နေ့စဥ်သတင်း

ကြူကုတ် ပန်ဆိုင်းတွင် လူငယ်တစ်ဦးကို လက်နက်ကိုင်လူတစ်စု ပြန်ပေးဆွဲ ငွေတောင်းပြီး လူပြန်မလွှတ်

မဲခေါင် 31 Mar - 2026
မဲခေါင်၊ မတ် ၃၁ ကိုးကန့်တပ်ဖွဲ့ – MNDAA ထိန်းချုပ်ထားသည့် ကြူကုတ် ပန်ဆိုင်းမြို့တွင် လက်နက်ကိုင် လူတစ်စုက လူငယ်တဦးကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၄၅၀ ဖြင့် ပြန်လည်ရွေးခိုင်းခဲ့ရာ ငွေလွှဲပေးခဲ့သော်လည်း လူကိုပြန်မလွှတ်ပေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်နေ လူငယ်တစ်ဦးသည် ပန်ဆိုင်း ကြူကုတ်မြို့တွင် အလုပ်လုပ်နေရာမှ လက်နက်ကိုင်လူတစုက ပြန်ပေးဆွဲသွားခဲ့ခြင်းဖြစ်သည်။ ပြန်ပေးသမားများက ပြန်ရွေးငွေ သိန်း ၄၅၀ တောင်းဆိုရာတွင် မိသားစုဝင်များက ရှိသမျှ ပစ္စည်းဥစ္စာများ ရောင်းချကာ ရရှိလာသည့် သိန်း ၁၇၀ အား ပြန်ပေးသမားများကို လွှဲပေးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ “ပြန်ပေးသမားတွေကို တောင်းပန်ပြီး ရှိသမျှရောင်းချလို့ ရတဲ့ငွေ

မဲခေါင်၊ မတ် ၃၁

ကိုးကန့်တပ်ဖွဲ့ – MNDAA ထိန်းချုပ်ထားသည့် ကြူကုတ် ပန်ဆိုင်းမြို့တွင် လက်နက်ကိုင် လူတစ်စုက လူငယ်တဦးကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၄၅၀ ဖြင့် ပြန်လည်ရွေးခိုင်းခဲ့ရာ ငွေလွှဲပေးခဲ့သော်လည်း လူကိုပြန်မလွှတ်ပေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်နေ လူငယ်တစ်ဦးသည် ပန်ဆိုင်း ကြူကုတ်မြို့တွင် အလုပ်လုပ်နေရာမှ လက်နက်ကိုင်လူတစုက ပြန်ပေးဆွဲသွားခဲ့ခြင်းဖြစ်သည်။

ပြန်ပေးသမားများက ပြန်ရွေးငွေ သိန်း ၄၅၀ တောင်းဆိုရာတွင် မိသားစုဝင်များက ရှိသမျှ ပစ္စည်းဥစ္စာများ ရောင်းချကာ ရရှိလာသည့် သိန်း ၁၇၀ အား ပြန်ပေးသမားများကို လွှဲပေးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“ပြန်ပေးသမားတွေကို တောင်းပန်ပြီး ရှိသမျှရောင်းချလို့ ရတဲ့ငွေ သိန်း ၁၇၀ ကို မိသားစုဝင်တွေက လွှဲပေးလိုက်တာ၊ ငွေလွှဲပေးပြီးတော့လည်း အခုထိ လူက ပြန်မလွတ်လာဘူး။ ငွေရတာနဲ့ ပြန်ပေးသမားတွေက အဆက်အသွယ် ဖြတ်တောက်သွားလိုက်တာ”ဟု ဖြစ်စဉ်ကို သိရှိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြန်ပေးဆွဲခံရသူသည် အသက် ၂၅ နှစ်အရွယ် မောင်ကျောခေဖြစ်ပြီး သိန္နီမြို့နယ်၊ မိုင်းပါးကျေးရွာအနီး ကောင်းခါးရွာမှ ဖြစ်သည်ဟု သတင်းရင်းမြစ် ၏ ပြောပြချက်အရ သိရသည်။

