နိုင်ငံတကာသတင်း

ဘန်ကောက်တွင် မိုးသက်လေပြင်းကြောင့် ဓာတ်တိုင် ၄၀ ခန့် လဲပြို၊ လျှပ်စစ်မီးနှင့် အင်တာနက် ပြတ်တောက်နေ

မဲခေါင် 26 Jun - 2026
မဲခေါင်၊ ဇွန် ၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ကရာဗန်းခရိုင်အတွင်းရှိ ချာလောင်ကရွန်လမ်းပေါ်တွင် ယနေ့ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်တိုင် ၄၀ ခန့် လဲပြိုခဲ့ပြီး၊ ယင်းဒေသတစ်ခုလုံးတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ ညနေ ၅ နာရီခွဲဝန်းကျင်တွင် ယင်းဖြစ်ပွားခဲ့ပြီး ချာလောင်ကရွန်လမ်းပေါ်ရှိ လမ်းသွယ် ၃၁ နှင့် ၅၇ အကြား ၂ ကီလိုမီတာခန့် ရှည်လျားသော လမ်းပိုင်းကို ထိခိုက်ခဲ့ကြောင်း လတ်ကရာဗန်းခရိုင် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်သည်။ ဓာတ်တိုင်များသည် လမ်း၏ဝဲယာနှစ်ဖက်စလုံးတွင် လဲပြိုကျခဲ့သဖြင့် လမ်းကြောင်းတစ်ခုလုံး လုံးဝဖြတ်သန်း၍ မရအောင် ပိတ်ဆို့သွားခဲ့သည်။ ဒေသခံမျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပြင်းထန်သော လေဆင်နှာမောင်းသဏ္ဌာန် လေဝဲကြီးတစ်ခု ထိုဧရိယာအတွင်း

မဲခေါင်၊ ဇွန် ၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ကရာဗန်းခရိုင်အတွင်းရှိ ချာလောင်ကရွန်လမ်းပေါ်တွင် ယနေ့ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်တိုင် ၄၀ ခန့် လဲပြိုခဲ့ပြီး၊ ယင်းဒေသတစ်ခုလုံးတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

ညနေ ၅ နာရီခွဲဝန်းကျင်တွင် ယင်းဖြစ်ပွားခဲ့ပြီး ချာလောင်ကရွန်လမ်းပေါ်ရှိ လမ်းသွယ် ၃၁ နှင့် ၅၇ အကြား ၂ ကီလိုမီတာခန့် ရှည်လျားသော လမ်းပိုင်းကို ထိခိုက်ခဲ့ကြောင်း လတ်ကရာဗန်းခရိုင် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်သည်။

ဓာတ်တိုင်များသည် လမ်း၏ဝဲယာနှစ်ဖက်စလုံးတွင် လဲပြိုကျခဲ့သဖြင့် လမ်းကြောင်းတစ်ခုလုံး လုံးဝဖြတ်သန်း၍ မရအောင် ပိတ်ဆို့သွားခဲ့သည်။

ဒေသခံမျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပြင်းထန်သော လေဆင်နှာမောင်းသဏ္ဌာန် လေဝဲကြီးတစ်ခု ထိုဧရိယာအတွင်း ဖြတ်သန်းတိုက်ခတ်သွားပြီး ဓာတ်တိုင်များကို လဲပြိုစေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကိုးကားဖော်ပြသည်။

ထို့ပြင် နေအိမ်အများအပြား အမိုးများလန်ထွက်ပျက်စီးခဲ့ကာ ယာဉ်အစီးရေ ၃၀ ခန့်လည်း ထိခိုက်ပျက်စီးခဲ့ရပြီး၊ အနည်းဆုံး ၂ ဦးမှာ ၎င်းတို့၏ ကားများအတွင်း ပိတ်မိနေခဲ့ကြောင်း သိရသည်။

မျက်မြင်များ၏ ပြောပြချက်အရ ဆီဒင်အမျိုးအစား ကိုယ်ပိုင်အစီးငယ်တစ်စီးမှာ လဲပြိုကျလာသည့် လျှပ်စစ်ဓာတ်တိုင်ကြောင့် ကားရှေ့ပိုင်း ကြေမွပျက်စီးသွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ကားအတွင်း၌ ပိတ်မိနေခဲ့ကြောင်း သိရသည်။

ရူအမ်ကတညုဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးသမားများနှင့် ဒေသခံပြည်သူများသည် ဖြတ်တောက်ရေးကိရိယာများကို အမြန်ယူဆောင်ကာ သည်းထန်စွာ ရွာသွန်းနေသည့် မိုးထဲရေထဲ၌ အချိန်နှင့်လု၍ သွားရောက်ကူညီခဲ့ကြသည်။

ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်ပွားရာနေရာ၌ ဒဏ်ရာရရှိသူ ၃ ဦးကို ရှေးဦးသူနာပြုစုခြင်းများ ပြုလုပ်ပေးခဲ့ပြီးနောက် အနီးရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ယခုဖြစ်စဉ်ကြောင့် လူသေဆုံးမှုရှိကြောင်း သတင်းထုတ်ပြန်ချက် မရှိသေးပေ။

