မဲခေါင်၊ ဧပြီ ၂၉
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၊ ရပ်ကွက် ၃ တွင် ဘုန်ကြီးမောင်းသည့်ကားက လမ်းလျှောက်သူများကို ဝင်တိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဧပြီ ၂၉ ရက် နံနက် ၆ နာရီခွဲတံင် ယင်းကားတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားတိုက်ခံရ၍ သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၆၀ ကျော်ရှိကာ ၎င်းကို ကားဖြင့်တိုက်မိသူ ဘုန်းကြီးကို ရဲများက ခေါ်ဆောင်သွားကြောင်း သိရသည်။
“ဘုန်းကြီးဘက်က မိသားစုကို နာရေးအတွက် ကျပ်သိန်း ၃၀၀ လာပေးထားတော့ မိသားစုက ကျေအေးမလား မသိရဘူး။ ဘယ်လိုအရေးယူ ဆောင်ရွက်သွားမယ် ဆိုတာကိုတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဘုန်းကြီးများ ကိုယ်တိုင် ကားမောင်းခြင်းများကို တားမြစ်ရန် မဟာသံဃနာယက ဆရာတော်အဖွဲ့က ပြီးခဲ့သည့် ဧပြီ ၃ ရက်ကပင် စာထုတ်ပြန်ထားသည်။
#MeKongNews
#တန့်ယန်း
#ဘုန်းကြီး
#ကားဝင်တိုက်
#တစ်ဦးသေ








