နေ့စဥ်သတင်း

မူးယစ်ဆေး ဖြတ်ပေးမည်ဟုဆိုကာ ဒေသခံများကို ဖမ်းပြီး တပ်သားသစ်အဖြစ် ကိုးကန့်တပ်ဖွဲ့ အဓမ္မစုဆောင်း

မဲခေါင် 29 Jun - 2026
မဲခေါင်၊ ဇွန် ၂၉ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြတ်ပေးမည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ၄ ဦးသည် ကိုးကန့်တပ်ဖွဲ့ – MNDAA ၏ တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံလိုက်ရသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာမှ ဒေသခံ ၄ ဦးကို မူးယစ်ဆေးဖြတ်ပေးမည်ဟုဆိုကာ ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သော်လည်း လက်ရှိတွင်မူ တပ်သားသစ်အဖြစ် စုဆောင်းခံရကာ ကိုးကန့်တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များတွင် ဂိတ်စောင့်နေရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။ “အခုက လားရှိုးမြို့ကို ဝိုင်းရံထားတဲ့ ဂိတ်တွေမှာပဲ ဂိတ်ပြန်စောင့်ခိုင်းနေတာကို တွေ့ရတာပေါ့နော်။ ကိုးကန့်ယူနီဖောင်းနဲ့ သေနတ်နဲ့ ဖြစ်နေပြီ။ လာဖမ်းတုန်းက မူးယစ်ဆေး ဖြတ်ပေးပြီးရင် ပြန်ပို့ပေးမယ်ဆိုလို့

မဲခေါင်၊ ဇွန် ၂၉

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြတ်ပေးမည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ၄ ဦးသည် ကိုးကန့်တပ်ဖွဲ့ – MNDAA ၏ တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံလိုက်ရသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာမှ ဒေသခံ ၄ ဦးကို မူးယစ်ဆေးဖြတ်ပေးမည်ဟုဆိုကာ ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သော်လည်း လက်ရှိတွင်မူ တပ်သားသစ်အဖြစ် စုဆောင်းခံရကာ ကိုးကန့်တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များတွင် ဂိတ်စောင့်နေရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“အခုက လားရှိုးမြို့ကို ဝိုင်းရံထားတဲ့ ဂိတ်တွေမှာပဲ ဂိတ်ပြန်စောင့်ခိုင်းနေတာကို တွေ့ရတာပေါ့နော်။ ကိုးကန့်ယူနီဖောင်းနဲ့ သေနတ်နဲ့ ဖြစ်နေပြီ။ လာဖမ်းတုန်းက မူးယစ်ဆေး ဖြတ်ပေးပြီးရင် ပြန်ပို့ပေးမယ်ဆိုလို့ မိဘတွေလည်း ယုံပြီး ထည့်ပေးလိုက်တာ အခုက ကိုးကန့်စစ်သား ဖြစ်သွားတယ်ပေါ့နော်”ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

၎င်းအီနိုင်းဒေသခံ ၄ ဦးကို MNDAA က ပြီးခဲ့သည့် မတ်လတွင် လာရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးချိန်တွင် မူးယစ်ဆေးဖြတ်ပေးပြီး ပြန်လွတ်ပေးမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
‎
လက်ရှိတွင် ၎င်းဒေသခံ ၄ ဦးသည် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ ကိုးကန့်တပ်၏ အဓမ္မတပ်သားသစ်စုဆောင်းခြင်းကို ခံရကာ လားရှိုးကို ဝိုင်းရံထားသည့် ခေးနင်း၊ အီနိုင်း၊ နမ့်ပေါင်တို့တွင် ဂိတ်စောင့်နေရသည်ကို ဒေသခံများက ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

”အပြောနဲ့အလုပ် မညီဘူးပေါ့ဗျာ။ ဒီလိုလုပ်နေတာကလည်း ပြည်သူလူထုရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်လို့ မြင်တယ်ပေါ့ဗျာ”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

MNDAA သည် ပြီးခဲ့သည့် ဧပြီ ၂၁ ရက်တွင်လည်း လားရှိုးမြို့နယ်၊ အီနိုင်း၊ ဆယ်မိုင်ကုန်း၊ တောင်တလောင်ဒေသတွင် ဒေသခံများနှင့် ခရီးသွားလူငယ်များ ၇၀ ကျော်ကို ရှောင်တခင်စစ်ဆေးကာ ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရသူများကို MNDAA က စစ်မှုထမ်းခိုင်းရန် သိန္နီသို့ နေ့ချင်း ခေါ်ဆောင်သွားခဲ့ပြီး အချို့ကိုသာ ပြန်လည်လွှတ်ပေးခဲ့ကာ အများစုမှာ တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ၎င်းထိန်းချုပ် နယ်မြေအတွင်း ကိုးကန့်မဟုတ်သည့် အခြားလူမျိုးများကိုပါ နည်းမျိုးစုံဖြင့် စစ်မှုထမ်းရန် လုပ်ဆောင်နေပြီး သားသမီး ထွက်ပြေးပါက မိဘများကို ဖမ်းဆီးထားခြင်းများလည်း ပြုလုပ်နေသည်။

#MeKongNews
#မူးယစ်ဆေး
#ဒေသခံများ
#တပ်သားသစ်
#ကိုးကန့်တပ်ဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now