နိုင်ငံတကာသတင်း

ထိုင်းတွင် ဒီဇယ်နှင့် ဓာတ်ဆီ တစ်လီတာလျှင် ၆ ဘတ်စီ ဈေးတက်မည်

မဲခေါင် 25 Mar - 2026
မဲခေါင်၊ မတ် ၂၅ ထိုင်းနိုင်ငံ စက်သုံးဆီရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီင ဒီဇယ်နှင့် ဓာတ်ဆီတို့အတွက် စိုက်ထုတ်ရသည့်စရိတ် လျှော့ချရန် အတည်ပြုလိုက်ပြီး ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များတွင် စျေးနှုန်းများ တစ်လီတာလျှင် ၆ ဘတ်စီ မြင့်တက်လာတော့မည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။ စျေးနှုန်းမြှင့်တင်ရခြင်း အကြောင်းရင်းများမှာ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်လာခြင်းသည် ယခုကဲ့သို့ စျေးနှုန်းညှိနှိုင်းရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်ဟု ကော်မတီက ဆိုသည်။ စင်ကာပူစျေးကွက်တွင် ဒီဇယ်စျေးနှုန်းသည် မတ်လ ၂၃ ရက်နေ့က တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၂၀ ရှိခဲ့ရာမှ ၂၄၂ ဒသမ ၉၁ ဒေါ်လာအထိ ရုတ်တရက် မြင့်တက်သွားခဲ့သဖြင့် ပြည်တွင်းစက်သုံးဆီ ကုန်ကျစရိတ်အပေါ်

မဲခေါင်၊ မတ် ၂၅

ထိုင်းနိုင်ငံ စက်သုံးဆီရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီင ဒီဇယ်နှင့် ဓာတ်ဆီတို့အတွက် စိုက်ထုတ်ရသည့်စရိတ် လျှော့ချရန် အတည်ပြုလိုက်ပြီး ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များတွင် စျေးနှုန်းများ တစ်လီတာလျှင် ၆ ဘတ်စီ မြင့်တက်လာတော့မည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

စျေးနှုန်းမြှင့်တင်ရခြင်း အကြောင်းရင်းများမှာ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်လာခြင်းသည် ယခုကဲ့သို့ စျေးနှုန်းညှိနှိုင်းရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်ဟု ကော်မတီက ဆိုသည်။

စင်ကာပူစျေးကွက်တွင် ဒီဇယ်စျေးနှုန်းသည် မတ်လ ၂၃ ရက်နေ့က တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၂၀ ရှိခဲ့ရာမှ ၂၄၂ ဒသမ ၉၁ ဒေါ်လာအထိ ရုတ်တရက် မြင့်တက်သွားခဲ့သဖြင့် ပြည်တွင်းစက်သုံးဆီ ကုန်ကျစရိတ်အပေါ် ဖိအားများ ဖြစ်ပေါ်စေခဲ့သည်။

ထို့ပြင် လက်ရှိတွင် စက်သုံးဆီရန်ပုံငွေသည် စျေးနှုန်းထိန်းညှိရန်အတွက် တစ်ရက်လျှင် ဘတ် ၂ ဒသမ ၅၉ ဘီလီယံ၊ တစ်လလျှင် ဘတ် ၈၀.၃ ဘီလီယံခန့် စိုက်ထုတ်သုံးစွဲနေရသဖြင့် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက်လည်း ရည်ရွယ်ခြင်းကြောင်း၊ ကမ္ဘာ့စွမ်းအင်စျေးကွက် မတည်ငြိမ်မှုများကြားတွင် ရန်ပုံငွေ၏ ငွေကြေးစီးဆင်းမှု ကောင်းမွန်စေရန်နှင့် ရေရှည်စျေးနှုန်း တည်ငြိမ်စေရန်အတွက် ယခုကဲ့သို့ ပြုလုပ်ရန် လိုအပ်ကြောင်း အာဏာပိုင်များက ပြောသည်။

စက်သုံးဆီစျေးနှုန်း မြှင့်တင်ခြင်းသည် အိမ်နီးချင်းနိုင်ငံများနှင့် စျေးနှုန်းချင်း ဟန်ချက်ညီစေရန် ဖြစ်ပြီး၊ အမြတ်ထုတ်ရန်အတွက် ဆီသိုလှောင်ခြင်းနှင့် ဆီမှောင်ခိုကူးခြင်း အန္တရာယ်များကို လျှော့ချပေးနိုင်မည်ဟု အရာရှိများက ထပ်လောင်းပြောကြားသည်။ ဥပမာအားဖြင့် မတ်လလယ်ပိုင်းအထိ မလေးရှားနိုင်ငံတွင် ဒီဇယ်စျေးနှုန်းမှာ တစ်လီတာလျှင် ၃၉ ဒသမ ၅၄ ဘတ်ခန့်အထိ မြင့်တက်နေပြီ ဖြစ်သည်။

အစိုးရအနေဖြင့် စျေးနှုန်းမြင့်တက်မှုဒဏ်ကို ခံစားရမည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများ၊ ရေလုပ်သားများနှင့် အသေးစားလုပ်ငန်းရှင်များအတွက် သက်သာစေမည့် အစီအစဉ်များကို ပြင်ဆင်နေကြောင်း သိရသည်။ ထို့အတူ အများပြည်သူအနေဖြင့်လည်း ယခုကဲ့သို့ မရေရာသည့် ကာလအတွင်း စွမ်းအင်ကို ပိုမိုထိရောက်စွာ ချွေတာသုံးစွဲကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။

Ref: Khaosod English
#MeKongNews
#စက်သုံးဆီ
#ထိုင်းနိုင်ငံ
#စွမ်းအင်ဈေးကွက်
#အီရန်စစ်ပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now