတယ်။ ” ဟု ၎င်း၏ ဥပဒေအကြံပေးမှ ပြောသည်။

ဂျပန်နိုင်ငံ၏ ဥပဒေပုဒ်မ Article 17 (Violation of the Medical Practitioners’ Act) အရ ဆရာဝန်လိုင်စင်မရှိဘဲ ဆေးကုသမှုပြုလုပ်ပါက ထောင်ဒါဏ် ၃ နှစ်နှင့် ငွေဒါဏ် ယန်းငွေ တစ်သန်း ပေးဆောင်ရမည်ဖြစ်ပြီး နိုင်ငံခြားသားဖြစ်ပါက လိုင်စင် မရှိဘဲဆေးကုခြင်းသည် ထောင်ဒါဏ်အပြင် ဂျပန်နိုင်ငံမှ ပြည်နှင်ဒဏ်ပါပေးခံရမည်ဖြစ်ကြောင်း ဂျပန်ဥပဒေဘွဲ့ရရှိထားသူ တစ်ဦးမှ ရှင်းပြသည်။

ထို့ပြင် မျက်ရစ်အလှဖော်ခွဲစိတ်မှု ပြုလုပ်ရာ၌ မျက်စိဖွင့်ရ၊ ပိတ်ရခက်ခြင်း၊ ထင်ရှားသောအမာရွတ်များ ကျန်နေခြင်း စသည့်ခွဲစိတ်မှုမှားယွင်းခြင်းများ ဖြစ်ပေါ်လာပါက ကာယကံရှင်လူနာများအား လျော်ကြေးငွေများစွာ ပေးဆောင်ရနိုင်ကြောင်း ၎င်း၏ မိတ်ဆွေဂျပန်ဥပဒေဘွဲ့ရရှိထားသူ တစ်ဦးမှ ရှင်းပြသည်။

ဒေါက်တာကြည်ချမ်းကိုသည် မျက်စိဖွင့်ရခက်ခြင်း နှင့် မျက်ခမ်းပေါ်နှင့် မျက်ခွံတဝိုက်တွင် အမာရွတ်ကျန်စေခြင်း စသည့် စွပ်စွဲမှုများဖြင့် တိုင်ကြားသူများအပေါ် လျှော်ကြေငွေလည်း လုံးဝ ပေးဆောင်ခဲ့ခြင်း မရှိကြောင်း သူ၏ နီးစပ်သူများထံမှ သိရသည်။

ဒေါက်တာ ကြည်ချမ်းကိုသည် မန္တလေးဆေးတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Juntendo University ၏ Department of Plastic and Reconstructive Surgery တွင် ပါရဂူဘွဲ့ရရှိထားသူတဦးဖြစ်ကြောင်း၊ ဒေါက်တာကြည်ချမ်းကို၏ ပါရဂူစာတမ်း အောက်ပါလင့်ခ်https://www.jstage.jst.go.jp/article/jmj/67/5/67_JMJ21-0006-OA/_article/-char/ja/
တွင် ဖတ်ရှု့နိုင်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တစ်ဦးက ခိုင်မာစွာ ပြောသည်။

2026 June လ ၂၉ ရက်နေ့တွင် ဒေါက်တာကြည်ချမ်းကိုသည် ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ ပြန်မည့်အကြောင်းနှင့် July လကုန်ခါနီးတွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း ၎င်း၏ Facebook page တွင် ရေးသားဖော်ပြထားသည်။

#MeKongNews
#ဒေါက်တာကြည်ချမ်းကို
#ဂျပန်နိုင်ငံ
#တိုကျိုမြို့
#ခွဲစိတ်ကုသမှု
#အလှအပရေးရာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now