နေ့စဥ်သတင်း

မူဆယ်တွင် ဒေသခံ ၆ ဦးကို ကိုးကန့်တပ်ဖွဲ့ ဖမ်းသွား

မဲခေါင် 4 Jul - 2026
မဲခေါင်၊ ဇူလိုင် ၄ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မန်ဖာကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့ – MNDAA က ကျေးရွာဒေသခံ အမျိုးသား ၆ ဦးကို ဖမ်းဆီးသွားရာ လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ မန်ဖာ(ဖာငပ်)ရွာမှ အမျိုးသား ၆ ဦးကို ပြီးခဲ့သည့် ဇွန် ၂၈ ရက်တွင် ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးသဖြင့် မိသားစုဝင်များက အသက်အန္တရာယ်ကိုပါ စိုးရိမ်နေကြခြင်း ဖြစ်သည်။ ရွာထဲမှ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်နေသည့် အခြားရွာမှ အမျိုးသားတစ်ဦးကို ဒေသခံများက ရိုက်နှက်ဆုံးမရာမှ ကိုးကန့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။ “ရွာထဲက အမျိုးသမီးတစ်ယောက်က

မဲခေါင်၊ ဇူလိုင် ၄

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မန်ဖာကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့ – MNDAA က ကျေးရွာဒေသခံ အမျိုးသား ၆ ဦးကို ဖမ်းဆီးသွားရာ လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

မန်ဖာ(ဖာငပ်)ရွာမှ အမျိုးသား ၆ ဦးကို ပြီးခဲ့သည့် ဇွန် ၂၈ ရက်တွင် ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးသဖြင့် မိသားစုဝင်များက အသက်အန္တရာယ်ကိုပါ စိုးရိမ်နေကြခြင်း ဖြစ်သည်။

ရွာထဲမှ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်နေသည့် အခြားရွာမှ အမျိုးသားတစ်ဦးကို ဒေသခံများက ရိုက်နှက်ဆုံးမရာမှ ကိုးကန့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“ရွာထဲက အမျိုးသမီးတစ်ယောက်က သူ့ယောင်္ကျားအပြင်သွားတဲ့အချိန် အဲဒီ တခြားရွာကကောင်က လာလာအိပ်ပြီး ဖောက်ပြန်မှုတွေ လုပ်နေလို့ တစ်ခါမဟုတ် ၂ ခါ မဟုတ်ဆိုတော့ ရွာသားတွေက အဲ့လိုမလုပ်ဖို့ နှစ်ယောက်စလုံးကို ခဏခဏ ခေါ်ပြောတယ်။ နားမထောင်ဘူး၊ အတူနေချင်ရင်လည်း အခုယောင်္ကျားနဲ့ကွဲပြီး တရားဝင်ယူပြီးမှ နေလို့ပြောလည်း နားမထောင်လို့ ဒီတစ်ခါ ရွာသားတွေ ရိုက်ပြီး ဆုံးမလိုက်တာ။ အဲဒါ မကျေနပ်လို့ ကိုးကန့်တပ်ကို သွားတိုင်တော့ ကိုးကန့်တပ်က ရှိသမျှရွာထဲကအမျိုးသားတွေကို လာဖမ်းသွားတာ”ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။

မန်ဖာကျေးရွာသည် အိမ်ခြေ ၁၀ အိမ်သာရှိသဖြင့် ကိုးကန့်တပ်က ဖမ်းသွားသည့် ဒေသခံ အမျိုးသား ၆ ဦးသည် တစ်ရွာလုံးရှိ လူငယ်အမျိုးသားများဖြစ်သည်ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

“၆ ယောက်ကို ဖမ်းတယ်ဆိုပေမယ့် ရွာကသေးသေးလေးဆိုတော့ တစ်ရွာလုံးမှာရှိတဲ့ လူငယ်တွေ အကုန်လုံးကို ဖမ်းသွားတာပါပဲ။ အခုက လယ်တွေ လုပ်နေကြတဲ့အချိန်ဆိုတော့ အလုပ်တွေလည်း ပျက်ကုန်တယ်။ အခုထိလည်း မလွတ်လာသေးတော့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရတယ်”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဖမ်းဆီးသွားသည့် လူငယ်များကို ကိုးကန့်တပ်က တစ်ဦးကို ယွမ် ၅၀၀ (ကျပ်၃၅၀၀၀၀) ဒဏ်ငွေဆောင်ခိုင်းသဖြင့် အခက်အခဲဖြစ်နေကြသည်ဟုလည်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ကိုးကန့်တပ်အနေဖြင့် လူမှုရေး ဖောက်လွဲဖောက်ပြန်လုပ်သူများကို အရေးမယူဘဲ တားဆီးသည့် ဒေသခံများကို ဖမ်းဆီးဒဏ်ရိုက် အရေးယူခြင်းသည် ပြဿနာကို ပြေလည်သွားစေမည် မဟုတ်ဘဲ ပိုကြီးထွားစေမည်ကို စိုးရိမ်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။

#MeKongNews
#မူဆယ်
#ဒေသခံ
#ကိုးကန့်တပ်ဖွဲ့
#ဖမ်းသွား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now