နိုင်ငံတကာသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ခံဝန်ဖြင့် မေလတွင် ပြန်လွတ်မည်

မဲခေါင် 30 Apr - 2026
မဲခေါင်၊ ဧပြီ ၃၀ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှာနာဝပ်သည် လာမည့် မေ ၁၁ ရက်တွင် ပြစ်ဒဏ်ကာလ ကုန်ဆုံးသည်အထိ အီလက်ထရွန်းနစ်ခြေရာခံကိရိယာ ဝတ်ဆင်ထားရမည့် ခံဝန်ဖြင့် ပြန်လည် လွတ်မြောက်လာရန် သေချာနေပြီ ဖြစ်သည်။ ၎င်းသည် အသက် ၇၀ နှစ်နှင့်အထက် ဖြစ်နေခြင်း၊ ကျန်ရှိသော ပြစ်ဒဏ်ကာလမှာ တစ်နှစ်အောက်သာ ရှိတော့ခြင်း၊ ပြန်လည် ပြုပြင်ပြောင်းလဲရေးနှင့် အပြုအမူပိုင်းဆိုင်ရာ ကောင်းမွန်လာစေရန် လေ့ကျင့်မှုများကို ခံယူခဲ့ပြီးနောက် ၎င်း၏ သဘောထားနှင့် အပြုအမူများမှာ အကောင်းဘက်သို့ ပြောင်းလဲလာမည်ဟု ယုံကြည်ရခြင်းတို့ကြောင့် ခံဝန်ဖြင့် ပြန်လည်လွှတ်ပေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီရခြင်း ဖြစ်သည်။ ထို့ပြင် ပြစ်မှု ထပ်မံကျူးလွန်နိုင်ခြေ အလွန်နည်းပါးသည်ဟု သုံးသပ်ခြင်းတို့ကြောင့်လည်း ဖြစ်သည်။

မဲခေါင်၊ ဧပြီ ၃၀

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှာနာဝပ်သည် လာမည့် မေ ၁၁ ရက်တွင် ပြစ်ဒဏ်ကာလ ကုန်ဆုံးသည်အထိ အီလက်ထရွန်းနစ်ခြေရာခံကိရိယာ ဝတ်ဆင်ထားရမည့် ခံဝန်ဖြင့် ပြန်လည် လွတ်မြောက်လာရန် သေချာနေပြီ ဖြစ်သည်။

၎င်းသည် အသက် ၇၀ နှစ်နှင့်အထက် ဖြစ်နေခြင်း၊ ကျန်ရှိသော ပြစ်ဒဏ်ကာလမှာ တစ်နှစ်အောက်သာ ရှိတော့ခြင်း၊ ပြန်လည် ပြုပြင်ပြောင်းလဲရေးနှင့် အပြုအမူပိုင်းဆိုင်ရာ ကောင်းမွန်လာစေရန် လေ့ကျင့်မှုများကို ခံယူခဲ့ပြီးနောက် ၎င်း၏ သဘောထားနှင့် အပြုအမူများမှာ အကောင်းဘက်သို့ ပြောင်းလဲလာမည်ဟု ယုံကြည်ရခြင်းတို့ကြောင့် ခံဝန်ဖြင့် ပြန်လည်လွှတ်ပေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီရခြင်း ဖြစ်သည်။

ထို့ပြင် ပြစ်မှု ထပ်မံကျူးလွန်နိုင်ခြေ အလွန်နည်းပါးသည်ဟု သုံးသပ်ခြင်းတို့ကြောင့်လည်း ဖြစ်သည်။

ယခုမှစ၍ ၁၁ ရက်အကြာတွင် ဖွေထိုင်းပါတီ၏ အဓိပတိ သက်ဆင်သည် အကျဉ်းထောင်ပြင်ပတွင် လွတ်လပ်ခွင့်ကို ပြန်လည်ရရှိတော့မည်ဖြစ်သော်လည်း နောက်ထပ် လေးလကြာသည်အထိ ခံဝန်စောင့်ကြည့်မှုအောက်တွင် ရှိနေဦးမည် ဖြစ်သည်။

၎င်းသည် ယခုနှစ် စက်တင်ဘာ ၉ ရက်တွင်မှ ကျခံထားရသော တစ်နှစ်ထောင်ဒဏ်မှ အပြီးတိုင် လွတ်မြောက်မည်ဟု မျှော်လင့်ရသည်။

ထိုသတင်းကောင်းသည် ဖွေထိုင်းနှင့် သက်ဆင်ကို ထောက်ခံသော ရှပ်နီအဖွဲ့ဝင်များအတွက် လာမည့် မေလ ၁၀ ရက်မှ ၁၁ ရက်အတွင်း ကျင်းပရန် ပြင်ဆင်ထားသည့် အခမ်းအနားကြီးနှင့်လည်း တိုက်ဆိုင်နေသည်။