အိမ်ခြေနှင့် စီးပွားရေးလုပ်ငန်း ရာပေါင်းများစွာတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုဒဏ်ကို ရင်ဆိုင်နေရသဖြင့် မြို့တော်လျှပ်စစ်အာဏာပိုင်အဖွဲ့မှ ဝန်ထမ်းများသည် လဲပြိုကျနေသည့် ဓာတ်တိုင်များနှင့် လျှပ်စစ်ကေဘယ်ကြိုးများကို ဖယ်ရှားကာ လျှပ်စစ်မီး ပြန်လည်ရရှိစေရန် အချိန်လု ကြိုးပမ်းနေကြသည်။

Ref:Bangkok Post
#MeKongNews
#ဘန်ကောက်
#မိုးသက်လေပြင်း
#ဓာတ်တိုင်
#လဲပြို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတလျှောက် ဂိတ်ပေါင်း ၄၀ ထက်မနည်းရှိ

မဲခေါင်၊ စက်တင်ဘာ ၂၂ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတလျှောက် နယ်စပ်ကုန်သွယ်ရေးဂိတ်၊ အခွန်ကောက်ခံသည့်ဂိတ်နှင့် စစ်ဆေးရေးဂိတ် စုစုပေါင်း ၄၀ ထက်မနည်းရှိသည်ဟု စက်တင်ဘာလထုတ်
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ရာဘာစက်ရုံမှ အနံ့ဆိုး ပတ်ဝန်းကျင်နေထိုင်သူများ ခံစားနေရ

မဲခေါင်၊ စက်တင်ဘာ ၂၂ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ အေးရိပ်မြိုင်လမ်းရှိ ရာဘာစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးများကြောင့် အနီးဝန်းကျင်ကျေးရွာများနှင့် တာချီလိတ်မြို့ပေါ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရားမဝင် တရုတ် ၂၆ ဦးကို နယ်စပ်ဂိတ်မှတဆင့် “ဝ”တပ်ဖွဲ့ ပြန်ပို့

မဲခေါင်၊ စက်တင်ဘာ ၂၂ “ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၆ ဦးကို နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ထပ်မံလွဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့- UWSA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ ယခု လွဲပြောင်းပေးလိုက်သည့် တရားမဝင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် ငွေကျပ် သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မဲခေါင်၊ စက်တင်ဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ငွေကျပ် သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၇ ရက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကြက်ဥတစ်လုံး အရွယ်အစားပေါ်မူတည်ပြီး ၄ ဘတ်မှ ၅ ဘတ် အထိသာဈေးရှိ၊ ထိုင်းသတင်းများတွင် ၁၅ ဘတ်အထိတက်သည်ဟု ရေးသားမှုများ မမှန်ကြောင်း ဒေသခံများ တုံ့ပြန်

မဲခေါင်၊ စက်တင်ဘာ ၂၁ တာချီလိတ် တံတား (၁)မှ စားသောက်ကုန်နှင့် လူသုံးကုန်များကို သုံးဘီးနှင့် ယာဉ်ငယ်များဖြင့် တင်သွင်းမှုကို ဖမ်းဆီးနေသော်လည်း ကြက်ဥတစ်လုံးဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်ပြီး ၄ဘတ်မှ ၅ဘတ်ကြားဈေးနှုန်းဖြင့် ဝယ်ယူရရှိနေကြောင်း ဒေသခံများက မဲခေါင်သို့ပြောသည်။ ထိုင်းသတင်းဌာနအချို့တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လောက်ကိုင်တွင် လိင်ဝန်ဆောင်မှုယူပြီး ငွေမပေးဟုဆိုကာ အမျိုးသားတစ်ဦး ဝိုင်းဝန်းရိုက်နှက်ခံရ

မဲခေါင်၊ စက်တင်ဘာ ၂၁ ကိုးကန့်အထူးဒေသ(၁)၊ လောက်ကိုင်မြို့၊ ကုန်းကြမ်းလမ်းရှိ လိင်ဖျော်ဖြေရေးဂေဟာတစ်ခုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးအချို့အကြား ငွေကြေးဆိုင်ရာ အငြင်းပွားမှုဖြစ်ပွားပြီး ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ သတင်းရင်းမြစ်၏ အဆိုအရ ယမန်နေ့ စက်တင်ဘာ ၂၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ဥဒုံဌာနီတွင် တိုက်ကြက် ၂၅ ကောင်ပျောက်ဆုံးမှု တရားခံအဖြစ် ၃ မီတာရှည်သော စပါးအုံးမြွေကြီး ဖမ်းမိ

မဲခေါင်၊ စက်တင်ဘာ ၂၁ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီခရိုင်၊ နောင်ဆမ်ရောင်းလမ်းရှိ နေအိမ်တစ်လုံး၌ မွေးထားသည့်တိုက်ကြက် ၂၅ ကောင်အထိ ပျောက်ဆုံးနေသည်ကို အိမ်ရှင်ကသံသယများစွာ ရှိနေချိန် စက်တင်ဘာ ၂၀ ရက်က တရားခံအဖြစ် ၃ မီတာ ရှည်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် ရပ်ကွက်နှင့် နယ်မြေအလိုက် စစ်မှုထမ်းကောက်ယူရန် ထပ်မံညွှန်ကြားမှုရှိနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ရပ်ကွက်နယ်မြေအလိုက် စစ်မှုထမ်းကောက်ယူရန် ထပ်မံညွှန်ကြားမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယခင်က ရပ်ကွက်မှာ စစ်မှုထမ်းကြေး စုပေါင်းပေးဆောင်ရမှုများရှိခဲ့သော်လည်း ယခုတွင် လူကိုရအောင်သာ ဆွဲခိုင်းသည်များရှိလာကြောင်း မြို့ခံတစ်ဦးက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now