နေ့စဥ်သတင်း

မိုင်းဆတ်မှ “ဝ” ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှုပိုဆိုးလာဟု SHRF သတိပေး

မဲခေါင် 24 Mar - 2026
မဲခေါင်၊ မတ် ၂၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန်အနီးရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အသစ်ကြောင့် နမ့်ခုတ်မြစ်ရေ၏ သတ္တုအဆိပ်သင့်မှုကို ပိုမိုဆိုးရွားလာစေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – Shan Human Rights Foundation-SHRF က ထုတ်ပြန် သတိပေးထားသည်။ ယင်းစက်ရုံ၏ တည်နေရာမှာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဖလုံဒေသနှင့် နယ်မြေဆက်စပ်လျက်ရှိသည့် ထိုင်းနယ်စပ်မှ ၁၉ ကီလိုမီတာသာကွာ ၀ေးသည်ဟု SHRF ကဖော်ပြထားသည်။ ယင်းစက်ရုံကို “၀” က ယမန်နစ် နို၀င်ဘာတွင် စတင်လည်ပတ်ခဲ့သည်ဟု ဆိုသည်။ ယင်းစက်ရုံသည် မိုင်းဆတ်မြို့တောင်ဘက် ၁၀ ကီလိုမီတာအကွာရှိ UWSA တောင်ပိုင်းဌာနချုပ်အဖြစ် ၁၉၉၇ ခုနစ်တွင် ဖွင့်လှစ်ခဲ့သော ၀မ်ဟုန်ကျေးရွာအုပ်စု

မဲခေါင်၊ မတ် ၂၄

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန်အနီးရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အသစ်ကြောင့် နမ့်ခုတ်မြစ်ရေ၏ သတ္တုအဆိပ်သင့်မှုကို ပိုမိုဆိုးရွားလာစေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – Shan Human Rights Foundation-SHRF က ထုတ်ပြန် သတိပေးထားသည်။

ယင်းစက်ရုံ၏ တည်နေရာမှာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဖလုံဒေသနှင့် နယ်မြေဆက်စပ်လျက်ရှိသည့် ထိုင်းနယ်စပ်မှ ၁၉ ကီလိုမီတာသာကွာ ၀ေးသည်ဟု SHRF ကဖော်ပြထားသည်။

ယင်းစက်ရုံကို “၀” က ယမန်နစ် နို၀င်ဘာတွင် စတင်လည်ပတ်ခဲ့သည်ဟု ဆိုသည်။

ယင်းစက်ရုံသည် မိုင်းဆတ်မြို့တောင်ဘက် ၁၀ ကီလိုမီတာအကွာရှိ UWSA တောင်ပိုင်းဌာနချုပ်အဖြစ် ၁၉၉၇ ခုနစ်တွင် ဖွင့်လှစ်ခဲ့သော ၀မ်ဟုန်ကျေးရွာအုပ်စု နမ့်ခုတ် မြစ်တစ်ဘက်ကမ်းတွင်တည်ရှိသည်ဟု ဆိုသည်။

လက်ရှိတွင် ၎င်းစက်ရုံသည် ၀မ်ဟုန်ရှိ UWSA လက်အောက်မှ စစ်တပ်စခန်းများ၊ သင်တန်းကျောင်းများနှင့် လက်နက်နှင့် ရာဘာစက်ရုံများအတွက် လျှပ်စစ်ဓာတ်အား ပေးလျက်ရှိသည်။

ထိုစီမံကိန်း ဖော်ဆောင်သည့် ကုမ္ပဏီမှာ Wan Hong Natural Energy Co. Ltd ဖြစ်ပြီး လျှပ်စစ် ဓာတ်အား ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိရန် လျာထားကာ ထိုမှတစ်ဆင့် ဝမ်ဟုန်ကိုဖြတ်၍ တာချီလိတ်မြို့သို့ လျှပ်စစ်ဓာတ်အား ပေးပို့ဖြန့်ဖြူးသွားမည် ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများ၏ ပြောကြားချက်အရ အလုပ်သမား ၁၅၀ ခန့်က ဓာတ်အားပေးစက်ရုံကို တည်ဆောက်နေကြပြီး အလုပ်သမားအများစုမှာ ဗမာလူမျိုးများဖြစ်ကာ တရုတ်နည်းပညာရှင်များက တည်ဆောက် ရေးကို ကြီးကြပ်ကြောင်း သိရသည်။

