နေ့စဥ်သတင်း

ထိုင်းတွင် ဆည်ရေ လွှတ်လိုက်ပြီးနောက် သေမင်းတမန်ရထားလမ်း အစိတ်အပိုင်းများ ပေါ်ထွက်လာ

မဲခေါင် 25 Apr - 2026
မဲခေါင်၊ ဧပြီ ၂၅ ထိုင်းနိုင်ငံ ကန်ချနာဘူရီ ပြည်နယ်၊ ဆန်ခလာဘူရီ ဒေသရှိ ဝဇီရာလောင်ကွန်းဆည်အား ပြုပြင်ထိန်းသိမ်းမှုလုပ်ရန် ၂၀၂၆ ခုနှစ်တွင် ဆည်ရေများ လွှတ်ချလိုက်ပြီး ရေများ ခန်းခြောက်သွားချိန်တွင် ကြာရှည်စွာ ‌ပျောက်ကွယ်နေခဲ့သော ဒုတိယကမ္ဘာစစ် ရထားလမ်းနေရာတစ်ခု ပြန်ပေါ်လာကာ လွန်ခဲ့သော ၄၂ နှစ်ခန့်က သမိုင်းကို လှစ်ဟခွင့် ရရှိခဲ့သည်။ ရေအားလျှပ်စစ်ထုတ်ရန် နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အတွက် တည်ဆောက်ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ပြီးစီးခဲ့သော ဆည်သည် ပုံမှန်အားဖြင့် ယခု ပေါ်ထွက်လာ‌သော နေရာများကို ရေအောက်တွင် ဖုံးကွယ်ထားခဲ့သည်။ Nithe ဘူတာရုံသည် ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့သော သေမင်းတမန်ရထားလမ်း တစ်လျှောက်ရှိ ဘူတာ ၆

မဲခေါင်၊ ဧပြီ ၂၅

ထိုင်းနိုင်ငံ ကန်ချနာဘူရီ ပြည်နယ်၊ ဆန်ခလာဘူရီ ဒေသရှိ ဝဇီရာလောင်ကွန်းဆည်အား ပြုပြင်ထိန်းသိမ်းမှုလုပ်ရန် ၂၀၂၆ ခုနှစ်တွင် ဆည်ရေများ လွှတ်ချလိုက်ပြီး ရေများ ခန်းခြောက်သွားချိန်တွင် ကြာရှည်စွာ ‌ပျောက်ကွယ်နေခဲ့သော ဒုတိယကမ္ဘာစစ် ရထားလမ်းနေရာတစ်ခု ပြန်ပေါ်လာကာ လွန်ခဲ့သော ၄၂ နှစ်ခန့်က သမိုင်းကို လှစ်ဟခွင့် ရရှိခဲ့သည်။

ရေအားလျှပ်စစ်ထုတ်ရန် နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အတွက် တည်ဆောက်ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ပြီးစီးခဲ့သော ဆည်သည် ပုံမှန်အားဖြင့် ယခု ပေါ်ထွက်လာ‌သော နေရာများကို ရေအောက်တွင် ဖုံးကွယ်ထားခဲ့သည်။

Nithe ဘူတာရုံသည် ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့သော သေမင်းတမန်ရထားလမ်း တစ်လျှောက်ရှိ ဘူတာ ၆ ခုအနက် အရေးပါသော နေရာတစ်ခုဖြစ်ကာ မြန်မာနိုင်ငံထဲသို့ ဆက်သွားမည့် ရထားများ ဆီဖြည့်ပြီး သောက်သုံးရေ ဖြည့်တင်းသောနေရာလည်း ဖြစ်သည်။

ယခုအခါ အပေါ်စီးမှ ရိုက်ကူးထားသော မြင်ကွင်းများတွင် ရထားလမ်းဟောင်းနှင့် ရထားပြေးဆွဲမှု၊ ပြုပြင်ထိန်းသိမ်းမှုအတွက် အဓိကကျခဲ့သော ဗဟိုချက်နေရာတစ်ခု တည်ဆောက်ထားပုံများကို မြင်တွေ့လာရသည်။

အထင်ရှားဆုံး တွေ့ရှိရသောနေရာတစ်ခုမှာ ရထားများ ခေါင်းလှည့်သည့်နေရာ၌ စစ်ဆေးသည့်နေရာကို တွေ့ရခြင်းဖြစ်ကာ ယင်းနေရာ၌ အပေါ်ပိုင်း ကွန်ကရစ်ဖြင့် လုပ်ထားသည့် အစိတ်အပိုင်း ရှိနေသေးသော်လည်း ၎င်း၏ အောက်မှ သစ်သားများဖြင့် တည်ဆောက်ထားသည့် အစိတ်အပိုင်းများမှာ ကြာရှည်စွာကပင် ဆွေးမြေ့ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

ထိုစစ်ဆေးမှု လုပ်သောနေရာသည် ရှားရှားပါးပါး ကျန်ရှိသော စခန်းဖြစ်သည်ဟု သမိုင်းပညာရှင်များက ယူဆထားကာ အခြားနေရာများမှ အလားတူ စစ်ဆေးရေးရုံများမှာ ဖြိုဖျက်ခံရခြင်း၊ ပြန်လည် တည်ဆောက်မှုများကြောင့် ပျောက်ကွယ်သွားကြပြီး ဖြစ်သည်။

ယင်းနှင့်အတူ Nithe ဘူတာရုံ ယာယီပြန်လည် ပေါ်ထွက်လာခြင်းသည် စစ်ပွဲသမိုင်းကို စိတ်ဝင်စားသူများအတွက် သေမင်းတမန် ရထားလမ်း အကြွင်းအကျန်များကို လေ့လာရန် ထူးခြားသော အခွင့်အရေး ဖြစ်သည်။

၎င်းနေရာသည် ခရီးသွားနေရာတစ်ခုသာမက စစ်ပွဲကြောင့် လူသားများ သေကြေပျက်စီးမှု နှင့် အချိန်ကြာလာသည်နှင့်အမျှ မေ့မေ့ပျောက်ပျောက် ဖြစ်သွားနိုင်သည့် အရောင်မှိန်လာသော သမိုင်းတစ်ကွေ့ကို ဖော်ကျူးနေသော နေရာအဖြစ် တည်ရှိနေသည်။

အေးကျော်
Ref: The Nation
#MeKongNews
#ထိုင်း
#ဆည်ရေ
#သေမင်းတမန်ရထားလမ်း
#အစိတ်အပိုင်းများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now