မောင်ကျောခေသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ပန်းဆိုင်း ကြူကုတ်မြို့ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် အလုပ် သွားလုပ်နေသူ ဖြစ်ပြီး မတ် ၁ ရက်တွင် လက်နက်ကိုင် လူတစ်စု၏ ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။

“မတ်လ ၁ ရက်နေ့မှာ ပြန်ပေးဆွဲခံရတယ်။ မတ်လ ၅ ရက်နေ့မှာ သူဆက်သွယ်လာပြီး ပိုက်ဆံ သိန်း ၄၅၀ ပေးရမယ်လို့ ပြောတယ်။ မပေးရင် သတ်ပစ်ခံရမယ်လို့လည်း ပြောတယ်။ အဲဒါမိသားစုက ရှိသမျှ ရောင်းချပြီး ၁၇၀ သိန်းကို လွှဲပေးလိုက်တာ၊ လူက အခုထိ ပြန်မလွတ်လာသေးဘူး။ တခုခုဖြစ်သွားမှာလည်း သူ့မိသားစုက အလွန် စိုးရိမ်နေတယ်”ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မောင်ကျောခေ၏ မိသားစုဝင်များသည် ကျေးလက်နေ သာမန် မိသားစုများသာ ဖြစ်သဖြင့် ပြန်ပေးသမားများ တောင်းသည့် သိန်း ၄၅၀ကို ပေးနိုင်စွမ်းမရှိသော်လည်း အိမ်တွင်ရှိသည့် ပစ္စည်းများကို ရောင်းချကာ ပြန်လွှတ်ပေးမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် သိန်း ၁၇၀ ကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

“သူတို့လည်း ရှိတဲ့လူမဟုတ်ဘူး။ သာမန်မိသားစုပဲ ၊ ပိုက်ဆံပေးရင် လွတ်မယ်ဆိုလို့ ရှိသမျှ ရောင်းချပြီး လွှဲပေးလိုက်တာ။ ပြန်ပေးသမားတွေက ပိုက်ဆံပေးရင် မိုင်းယု ၁၀၅ မိုင်မှာ ပြန်လာပို့ပေးမယ်လို့ ပြောတယ်။ အဲဒါကြောင့် ငွေလွှဲပြီး ၁၀၅ မိုင်မှာ ၂ ရက်လောက် သွားစောင့်သေးတယ်။ ပြန်မလာပို့တဲ့အပြင်ကို အခုထိ အဆက်အသွယ်ပါ မရတော့ဘူး”ဟု ဖြစ်စဉ်ကို သိရှိသည့် သတင်းရင်းမြစ်ကပြောသည်။

အဆက်အသွယ်ရချိန်တွင် မောင်ကျောဖေ ပြောပြချက်အရ ပြန်ပေးဆွဲသမားများက အခန်းတစ်ခန်းထဲတွင် ၎င်းကို ပိတ်ထားပြီး ရိုက်နှက်နှိပ်စက်ကာ လက်သည်းလည်း အနှုတ်ခံထားရကြောင်း သတင်းရင်းမြစ်က ပြောသည်။

ကြူကုတ် ပန်ဆိုင်းမြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်ဖွဲ့ – MNDAA က စစ်ကောင်စီကို တိုက်ထုတ်ပြီး သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ် ၁၇ ရက်တွင်လည်း ကွတ်ခိုင်မြို့နယ်၊ ဟိုနားကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့ဝင်များက ဒေသခံနေအိမ်ကို ဓားပြတိုက်ကာ ရွှေငွေများကို ယူဆောင်သွားခဲ့မှု ဖြစ်ပွားခဲ့သည်။

#MeKongNews
#ကြူကုတ်
#ပန်ဆိုင်း
#လူငယ်တစ်ဦးကို
#ပြန်ပေးဆွဲ
ဓာတ်ပုံ-CJ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now