မဲခေါင်၊ မေ ၂၀
မနှစ်က နှစ်ကုန်ပိုင်းတွင် တရုတ်သည် ယူကရိန်းသို့ သွားတိုက်ခိုက်မည့် ရုရှားစစ်သည် ၂၀၀ ကို နိုင်ငံအတွင်း ခေါ်ယူကာ လျှို့ဝှက်လေ့ကျင့်ပေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက မေ ၁၉ ရက်တွင် ဖော်ပြသွားခဲ့သည်။
သတင်းရင်းမြစ်မှာ ဥရောပထောက်လှမ်းရေးဌာန ၃ ခုမှ ရရှိသည့် အချက်အလက်များကြောင့်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်က ရုရှားနှင့် တရုတ်တို့ ထိပ်တန်း စစ်ဘက်အရာရှိများကို အပြန်အလှန် ခေါ်ယူကာ သင်တန်းပေးသွားရမည်ဆိုသော သဘောတူညီချက်ကြောင့်လည်း ယခုလို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရိုက်တာက ဆိုသည်။
တရုတ်သည် ရုရှားစစ်ဘက် အကြီးတန်းအရာရှိ ၂၀၀ ကို ပေကျင်းနှင့် နန်ကျင်းမြို့တို့သို့ ခေါ်ယူလေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ကာ ရုရှားသို့လည်း မကြာမီ တရုတ် စစ်ဘက်အကြီးတန်းအရာရှိများစွာ တစ်ကျော့ပြန် သွားရောက် လေ့ကျင့်မည်ဟု သိရသည်။
တရုတ်နှင့် ရုရှားတို့ ယင်းသဘောတူညီချက်နှင့်ပတ်သက်ပြီး မည်သည့် သတင်းမီဒီယာတွင်မှ မဖော်ပြရန်၊ မည်သည့် တတိယကြားခံလူကမှ မထုတ်ပြန်ရဟု သဘောတူထားကြကြောင်း၊ တရုတ်သို့ လာရောက်သည့် ရုရှားစစ်သည်များကို ဒရုန်းစစ်ရေးနည်းပညာ၊ အီလက်ထရောနစ်စနစ်ပိုင်းဆိုင်ရာ စစ်ရေးနည်းပညာ၊ လေတပ်နည်းပညာ၊ စက်ယန္တရားသုံး ခြေလျင်စစ်ဆင်ရေး ပညာရပ်များ သင်ယူပြီး ယူကရိန်းစစ်မြေပြင်သို့ သွားရောက် အသုံးချကြကြောင်းလည်း ရိုက်တာက ဖော်ပြခဲ့သည်။
တရုတ်စစ်ဘက်ဆိုင်ရာ အရာရှိများသည် ၂၀၂၄ ခုနှစ်ကတည်းက ရုရှားသို့ သွားရောက်ပြီး ပေကျင်းနှင့် မော်စကို အကြား သာလွန်သော နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှုအဆင့်ဖြင့် လေ့ကျင့်မှုများ သွားရောက် ပူးပေါင်းလုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟုလည်း ဥရောပထောက်လှမ်း ရေး အေဂျင်စီတစ်ခုမှ ရရှိခဲ့သည်။
ကိုကလင်း
Ref: united24media
#MeKongNews
#ယူကရိန်း
#ရုရှားစစ်သည်
#တရုတ်
#လျှို့ဝှက်
#လေ့ကျင့်