ယင်းအတွက် စက်ရုံ၏ အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ဖန် မြို့နယ်နှင့် မျက်နှာချင်းဆိုင်ရှိ မိုင်းတုံမြို့နယ် အရှေ့ဘက်တောင်ကုန်းများပေါ်မှ မဲကင်ကျေးရွာအုပ်စု၊ နားပါကော်ကျေးရွာအနီးရှိ ကွင်းပြင်ကျောက်မီးသွေးတွင်းအသစ်မှ ရယူခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေသခံများ၏ ပြောကြားချက်အရ ၁၀ ဘီး ကုန်တင် ယာဉ်ကြီးများဖြင့် ကျောက်မီးသွေးများကို ဓာတ်အားပေးစက်ရုံသို့ နေ့ရောညပါ သယ်ယူပို့ ဆောင်နေကြသည်ဟု သိရသည်။

မိုင်းတွင်းအောက်ဘက်ရှိ မဲကင်ချောင်းတလျှောက်တွင် နေထိုင်ကြ သော ရွာသားများမှာလည်း ထိုရေကို အသုံးပြုခြင်းကြောင့် ယားနာများဖြစ်ပွားလာပြီး ငါးများလည်း စတင် သေဆုံးနေသည်ဟု ဆိုသည်။

မဲကင်ချောင်းသည် သံလွင်မြစ်၏ အဓိက မြစ်လက် တက်ဖြစ်သော နမ့်ဟန်မြစ်ထဲသို့စီး၀င်သည်။

ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍ လက်ရှိစိုးရိမ်နေရသည်မှာ ကျောက်မီးသွေး လောင်ကျွမ်းရာမှ ထွက်ရှိလာသည့် ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် အမှုန်အမွှားများ (သတ္တုများ အပါအဝင်) ပါဝင်သည့် အဆိပ်သင့်ဓာတ်ငွေ့များ ထုတ်လွှတ်မှုပင် ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့သည် ဒေသခံများ၏ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေမည့်အပြင် အက်ဆစ်မိုးကိုလည်း ရွာသွန်းစေနိုင်သဖြင့် ကီလိုမီတာ ၈၀ ပတ်လည်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ခြိမ်းခြောက်လျက်ရှိ ပြီး ဝမ်ဟုန်ရွာသားများ၏ ပြောပြချက်အရ အိမ်ပြင်ထွက်သည့်အခါ စက်ရုံမှ ကျောက်မီးသွေးနံ့များကို ရရှိနေသည်ဟု သိရသည်။

ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာမည့် အခြားအကျိုးသက်ရောက်မှု တစ်ခုမှာ ဓာတ် အားပေးစက်ရုံအနီးတွင် သိုလှောင်ထားသော ကျောက်မီးသွေးပုံများနှင့် ကျောက်မီးသွေး လောင် ကျွမ်းရာမှ ထွက်လာသည့်ပြာများမှ စိမ့်ထွက်လာသည့် အရည်များ နမ့်ခုတ်မြစ်အတွင်းသို့ စီးဝင်သွားမည့် အချက်ပင်ဖြစ်သည်။

၎င်းပြာများတွင် ပြဒါး၊ ခဲနှင့် အာဆင်းနစ် အပါအဝင် ညစ်ညမ်းမှု ဖြစ်စေနိုင်သော ပြင်းထန်သော သတ္တုများ ပါဝင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ် ၁၀ ရက်တွင် နောက်ဆုံးရရှိထားသော ဂြိုဟ်တုဓာတ်ပုံအရ ဓာတ်အားပေး စက်ရုံ၏ မြောက်ဘက် နမ့်ခုတ်မြစ်ဘက်ခြမ်းရှိ နေရာတစ်ခုတွင် ကျောက်မီးသွေးဟု ယူဆရသည့် အပုံများကို သိုလှောင်ထားသည်ကို တွေ့ရသည်။

ထို့ပြင် ဓာတ်ပုံထဲ၌ စက်ရုံဘေးရှိ ဆိုလာပြား အများအပြားကိုလည်း တွေ့ရသဖြင့် ယင်းသည် ကျောက်မီးသွေးနှင့် နေရောင်ခြည်စွမ်းအင်သုံး ဖက်စပ် (Hybrid) ဓာတ်အားပေးစက်ရုံ ဖြစ်မည်ဟူသော ဒေသခံများ၏ သတင်းပေးပို့ချက်များကို အတည်ပြုပေးနေသည်ဟု SHRF ဆိုသည်။

ယခု ဝမ်ဟုန် ဓာတ်အားပေးစက်ရုံသစ်အပြင် မြန်မာနိုင်ငံတွင် အမှန်တကယ် လည်ပတ်နေသည့် အခြားသော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတစ်ခုသာ ရှိပြီး၊ ၎င်းမှာ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ တီကျစ် ဓာတ်အားပေးစက်ရုံ ဖြစ်သည်။

ယင်းစက်ရုံကို တရုတ်နိုင်ငံမှ Wuxi Huaguang Electric Power Engineering Co. Ltd. က လုပ်ကိုင်နေခြင်းဖြစ်သည်။

