နိုင်ငံတကာသတင်း

မြန်မာနှင့် နယ်စပ်ပြည်နယ် ၄ ခုတွင် လုံခြုံ‌‌ရေးတိုးမြှင့်ရန် ထိုင်းပြည်ထဲ‌ရေး အရေးပေါ် အမိန့်ထုတ်

မဲခေါင် 21 Apr - 2026
မဲခေါင်၊ ဧပြီ ၂၁ ထိုင်း – မြန်မာနယ်စပ်ပြည်နယ်များဖြစ်သော မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင် နှင့် တာ့ခ် ပြည်နယ်မှ ဒေသအုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအစီအစဉ်များကို တင်းကျပ်ရန်၊ မြန်မာဘက်မှ ဆက်လက် ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများကို အနီးကပ်စောင့်ကြည့်ရန် နှင့် ထိခိုက်ခဲ့သောဒေသခံများအား ၂၄ နာရီပတ်လုံး အကူအညီပေးရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာနက အရေးပေါ် ထုတ်ပြန် ညွှန်ကြားလိုက်ကြောင်း သိရသည်။ မြန်မာဘက်တွင် မတည်မငြိမ်မှုများ ဆက်ရှိနေပြီး လက်နက်ကိုင်တိုက်ခိုက်မှုများက ထိုင်းနယ်စပ်ဧရိယာများထဲအထိ ရောက်ရှိလာခဲ့ပြီးနောက် အထက်ပါ အမိန့် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းပြည်နယ် ၄ ခုတွင် လုံခြုံရေးအေဂျင်စီများ၊ ကျေးရွာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူ့စစ်များ၊ ကျေးရွာ

မဲခေါင်၊ ဧပြီ ၂၁

ထိုင်း – မြန်မာနယ်စပ်ပြည်နယ်များဖြစ်သော မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင် နှင့် တာ့ခ် ပြည်နယ်မှ ဒေသအုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအစီအစဉ်များကို တင်းကျပ်ရန်၊ မြန်မာဘက်မှ ဆက်လက် ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများကို အနီးကပ်စောင့်ကြည့်ရန် နှင့် ထိခိုက်ခဲ့သောဒေသခံများအား ၂၄ နာရီပတ်လုံး အကူအညီပေးရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာနက အရေးပေါ် ထုတ်ပြန် ညွှန်ကြားလိုက်ကြောင်း သိရသည်။

မြန်မာဘက်တွင် မတည်မငြိမ်မှုများ ဆက်ရှိနေပြီး လက်နက်ကိုင်တိုက်ခိုက်မှုများက ထိုင်းနယ်စပ်ဧရိယာများထဲအထိ ရောက်ရှိလာခဲ့ပြီးနောက် အထက်ပါ အမိန့် ထွက်လာခဲ့ခြင်း ဖြစ်သည်။

၎င်းပြည်နယ် ၄ ခုတွင် လုံခြုံရေးအေဂျင်စီများ၊ ကျေးရွာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူ့စစ်များ၊ ကျေးရွာ လုံခြုံ‌‌ရေးအဖွဲ့များနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားကြရန် ခရိုင်အကြီးအကဲများကို ဦးစီးဌာနက ပြောကြားခဲ့ကာ အဓိကအရေးပေါ် အစီအစဉ် ၃ ခုကို ကိုင်တွယ်သွားကြရန် ညွှန်ကြားသည်။

ပထမဆုံးအချက် အနေဖြင့် ကင်းလှည့်မှုများ၊ မသင်္ကာသူများအား ရပ်တန့်စစ်ဆေးခြင်းကို တိုးမြှင့်သွားရန် ဦးစီးဌာနက ပြောကြားထားရာတွင် စစ်ဆေးရေးဂိတ်များ၊ စခန်းများ ထူထောင်ရန်၊ တရားဝင် နယ်စပ်လမ်းကြောင်းများအပြင် တရားမဝင် ဖြတ်သန်းသော လမ်းကြောင်းများကို လည်း စောင့်ကြည့်ပြီး မသင်္ကာဖွယ်ရာများ တွေ့ရှိခဲ့ပါက ဒေသအာဏာ ပိုင်များကို အချိန်နှင့်တပြေးညီ အကြောင်းကြားကြရန် ညွှန်ကြားထားသည်။

တိုက်ခိုက်မှုများကြောင့် ဒေသခံများ၏နေအိမ်နှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပါကလည်း ချက်ခြင်း ကူညီကယ်ဆယ်‌ရေး နှင့် ကနဦး အကူအညီပေးခြင်းများ လုပ်ဆောင်ရန်၊ ရေရှည်ပြန်လည် ထူထောင်ရေးအတွက်လည်း သက်ဆိုင်ရာ အစိုးရဌာနများနှင့် ချိတ်ဆက် လုပ်ဆောင်ကြရန် ဒုတိယအချက်တွင် ညွှန်ကြားထားကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရခြင်းများ၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ နှင့် ကျန်းမာ‌ရေးကိစ္စများကို ဦးစားပေးဆောင်ရွက်ပြီး အရေးပေါ် အထောက်အပံ့များပေးရန် တတိယအချက်တွင် ပြောကြားသည်။

ခရိုင်ကျန်းမာရေးဌာနများ ၊ ဆေးရုံများ၊ ကျေးရွာကျန်းမာ‌ရေးပရဟိတလုပ်သားများနှင့် ပေါင်းစည်း၍ ပြည်သူ့ကျန်းမာ‌ရေး စောင့်ရှောက်မှုကို ထောက်ပံ့ပေးကြရန် ညွှန်ကြားချက်က ဆိုသည်။

ယင်းညွှန်ကြားချက်များမှာ နယ်စပ်တွင် နေထိုင်သူများအတွက် ငြိမ်းချမ်းမှု ဆက်ရှိပြီး ပြည်သူများအတွက် အမြင့်ဆုံးလုံခြုံမှုပေးနိုင်ရန် ရည်ရွယ်ထားသည်ဟု ထိုင်းပြည်ထဲရေးက ပြောကြားသည်။

အေးကျော်
Ref: The Nation
#MeKongNews
#မြန်မာ
#နယ်စပ်ပြည်နယ်
#လုံခြုံ‌‌ရေး
#ထိုင်းပြည်ထဲ‌ရေး
#အမိန့်ထုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now