နေ့စဥ်သတင်း

SCEF ကို ကြိုဆိုကြောင်း ရှမ်းပြည် အပါအဝင် CDM ဒေသကောင်စီ ၈ ဖွဲ့ ထုတ်ပြန်

မဲခေါင် 2 Apr - 2026
မဲခေါင်၊ ဧပြီ ၂ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF) ဖွဲစည်းနိုင်မှုအပေါ် ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီများ(ရှမ်းပြည်နယ် CDM ကောင်စီ(ယာယီ) အပါအဝင် CDM ဒေသကောင်စီ ၈ ခု) က ကြိုဆိုထောက်ခံကြောင်း ပူးတွဲကြေညာ ချက်တစ်ရပ်ကို ယမန်နေ့ ဧပြီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။ ယင်းကြေညာချက်တွင် ပြီးခဲ့သည့် မတ် ၃၀ ရက်တွင် ဖွဲ့စည်းလိုက်သည့် SCEF အဖွဲ့ကို လှိုက်လှဲစွာ ကြိုဆိုထောက်ခံကြောင်းနှင့် အာဏာရှင်စနစ် အပါအဝင် မည်သည့်

မဲခေါင်၊ ဧပြီ ၂

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF) ဖွဲစည်းနိုင်မှုအပေါ် ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီများ(ရှမ်းပြည်နယ် CDM ကောင်စီ(ယာယီ) အပါအဝင် CDM ဒေသကောင်စီ ၈ ခု) က ကြိုဆိုထောက်ခံကြောင်း ပူးတွဲကြေညာ ချက်တစ်ရပ်ကို ယမန်နေ့ ဧပြီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယင်းကြေညာချက်တွင် ပြီးခဲ့သည့် မတ် ၃၀ ရက်တွင် ဖွဲ့စည်းလိုက်သည့် SCEF အဖွဲ့ကို လှိုက်လှဲစွာ ကြိုဆိုထောက်ခံကြောင်းနှင့် အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ဖယ်ရှားရေး၊ စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို အပြီးတိုင် အဆုံးသတ်ရေး၊ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအား အပြီးတိုင်ဖျက်သိမ်းရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေး စသည့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်သည် CDM ဝန်ထမ်းများ၏ ခိုင်မာသော ရပ်တည်ချက်၊ မျှော်မှန်းချက်များနှင့် ထပ်တူကျလျက်ရှိသည်ဟု ဆိုသည်။

အထူးသဖြင့် ပြည်နယ် / ဖက်ဒရယ်ယူနစ်များအကြား မျှဝေသုံးစွဲသော အချုပ်အခြာ အာဏာ (Shared Sovereignty) နှင့် စုပေါင်းခေါင်းဆောင်မှု (Collective Leadership) မူဝါဒများအပေါ် အခြေခံခြင်းသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီသို့ လျှောက်လှမ်းရာတွင် ခိုင်မာကောင်းမွန် သော အုတ်မြစ်တစ်ခု ဖြစ် လာမည်ဟု လေးနက်စွာ ရှုမြင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

CDM နိုင်ငံ့ဝန်ထမ်းများသည် စစ်အာဏာရှင် စနစ်၏ မည်သည့် ယန္တရားကိုမဆို ငြင်းပယ်တော်လှန်ခဲ့ကြသူများဖြစ်သည်နှင့်အညီ၊ ယခုပေါ်ပေါက်လာသော SCEF သည် တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်မှုရှိသော ခေါင်းဆောင် မှုဖြင့် စုစည်းညှိနှိုင်းပေးခြင်းအားဖြင့် အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် အရှိန်အဟုန် မြှင့်တင်ပေးနိုင်မည့် နိုင်ငံရေး အခင်းအကျင်းသစ် တစ်ခုဖြစ်ကြောင်း ယုံကြည်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးဟူသည့် ဘုံရည်မှန်းချက် အောင်မြင်နိုင်စေရန်ဒေသကောင်စီ ၈ ခုမှ CDM နိုင်ငံ့ဝန်ထမ်းများ အားလုံးသည် SCEF ၏ မူဝါဒလမ်းညွှန်ချက်များအတိုင်း တော်လှန်ရေးအောင်ပွဲ အမြန်ဆုံး ရရှိစေရေးနှင့် အသွင်ကူး ပြောင်းရေးကာလ အစီအမံများကို အကောင်အထည် ဖော်ဆောင်ရာတွင် မိမိတို့ ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်သွားမည် ဖြစ်ကြောင်း သဘောထား ထုတ်ပြန် အပ်ပါသည်ဟု ဖော်ပြပါရှိသည်။

ယင်းကြေညာချက်ကို ပူးတွဲထုတ်ပြန်သည့် အဖွဲ့အစည်းများမှာကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)၊ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)၊ ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)၊ မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)၊ ရန်ကုန်ဖက်ဒရယ်ယူနစ် CDM၊ နိုင်ငံ့ဝန်ထမ်းများအဖွဲ့အ စည်း(YFCCO) နှင့် ရှမ်းပြည်နယ် CDM ကောင်စီ (ယာယီ) တို့ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

SCEF တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ကြသည်။

#MeKongNews
#SCEF
#ကြိုဆို
#ရှမ်းပြည်
#CDM
#ဒေသကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now