နေ့စဥ်သတင်း

မြန်မာပြည် မပြန်နိုင်ရန် ခြေဖနောင့်ကြော လှီးဖြတ်ခံထားရသည့် တရုတ်မယားပြုခံရသူ အမျိုးသမီး ထွက်ပြေး လွတ်မြောက်လာ

မဲခေါင် 3 Apr - 2026
မဲခေါင်၊ ဧပြီ ၃ မြန်မာပြန် မပြန်နိုင်ရန် တရုတ်ခင်ပွန်းက ခြေဖနောင့်ကြော လှီးဖြတ်ထားသည့် တရုတ်မယားပြုခံရသူ အမျိုးသမီးတစ်ဦး ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သို့ ယမန်နေ့က ထွက်ပြေး လွတ်မြောက်လာကြောင်း မြို့ခံ မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယင်းအမျိုးသမီးကို နယ်စပ် နန်းတော်ပေါက်ဂိတ်မှ သုံးဘီးကယ်ရီဆွဲသူ တစ်ဦးက စေတနာဖြင့် မြင့်မြတ် ပါရမီ အသင်းရုံး၏ အကူအညီရရှိရန် ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။ တရုတ်မယားအဖြစ်မှ ထွက်ပြေး လွတ်မြောက်လာသူ အမျိုးသမီးမှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က မြစ်ကြီး နားမြို့၊ (၁) ရပ်ကွက်၊ မန်ခင်အုပ်စုတွင် နေထိုင်နေစဉ် အသိအမျိုးသမီးတစ်ဦးက တရုတ်ပြည်တွင် အလုပ်ရမည်ဟုဆိုကာ ယူနန်ပြည်နယ်၊ ပေါင်စန်းမြို့မှ

မဲခေါင်၊ ဧပြီ ၃

မြန်မာပြန် မပြန်နိုင်ရန် တရုတ်ခင်ပွန်းက ခြေဖနောင့်ကြော လှီးဖြတ်ထားသည့် တရုတ်မယားပြုခံရသူ အမျိုးသမီးတစ်ဦး ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သို့ ယမန်နေ့က ထွက်ပြေး လွတ်မြောက်လာကြောင်း မြို့ခံ မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယင်းအမျိုးသမီးကို နယ်စပ် နန်းတော်ပေါက်ဂိတ်မှ သုံးဘီးကယ်ရီဆွဲသူ တစ်ဦးက စေတနာဖြင့် မြင့်မြတ် ပါရမီ အသင်းရုံး၏ အကူအညီရရှိရန် ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်မယားအဖြစ်မှ ထွက်ပြေး လွတ်မြောက်လာသူ အမျိုးသမီးမှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က မြစ်ကြီး နားမြို့၊ (၁) ရပ်ကွက်၊ မန်ခင်အုပ်စုတွင် နေထိုင်နေစဉ် အသိအမျိုးသမီးတစ်ဦးက တရုတ်ပြည်တွင် အလုပ်ရမည်ဟုဆိုကာ ယူနန်ပြည်နယ်၊ ပေါင်စန်းမြို့မှ ယခု တရုတ်အမျိုးသားထံ ယွမ် ၈ သောင်းဖြင့် လိမ်လည် ရောင်းစားခံခဲ့ရကြောင်း သိရသည်။

တရုတ်ပြည်တွင် ယင်းအမျိုးသားဖြင့် သမီးတစ်ဦီး၊ သားတစ်ဦး ရနေပြီး မြန်မာပြည်ကို တစ်ခါလောက် ပြန်ချင်သည်ဟု ပြောမိရာမှ ၎င်းမပြန်နိုင်စေရန် တရုတ်ခင်ပွန်းက ခြေဖနောင့်ကြောကို ဓားဖြင့် လှီးဖြတ်ခဲ့သဖြင့် လက်ရှိတွင် ချိုင်းထောက်ဖြင့် လမ်းလျှောက်နေရသည့် မသန်မစွမ်းတစ်ဦး ဖြစ်နေရကြောင်း သိရသည်။

“သူ့ဒဏ်ရာကို ဆေးရုံမပို့ဘဲ ဆေးခန်းမှာပဲ ဖြစ်သလိုကုနေရာက ထွက်ပြေးပြီး ရဲစခန်းမှာပြောလို့ မြန်မာဘက် ပြန်ပို့တာတဲ့။ သူ့ကို လိမ်လည် ရောင်းစားခဲ့သူလည်း သွေးကင်ဆာနဲ့ သေသွားပြီ ပြောတယ်”ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။

ယမန်နေ့ ဧပြီ ၂ ရက်က တရုတ်မှ မြန်မာဘက်သို့ တရားဝင် ပြန်ပို့သည့် အမျိုးသမီး ၁၄ ဦးထဲတွင် ယခု လွတ်မြောက်လာသူ အသက် ၄၅ နှစ်အရွယ် မအာလေးမီးလည်း ပါဝင်လာခြင်း ဖြစ်သည်။

၎င်းက တရုတ်ပြည်တွင် ကျန်ရစ်သည့် ၁၀ နှစ်အရွယ်သမီးနှင့် ၉ နှစ်အရွယ် သားငယ်တို့၏ ပုံများပါဝင်သည့် ဖုန်းနှင့် ၎င်း၏ မှတ်ပုံတင်တို့ကို ၎င်း၏ ခင်ပွန်းထံမှ ပြန်ရလိုကြောင်း ပြောသော်လည်း တရုတ်ရဲများက မလုပ်ဆောင်ပေးခဲ့ဟု ဆိုသည်။

ထို့နောက် ယနေ့ ဧပြီ ၃ ရက် နံနက်ပိုင်းကပင် မြင့်မြတ်ပါရမီအသင်း အကူအညီဖြင့် မူဆယ် – နမ့်ခမ်းမှ တစ်ဆင့် မြစ်ကြီးနားသို့ ပြေးဆွဲသည့် လင်းကမ္ဘာ(ကိုရာဇာ)လိုင်းကားမှ ယင်းအမျိုးသမီးအား အခမဲ့ခေါ်ဆောင် သွားပြီဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နှစ်မှ လက်ရှိအချိန်ထိ တရုတ်နိုင်ငံ အနှံ့အပြား၌ အကြောင်းအမျိုးမျိုးဖြင့် ဒုက္ခရောက်နေသည့် ယခုအဖြစ်အပျက်လို အမျိုးသမီး ၂၀၀ ဦးကျော်ကို ရွှေလီ၊ မူဆယ် ပရဟိတအသင်းများမှ ချိတ်ဆက် ပူးပေါင်းကာ ကယ်တင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

#MeKongNews
#မြန်မာပြည်
#ခြေဖနောင့်ကြော
#လှီးဖြတ်
#တရုတ်မယား
#လွတ်မြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now