နေ့စဥ်သတင်း

ပင်းတယ၊ စံသီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရ

မဲခေါင် 14 Jun - 2026
မဲခေါင်၊ ဇွန် ၁၄ ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ပင်းတယမြို့နယ်၊စံသီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဇောကို ယမန်နေ့ညပိုင်းက အမည်မသိလူတစ်စုက လာရောက်သတ်ဖြတ်သွားကြောင်း သိရသည်။ ယမန်နေ့ ဇွန် ၁၃ရက် ညပိုင်းတွင် စံသီးကုန်းကျေးရွာရှိ နေအိမ်တွင် ရှိနေသည့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇောအား အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက် သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကာ မည်သည့်အဖွဲ့အစည်းက မည်သည့် အကြောင်းအရင်းကြောင့် ယခုကဲ့သို့ လာရောက်လုပ်ဆောင်သွားသည်ကိုမူ တိတိကျကျ မသိရသေးပေ။ “ဘယ်သူက ဘာကြောင့် သတ်သွားမှန်း မသိရတော့ အားလုံးက လန့်နေကြတယ်။အုပ်ချုပ်ရေးပိုင်းတင်မကဘူး အရပ်သားတွေပါအသတ်ခံရတာတွေ ခဏခဏ ရှိနေတော့ စိုးရိမ်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယခုနှစ်ပိုင်းအတွင်း ဓနုကိုယ်ပိုင်ဒေသ ပင်းတယနှင့်ရွာငံမြို့နယ်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အရပ်သားများပါ သတ်ဖြတ်ခံရသည့်

မဲခေါင်၊ ဇွန် ၁၄

ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ပင်းတယမြို့နယ်၊စံသီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဇောကို ယမန်နေ့ညပိုင်းက အမည်မသိလူတစ်စုက လာရောက်သတ်ဖြတ်သွားကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၁၃ရက် ညပိုင်းတွင် စံသီးကုန်းကျေးရွာရှိ နေအိမ်တွင် ရှိနေသည့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇောအား အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက် သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကာ မည်သည့်အဖွဲ့အစည်းက မည်သည့် အကြောင်းအရင်းကြောင့် ယခုကဲ့သို့ လာရောက်လုပ်ဆောင်သွားသည်ကိုမူ တိတိကျကျ မသိရသေးပေ။

“ဘယ်သူက ဘာကြောင့် သတ်သွားမှန်း မသိရတော့ အားလုံးက လန့်နေကြတယ်။အုပ်ချုပ်ရေးပိုင်းတင်မကဘူး အရပ်သားတွေပါအသတ်ခံရတာတွေ ခဏခဏ ရှိနေတော့ စိုးရိမ်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ်ပိုင်းအတွင်း ဓနုကိုယ်ပိုင်ဒေသ ပင်းတယနှင့်ရွာငံမြို့နယ်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အရပ်သားများပါ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ ခပ်စိပ်စိပ် ဖြစ်ပွားလာနေသည်။

ပြီးခဲ့သည့် မေ ၂၀ ရက်၊ နံနက် ၂ နာရီခန့်တွင်လည်း ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာနေ ကိုထိန်ဦးနှင့် ဦးခန့်ထက်ဇော် ဆိုသူတို့ကို ၎င်းတို့နေအိမ်များ၌ အမည်မသိ လက်နက်ကိုင်များက သေနတ်များဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သေးသည်။

ထို့ပြင် ပြီးခဲ့သည့် မေ ၁၈ ရက်က မြိုင်မှ ဦးအောင်ကြီး၊မေ ၁၃ ရက်က ဈေးတန်းရပ်ကွက်၊ မြနန္ဒာလမ်းနေ ဦးဆန်းလွင်ထူးနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဆွေအိမ်သီ(ခ)မစန်းထူး ၊မေ ၂ ရက် ညပိုင်းက ရွာငံမြို့နယ်၊ ငါးဆူကျေးရွာနေ ဒေါ်ခိုင်ချို ဆိုသူတို့ကိုလည်း အမည်မသိအဖွဲ့များက လာရောက် သတ်ဖြတ်ခဲ့သေးသည်။

ယင်းဒေသများအတွင်း ဓနုပြည်နယ်အမျိုး သားကာကွယ်ရေးတပ်တော် – DSNDA၊ အမှတ် – ၁၀၀၃ ဓနု PDF၊ DPLA တို့ လှုပ်ရှားနေပြီးယခုလို သတ်ဖြတ်မှုများကို မည်သည့်အဖွဲ့က လုပ်ဆောင် သည်ဟု ထုတ်ပြန်ကြေညာခြင်း မရှိသကဲ့သို့ ဖော်ထုတ်နိုင်ခြင်းလည်း မရှိခဲ့ပေ။

#MeKongNews
#ပင်းတယ
#စံသီးကုန်းကျေးရွာ
#အုပ်ချုပ်ရေးမှူး
#အသတ်ခံရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now