နေ့စဥ်သတင်း

မူဆယ်မှ တောင်ကြီးသို့ လိမ်လည် လူကုန်ကူးခံရသူ ၃ ဦးကို SSPP စစ်ဆေးရေးဂိတ် ကယ်တင်ခဲ့

မဲခေါင် 23 Mar - 2026
မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့သို့ လိမ်လည် လူကုန်ကူးခံရသည့် အမျိုးသား ၃ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP စစ်ဆေးရေးဂိတ်မှ လမ်းခုလတ်တွင် ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ မူဆယ်မြို့မှ အမျိုးသား ၃ ဦးသည် တောင်ကြီးမြို့တွင် တစ်လ ကျပ်သိန်း ၂၀ ဖြင့် ပြည်သူ့စစ် လုပ်ရမည်ဟု ပွဲစားက ခေါ်သဖြင့် မတ် ၂၂ ရက်တွင် ပွဲစားက စီစဉ်ပေးသည့်ကားဖြင့် လိုက်သွားခဲ့ရာ လမ်းခုလတ် ရောက်သည့်အခါမှ လိမ်လည် လူကုန်ကူးခံရကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။ ယင်းသို့ သိရှိပြီးနောက် နမ့်လမ် – ကျောက်ဂူကြားရှိ

မဲခေါင်၊ မတ် ၂၃

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့သို့ လိမ်လည် လူကုန်ကူးခံရသည့် အမျိုးသား ၃ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP စစ်ဆေးရေးဂိတ်မှ လမ်းခုလတ်တွင် ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မူဆယ်မြို့မှ အမျိုးသား ၃ ဦးသည် တောင်ကြီးမြို့တွင် တစ်လ ကျပ်သိန်း ၂၀ ဖြင့် ပြည်သူ့စစ် လုပ်ရမည်ဟု ပွဲစားက ခေါ်သဖြင့် မတ် ၂၂ ရက်တွင် ပွဲစားက စီစဉ်ပေးသည့်ကားဖြင့် လိုက်သွားခဲ့ရာ လမ်းခုလတ် ရောက်သည့်အခါမှ လိမ်လည် လူကုန်ကူးခံရကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။

ယင်းသို့ သိရှိပြီးနောက် နမ့်လမ် – ကျောက်ဂူကြားရှိ SSPP စစ်ဆေးရေးဂိတ် အရောက်တွင် SSPP တပ်ဖွဲ့ကို အကူအညီတောင်းသဖြင့် ကယ်တင်ခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဉ်သိရှိသူက ပြောသည်။

“အရင်သွားဖူးတဲ့ လူတစ်ယောက်က အဲ့အလုပ်က တကယ်မဟုတ်ဘူး၊ လိမ်ပြီး လူကုန်ကူးတာ မသွားကြနဲ့လို့ ဆက်သွယ်ပြီး အသိပေးတယ်။ အဲဒီသတိပေးတဲ့ တစ်ယောက်က အရင်အဲ့ပွဲစားနဲ့ သွားဖူးတာ တောင်ကြီးရောက်တော့ အလုပ်မလုပ်ရဘဲ အဖမ်းခံရပြီး အချုပ်တစ်ခုထဲ ရောက်သွားတယ်။ ရက်၂၀ ကျော်ကြာမှ ထွက်ပြေး လွတ်မြောက်လာတာ၊ အဲဒါကြောင့် အခု ၃ ယောက်ကလည်း ပွဲစားကို ဆက်သွယ်ပြီး လမ်းမှာသုံးဖို့ မရှိလို့ ပိုက်ဆံလွှဲပေးဦးလို့ ပြောတာ ပွဲစားက ပိုက်ဆံမလွှဲပေးဘူး၊ ပြီးတော့ ဖုန်းတွေကိုလည်း အကုန်သိမ်းခိုင်းလိုက်တယ်။ အဲ့ဒါကြောင့် သူတို့ ၃ ယောက်လည်း လူကုန်ကူးခံရပြီဆိုတာ ရိပ်မိတော့ SSPP ဂိတ်ကို ရောက်တဲ့အခါမှ ရှမ်းစကားတတ်တဲ့ တစ်ယောက်က SSPP ကို ကယ်ဖို့ အကူအညီတောင်းလို့ SSPP က ကယ်ထားလိုက်တာ”ဟု ၎င်းက ဆိုသည်။

လူကုန်ကူးခံရသည့် အမျိုးသား ၃ ဦးကို SSPP က စခန်းတွင် ကယ်တင်ထားစဉ်အတွင်း မန္တလေးမြို့မှ လူနာပို့ပြီး ပြန်လာသည့် လက်ဖက်ညွန့် လူမှုကူညီရေးအသင်းကားနှင့် ကြုံသဖြင့် ယင်းအသင်းကားဖြင့် မူဆယ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

“ကျနော်တို့က မန္တလေးကနေ လူနာပို့ပြီး ပြန်လာတာ၊ အဲဒီဂိတ် ရောက်တော့မှ အဲဒီယောင်္ကျားလေး ၃ ယောက် အလိမ်ခံရပြီး လူကုန်ကူးခံရမှန်း အကြောင်းအကျိုး သိလိုက်ရတာပေါ့။ ကျနော်တို့လည်း မူဆယ်ပြန်မယ်၊ သူတို့လည်း မူဆယ်ပြန်သွားမယ်ဆိုတဲ့အခါကျတော့ လမ်းကလည်းတစ်ကြောင်းတည်းပဲမို့ ကူညီပြီး ပြန်ခေါ်လာပေးတာပါ။ ပြောရရင် အဖြစ်က ကျားဖြန့်လိုပဲ လိမ်ပြီး လူကုန်ကူးခံရတာ သတိထားကြဖို့ အယုံမလွယ်ဖို့ လိုပါတယ်” ဟု လက်ဖက်ညွန့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလုပ်ရှာဖွေသည့် လူငယ်များအနေဖြင့် လူလိမ် ကျားဖြန့်များ၏ သားကောင်များ မဖြစ်စေရန် အွန်လိုင်းပေါ်မှ တိကျသေချာမှု မရှိသည့် အလုပ်ခေါ်စာများ၊ ပွဲစားများကို အလွယ်တကူ ယုံကြည်ခြင်းမရှိဘဲ သတိထားရန် လိုအပ်ကြောင်းလည်း သတင်းရင်းမြစ်က တိုက်တွန်းသည်။

#MeKongNews
#မူဆယ်
#တောင်ကြီး
#လူကုန်ကူး
#SSPP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now