အကြီးစား ကျောက်မီးသွေးတွင်းအနီးတွင် တည်ရှိသော တီကျစ်ဓာတ်အားပေးစက်ရုံသည် ၂၀၀၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိသည်။

ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO) ၏ ၂၀၁၁ ခုနှစ်တွင်ထုတ်ဝေခဲ့သော အစီရင်ခံစာ၌ တီကျစ်ကျောက်မီးသွေးတွင်းနှင့် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော လေထုနှင့် ရေထုညစ်ညမ်းမှုများသည် မိုင်းတွင်း၏ ၅ မိုင်ပတ်လည်အတွင်း နေထိုင်ကြသည့် ပြည်သူပေါင်း ၁၂,၀၀၀ နီးပါး၏ စိုက်ပျိုးရေးနှင့် ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်းနှင့် ဒေသခံ ၅၀ ရာခိုင်နှုန်းခန့်မှာ အရေပြားယားယံခြင်း ဝေဒနာများ ခံစားနေရကြောင်း ဖော်ထုတ်တင်ပြခဲ့သည်။

ထို့ပြင် တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံမှ နေ့စဉ် အဆိပ်သင့်ပြာ (Fly ash) စွန့်ပစ်ပစ္စည်း တန်ချိန် ၁၀၀ မှ ၁၅၀ အထိ ထွက်ရှိနေပြီး၊ ၎င်းတို့မှ စိမ့်ထွက်စီးဆင်းလာသော အရည်များသည် ဘီလူးချောင်းအတွင်းသို့ စီးဝင်ကာ ထိုမှတစ်ဆင့် အင်းလေးကန်အတွင်းသို့ ရောက်ရှိနေကြောင်း PYO အစီရင်ခံစာက ဖော်ပြခဲ့သည်။

ဝမ်ဟုန်ဒေသတွင် မူလက ရှမ်းတိုင်းရင်းသား အိမ်ထောင်စု ၂၀၀ ခန့်သာ နေထိုင်ခဲ့သော်လည်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ဝေရှောက်ခန်းက UWSA (တောင်ပိုင်း) ဌာနချုပ်အဖြစ် တည်ထောင်ပြီးနောက် “ဝ”နယ်မြောက်ပိုင်းမှ ရွာသား ၂၄၀၀၀ ကျော်ကို ဝမ်ဟုန်နှင့် အနီးတစ်ဝိုက်ဒေသများသို့ အဓမ္မပြောင်းရွှေ့ အခြေချခိုင်းခဲ့သဖြင့် ဒေသခံလူဦးရေ ဖွဲ့စည်းပုံမှာ လုံးဝပြောင်းလဲသွားခဲ့သည်။

ထိုကာလအတွင်း မြောက်ပိုင်းမှ “ဝ”ရွာသားပေါင်း ၁၂၆၀၀၀ ကျော်ကို မိုင်းတုံ၊ မိုင်းဆတ်နှင့် တာချီလိတ်စသည့် တောင်ပိုင်းမြို့နယ်များသို့ အဓမ္မပြောင်းရွှေ့ အခြေချခိုင်းခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည် အရှေ့တောင်ပိုင်းတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် UWSA ၏ အစောပိုင်း ကြိုးပမ်းမှုများသည် လေထုညစ်ညမ်းမှုကို စိုးရိမ်ကြသည့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ လူမှုအသိုက်အဝန်းများကြောင့် အဟန့်အတား ဖြစ်ခဲ့ရသည်။

၂၀၀၀ ပြည့်နှစ်တွင် UWSA ၏ ဟုန်ပန်း (Hong Pang) ကုမ္ပဏီသည် တာချီလိတ်မြို့ မြောက်ဘက်တွင် ၁၂ မဂ္ဂါဝပ် ကျောက် မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တစ်ရုံတည်ဆောက်ရန် မြန်မာစစ်အစိုးရနှင့် သဘောတူညီချက် ရရှိခဲ့သည်။

သို့သော်လည်း ၂၀၀၁ ခုနှစ် ဧပြီလတွင် အနီးကပ်တည်ရှိသော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဒေသခံများက တရုတ်ထုတ် တည်ဆောက်ရေးပစ္စည်းများ တင်ဆောင်လာသည့် ကားများကို ထိုင်းနိုင်ငံအတွင်းမှ ဖြတ်သန်းခွင့်မပြုဘဲ လူကိုယ်တိုင် ပိတ်ဆို့ကန့်ကွက်ခဲ့ကြသောကြောင့် အဆိုယင်းစက်ရုံစီမံကိန်းကို ဖျက်သိမ်းခဲ့ရသည်ဟု SHRF က ဖော်ပြသည်။

#MeKongNews
#မိုင်းဆတ်
#ကျောက်မီးသွေး
#နမ့်ခုတ်မြစ်
#SHRF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now