နိုင်ငံတကာသတင်း

ဘန်ကောက်တွင် မိုးသက်လေပြင်းကြောင့် ဓာတ်တိုင် ၄၀ ခန့် လဲပြို၊ လျှပ်စစ်မီးနှင့် အင်တာနက် ပြတ်တောက်နေ

မဲခေါင် 26 Jun - 2026
မဲခေါင်၊ ဇွန် ၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ကရာဗန်းခရိုင်အတွင်းရှိ ချာလောင်ကရွန်လမ်းပေါ်တွင် ယနေ့ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်တိုင် ၄၀ ခန့် လဲပြိုခဲ့ပြီး၊ ယင်းဒေသတစ်ခုလုံးတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ ညနေ ၅ နာရီခွဲဝန်းကျင်တွင် ယင်းဖြစ်ပွားခဲ့ပြီး ချာလောင်ကရွန်လမ်းပေါ်ရှိ လမ်းသွယ် ၃၁ နှင့် ၅၇ အကြား ၂ ကီလိုမီတာခန့် ရှည်လျားသော လမ်းပိုင်းကို ထိခိုက်ခဲ့ကြောင်း လတ်ကရာဗန်းခရိုင် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်သည်။ ဓာတ်တိုင်များသည် လမ်း၏ဝဲယာနှစ်ဖက်စလုံးတွင် လဲပြိုကျခဲ့သဖြင့် လမ်းကြောင်းတစ်ခုလုံး လုံးဝဖြတ်သန်း၍ မရအောင် ပိတ်ဆို့သွားခဲ့သည်။ ဒေသခံမျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပြင်းထန်သော လေဆင်နှာမောင်းသဏ္ဌာန် လေဝဲကြီးတစ်ခု ထိုဧရိယာအတွင်း

မဲခေါင်၊ ဇွန် ၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ကရာဗန်းခရိုင်အတွင်းရှိ ချာလောင်ကရွန်လမ်းပေါ်တွင် ယနေ့ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်တိုင် ၄၀ ခန့် လဲပြိုခဲ့ပြီး၊ ယင်းဒေသတစ်ခုလုံးတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

ညနေ ၅ နာရီခွဲဝန်းကျင်တွင် ယင်းဖြစ်ပွားခဲ့ပြီး ချာလောင်ကရွန်လမ်းပေါ်ရှိ လမ်းသွယ် ၃၁ နှင့် ၅၇ အကြား ၂ ကီလိုမီတာခန့် ရှည်လျားသော လမ်းပိုင်းကို ထိခိုက်ခဲ့ကြောင်း လတ်ကရာဗန်းခရိုင် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်သည်။

ဓာတ်တိုင်များသည် လမ်း၏ဝဲယာနှစ်ဖက်စလုံးတွင် လဲပြိုကျခဲ့သဖြင့် လမ်းကြောင်းတစ်ခုလုံး လုံးဝဖြတ်သန်း၍ မရအောင် ပိတ်ဆို့သွားခဲ့သည်။

ဒေသခံမျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပြင်းထန်သော လေဆင်နှာမောင်းသဏ္ဌာန် လေဝဲကြီးတစ်ခု ထိုဧရိယာအတွင်း ဖြတ်သန်းတိုက်ခတ်သွားပြီး ဓာတ်တိုင်များကို လဲပြိုစေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကိုးကားဖော်ပြသည်။

ထို့ပြင် နေအိမ်အများအပြား အမိုးများလန်ထွက်ပျက်စီးခဲ့ကာ ယာဉ်အစီးရေ ၃၀ ခန့်လည်း ထိခိုက်ပျက်စီးခဲ့ရပြီး၊ အနည်းဆုံး ၂ ဦးမှာ ၎င်းတို့၏ ကားများအတွင်း ပိတ်မိနေခဲ့ကြောင်း သိရသည်။

မျက်မြင်များ၏ ပြောပြချက်အရ ဆီဒင်အမျိုးအစား ကိုယ်ပိုင်အစီးငယ်တစ်စီးမှာ လဲပြိုကျလာသည့် လျှပ်စစ်ဓာတ်တိုင်ကြောင့် ကားရှေ့ပိုင်း ကြေမွပျက်စီးသွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ကားအတွင်း၌ ပိတ်မိနေခဲ့ကြောင်း သိရသည်။

ရူအမ်ကတညုဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးသမားများနှင့် ဒေသခံပြည်သူများသည် ဖြတ်တောက်ရေးကိရိယာများကို အမြန်ယူဆောင်ကာ သည်းထန်စွာ ရွာသွန်းနေသည့် မိုးထဲရေထဲ၌ အချိန်နှင့်လု၍ သွားရောက်ကူညီခဲ့ကြသည်။

ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်ပွားရာနေရာ၌ ဒဏ်ရာရရှိသူ ၃ ဦးကို ရှေးဦးသူနာပြုစုခြင်းများ ပြုလုပ်ပေးခဲ့ပြီးနောက် အနီးရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ယခုဖြစ်စဉ်ကြောင့် လူသေဆုံးမှုရှိကြောင်း သတင်းထုတ်ပြန်ချက် မရှိသေးပေ။

အိမ်ခြေနှင့် စီးပွားရေးလုပ်ငန်း ရာပေါင်းများစွာတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုဒဏ်ကို ရင်ဆိုင်နေရသဖြင့် မြို့တော်လျှပ်စစ်အာဏာပိုင်အဖွဲ့မှ ဝန်ထမ်းများသည် လဲပြိုကျနေသည့် ဓာတ်တိုင်များနှင့် လျှပ်စစ်ကေဘယ်ကြိုးများကို ဖယ်ရှားကာ လျှပ်စစ်မီး ပြန်လည်ရရှိစေရန် အချိန်လု ကြိုးပမ်းနေကြသည်။

Ref:Bangkok Post
#MeKongNews
#ဘန်ကောက်
#မိုးသက်လေပြင်း
#ဓာတ်တိုင်
#လဲပြို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now