ကမ္ဘာ့သတင်း

အီရန် လူ့ယဉ်ကျေးမှု အဖွဲ့အစည်းအားလုံး အဆုံးသတ်သွားမည်ဟု ခြိမ်းခြောက်ပြီးမှ ၂ ပတ်ကြာ အပစ်အရပ်မည်ဟု ထရမ့် အတည်ပြု

မဲခေါင် 8 Apr - 2026
မဲခေါင်၊ ဧပြီ ၈ ဟောမုဇ်ရေလက်ကြား ချက်ချင်းပြန်ဖွင့်ရန်နှင့် တင်သွင်း ထားသည့် အပစ်အခတ်ရပ်စဲရေးအဆိုကို လက်မခံပါက ၂၈ နာရီပြည့်သည်နှင့် အီရန်ယဉ်ကျေးမှု အဖွဲ့အစည်းအားလုံး အဆုံးသတ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ဆုံးရာဇသံပေးခဲ့သော်လည်း သတ်မှတ်ချိန်ပြည့်ရန် မိနစ် ၉၀ အလိုတွင် နောက်ထပ် ၂ ပတ် အပစ်အခတ်ရပ်စဲပြီး အချိန်ထပ်ပေးသည်ဟု ယနေ့ မတ် ၈ ရက် အစောပိုင်း တွင် အတည်ပြု ကြေညာလိုက်သည်။ အီရန်၏ အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီက ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီနိုင်ခဲ့ကာ ထို အပစ်ရပ်ထားသည့် ကာလအတွင်း ဟောမုဇ်ရေလက်ကြားအတွင်း သင်္ဘော များ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဟု ထုတ်ပြန်ခဲ့သည်။

မဲခေါင်၊ ဧပြီ ၈

ဟောမုဇ်ရေလက်ကြား ချက်ချင်းပြန်ဖွင့်ရန်နှင့် တင်သွင်း ထားသည့် အပစ်အခတ်ရပ်စဲရေးအဆိုကို လက်မခံပါက ၂၈ နာရီပြည့်သည်နှင့် အီရန်ယဉ်ကျေးမှု အဖွဲ့အစည်းအားလုံး အဆုံးသတ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ဆုံးရာဇသံပေးခဲ့သော်လည်း သတ်မှတ်ချိန်ပြည့်ရန် မိနစ် ၉၀ အလိုတွင် နောက်ထပ် ၂ ပတ် အပစ်အခတ်ရပ်စဲပြီး အချိန်ထပ်ပေးသည်ဟု ယနေ့ မတ် ၈ ရက် အစောပိုင်း တွင် အတည်ပြု ကြေညာလိုက်သည်။

အီရန်၏ အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီက ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီနိုင်ခဲ့ကာ ထို အပစ်ရပ်ထားသည့် ကာလအတွင်း ဟောမုဇ်ရေလက်ကြားအတွင်း သင်္ဘော များ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဟု ထုတ်ပြန်ခဲ့သည်။

သို့သော် ထုတ်ပြန်ချက်အရ သဘောတူညီမှုသည် တစ်စိတ်တစ်ပိုင်းသာ ရရှိခြင်းဖြစ်ကာ တင်းမာမှု ဆက်ရှိနေဆဲ ဖြစ်သည်ကို သိရှိနိုင်သည်။

“အီရန်အပေါ် ဆန့်ကျင်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားရင် တော့ အင်အားကြီးမားပြီး အစွမ်းထက်တဲ့ ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်တွေဟာ ကာကွယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းသွားပေးမှာပါ။ ဟောမုဇ်ရေလက်ကြား ၂ ပတ်တာအတွင်း ပြန်ဖွင့်ပေးမှုမှာ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မှာ ဖြစ်ပေမယ့် အီရန်လက်နက်ကိုင်တပ်တွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ပေးသွားမှာဖြစ်တယ်။ ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ နည်းပညာဆိုင်ရာ ကန့်သတ်ချက်တွေကိုတော့ ထည့်သွင်း စဉ်းစားသွားမှာပါ”ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်ဘက်ကလည်း အမေရိကန်သာမက အစ္စရေးတပ်များပါ ထို ၂ ပတ်တာအတွင်း အပစ်ရပ် စဲပြီး ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်သွားမည်မဟုတ်ဘဲအီရန်ဘက်မှ တင်သွင်းသည့် အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုသည် ဆက်လက်ဆွေးနွေးပြီး အကျိုးဖြစ်ထွန်းနိုင်သည့် အခြေအနေကြောင့် ယခုလို သဘောတူခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ယင်းငြိမ်းချမ်းရေးဆွေးနွေးမှုကို ပါကစ္စတန်က အဓိက လက်ခံညှိနှိုင်းပေးနေခြင်းဖြစ်ကာ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ဂ်ချီက ပါကစ္စတန်အပေါ် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#အီရန်
#လူ့ယဉ်ကျေးမှုအဖွဲ့အစည်း
#ခြိမ်းခြောက်
#အပစ်အရပ်
#ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now