ဖွေထိုင်းဘက်တော်သား ရှပ်နီထောက်ခံသူများအကြား ပျံ့နှံ့နေသော အချက်အလက်များအရ မေ ၁၁ ရက် နံနက်ပိုင်းတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် အကျဉ်းထောင်မှ ထွက်လာမည်ကို ကြိုဆိုရန် မေ ၁၀ ရက် နေ့လယ် ၂ နာရီမှစတင်၍ ညနေပိုင်းအထိ စင်များဆောက်လုပ်ကာ ဂုဏ်ပြုပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဆင်၏ ခံဝန်လွတ်မြောက်ခွင့်သည် အခြေခံမူများ၊ လူ့ဂုဏ်သိက္ခာ၊ နိုင်ငံသားဖြစ်မှု အခွင့်အရေးနှင့် တရားစီရင်ရေး ထုံးတမ်းစဉ်လာရှိ အထူးလွတ်ငြိမ်းချမ်းသာခွင့် မူဝါဒတို့နှင့် ကိုက်ညီသည့်အတွက် ၎င်းအနေဖြင့် သဘောတူကြောင်း အယူခံတရားရုံး တရားသူကြီးချုပ်ဟောင်း ဆူရော့ချန်သရာဖီထပ်က ပြောကြားခဲ့သည်။

“၂၀၀၆ ခုနှစ်ကတည်းက စီရင်ချက်တွေအရ ဝန်ကြီးချုပ် သက်ဆင်ရရှိခဲ့တဲ့ အကျိုးဆက်တွေဟာ လက်တွေ့ကျတဲ့ ဥပဒေစံနှုန်းတွေထက် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းတွေကို ပိုပြီး ထင်ဟပ်နေပါတယ်။ ဒါကြောင့် သူဟာ ဥပဒေကို လေးစားလိုက်နာပြီး ရလဒ်တွေကို လက်ခံခဲ့တာကြောင့် လူ့အဖွဲ့အစည်းအနေနဲ့ သူ့ကို အခွင့်အရေးတစ်ခု ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ထွက်ပေါ်ခဲ့သော စီရင်ချက်ကို သက်ဆင်အနေဖြင့် ထွက်ပြေး တိမ်းရှောင်ခြင်း မရှိဘဲ ရင်ဆိုင်ခဲ့ခြင်းသည် ၎င်း၏ စိတ်ဓာတ်နှင့် ပြတ်သားမှုကို ပြသနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိုင်းလူ့အဖွဲ့အစည်းအနေဖြင့် ၎င်းအပေါ် ထားရှိသော အစွဲအလမ်းများကို ကျော်လွှားသင့်ကြောင်း ဆူရော့က ထောက်ပြခဲ့သည်။

နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ သတင်းများအရ သက်ဆင်သည် လွတ်မြောက်ပြီးနောက် ချန်ဆောင်လား နေအိမ်တွင် ရှင်နာဝပ်ထရာ မိသားစုနှင့်အတူ အချိန်အနည်းငယ် ဖြတ်သန်းမည်ဖြစ်သည်။

ထို့နောက် သင့်တော်သည့်အချိန်တွင်မှ ဖွေထိုင်းပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏ လာရောက်တွေ့ဆုံ ဂါရဝပြုမှုကို လက်ခံသွားမည်ဟု မျှော်လင့်ရသည်။

မေ ၁၁ ရက်နောက်ပိုင်း ၎င်း၏ နိုင်ငံရေးအခန်းကဏ္ဍနှင့် ပတ်သက်၍မူ သက်ဆင်သည် ရှေ့တန်းမှပါဝင်မှုကို လျှော့ချသွားဖွယ်ရှိပြီး နိုင်ငံရေးအရ ချက်ချင်း လှုပ်ရှားမှုမျိုး ပြုလုပ်ရန် မရှိနိုင်ပေ။

အကြောင်းမှာ ၎င်းအနေဖြင့် ခံဝန်စည်းကမ်းချက်များကို လိုက်နာရမည် ဖြစ်သောကြောင့် ရဲဆေးရုံတွင် ရှိနေစဉ်ကာလကကဲ့သို့ မီဒီယာများရှေ့တွင် အတွေ့ရများမည်မဟုတ်ကြောင်း ခန့်မှန်းရသည်။

Ref: The Nation
#MeKongNews
#ထိုင်းဝန်ကြီးချုပ်ဟောင်း
#သက်ဆင်
#ခံဝန်
#ပြန်လွတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now