ကမ္ဘာ့သတင်း

အလွန်စိတ်ဝင်စားစရာ ဂြိုဟ်သား နှင့် UFO ဆိုင်ရာမှတ်တမ်းများ အမြန်ဆုံး ချပြမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု

မဲခေါင် 1 May - 2026
မဲခေါင်၊ မေ ၁ အစိုးရ ရရှိထားသည့် ဂြိုဟ်သားနှင့် UFO ဆိုင်ရာ အထောက်အထား မှတ်တမ်းများကို မကြာမီ အများသိ အမြန်ဆုံး ချပြသွားမည်ဟု လကမ္ဘာပေ ါ်သွားခဲ့သည့် Artemis II အာကာသယာဉ်မစ်ရှင်နှင့် ပတ်သက်ပြီး ဧပြီ ၂၉ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံပွဲ ပြုလုပ်ရာ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကတိပြု ပြောကြားခဲ့သည်။ အမေရိကန်စစ်ရေးဌာန (DoW) သည် နှစ်ပေါင်းများစွာအတွင်း ကောင်းကင်ပြင်၌ အမျိုးအမည် မသိလေ ကြောင်းဖြစ်စဉ်များ (UAPs) နှင့် အမျိုးအမည်မသိ ပျံသန်းနေသော အရာ၀တ္ထုများ (UFOs) မှတ်တမ်းများကို လျှို့ဝှက်စွာ သိမ်းဆည်းထားခြင်းအား ယနေ့ ထုတ်ဖော်ပြသရန် နိုင်ငံရေးအသိုင်းအဝိုင်းကပါ

မဲခေါင်၊ မေ ၁

အစိုးရ ရရှိထားသည့် ဂြိုဟ်သားနှင့် UFO ဆိုင်ရာ အထောက်အထား မှတ်တမ်းများကို မကြာမီ အများသိ အမြန်ဆုံး ချပြသွားမည်ဟု လကမ္ဘာပေ ါ်သွားခဲ့သည့် Artemis II အာကာသယာဉ်မစ်ရှင်နှင့် ပတ်သက်ပြီး ဧပြီ ၂၉ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံပွဲ ပြုလုပ်ရာ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကတိပြု ပြောကြားခဲ့သည်။

အမေရိကန်စစ်ရေးဌာန (DoW) သည် နှစ်ပေါင်းများစွာအတွင်း ကောင်းကင်ပြင်၌ အမျိုးအမည် မသိလေ ကြောင်းဖြစ်စဉ်များ (UAPs) နှင့် အမျိုးအမည်မသိ ပျံသန်းနေသော အရာ၀တ္ထုများ (UFOs) မှတ်တမ်းများကို လျှို့ဝှက်စွာ သိမ်းဆည်းထားခြင်းအား ယနေ့ ထုတ်ဖော်ပြသရန် နိုင်ငံရေးအသိုင်းအဝိုင်းကပါ တောင်းဆိုနေခဲ့ရာ ဖေဖော်ဝါရီ လကတည်းက မှတ်တမ်းများကို ထုတ်ဖော်ပြသသွားမည်ဟု ဒေါ်နယ်ထရမ့်က ကတိပေးခဲ့ပြီး မြင်တွေ့သူများ၏ ပြောစကားများပင်ပါသည့် ဗီဒီယိုမှတ်တမ်းများလည်း ပါမည်ဖြစ်ကာ မယုံကြည်နိုင်လောက်သည့်အရာများ မြင်တွေ့ရလိမ့်မည်ဟု ထရမ့်က ထပ်မံပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မကြာတော့ပါဘူး။ မှတ်တမ်းတွေကို ထုတ်ပြဖို့ စစ်ရေးဌာန အကြီးအကဲ ပိ(တ်)ဟက်ဂ်ဆက်ကို ပြောထားပြီးသားပါ။ ဒီနှစ်ထဲမှာကို ထုတ်ပြန်မှာပါ။ တချို့အရာတွေက လူတွေ မယုံနိုင်လောက်အောင်ကို အရမ်းစိတ်ဝင်စားကြမယ့် ဖြစ်စဉ်တွေပါ” ဟု ၎င်းက ပြောခဲ့သည်။

ထို့နောက် Truth Social လူမှုကွန်ရက်တွင်လည်း ဂြိုဟ်သားနှင့် လူသားမဟုတ်သော သက်ရှိများ၊ UAP များနှင့် UFO များဆိုင်ရာ မျတ်တမ်းများသည် အလွန်ရှုပ်ထွေးကာ အလွန်စိတ်ဝင်စားဖွယ် ကောင်းကြောင်း၊ ထိုအရေးကြီးသော ကိစ္စရပ်များနှင့် ဆက်စပ်နေသော အခြားအချက်အလက် အားလုံးကို ဖော်ထုတ်ပြသသွားရန် လုပ်ငန်းစဉ်များ လုပ်ဆောင်နေပြီဟု ထပ်မံရေးတင်သွားခဲ့သည်။

ဧပြီလဆန်းပိုင်းကတည်းက အမေရိကန် လွှတ်တော်အမတ်များသည် ဂြိုဟ်သားများဟု ထင်ရသည့် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ရုပ်သံဖိုင် ၄၆ ခုကို လူသိရှင်ကြား ထုတ်ပြန်သွားရန် တောင်းဆိုခဲ့ကြသေးပြီး ဧပြီ ၁ ရက်တွင် ထရမ့်သည် ပိ(တ်)ဟက်ဂ်ဆက်ကို ထိုမှတ်တမ်းများ ထုတ်ပြသွားရန် လက်မှတ်ရေးထိုးကာ စာပို့အမိန့်ပေးခဲ့သည်။

စစ်ရေးဌာန အတွင်းလူများက ယင်းဗီဒီယိုများတွင် ကိုလံဘတ်စ်အိုဟိုင်းအိုးလေဆိပ်နှင့် ပါရှန်ပင်လယ်တွေ့ ဒေသများ၏ ကောင်းကင်ယံ၌ အလွန် အံ့အားသင့်ဖွယ်ရာ UAPs များစွာကို မှတ်တမ်းများတွင် မြင်တွေ့ရကြောင်း၊ ထိုအနေအထားသည် အမေရိကန်နိုင်ငံ လုံခြုံရေးအတွက် စိုးရိမ်ရသည့် မြင်ကွင်းများ ဖြစ်နေကြောင်း ပြောဆိုခဲ့သည်။

အမေရိကန် သမ္မတဟောင်း အိုဘားမားသည်လည်း အင်တာဗျူးတစ်ခုတွင် ဂြိုဟ်သားများ တကယ် ရှိနေနိုင်သည်မှာ ဖြစ်နိုင်ကြောင်းနှင့် ၎င်းကိုယ်တိုင်က မမြင်တွေ့ဖူးသေးကြောင်း၊ သမ္မတကိုပင် ထိုကိစ္စများ ပေးမသိစေရန် စုပေါင်းဖုံးကွယ်မှုမျိုး မဖြစ်သင့်ဟု ပြောဆိုခဲ့ပြီးနောက် လက်ရှိသမ္မတ ထရမ့်က အမြန်ဆုံး ထိုအရေး ထုတ်ပြန်အသိပေးမည်ဟု ပြောလာခဲ့ခြင်း ဖြစ်သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဂြိုဟ်သား
#UFO
#ဒေါ်နယ်ထရမ့်
#ကတိပြု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now