ကမ္ဘာ့သတင်း

တိုက်ခိုက်မခံရမီ စက္ကန့်ပိုင်းတွင် အပြင်ထွက်သွားသဖြင့် အီရန်အဓိပတိသစ် သေဘေးမှ လွတ်မြောက်ခဲ့ဟုဆို

မဲခေါင် 18 Mar - 2026
မဲခေါင်၊ မတ် ၁၈ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က အီရန်မြို့တော် တီဟီရန်ရှိ နန်းတော်ကို အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး လေကြောင်းတိုက်ခိုက်ခဲ့ရာ ခေါင်းဆောင် အယာတိုလာခါမီနီ နှင့် အတူ စစ်ဘက်အကြီးအကဲ ၅၀ နီးပါး သေဆုံးခဲ့ပြီးနောက် အယာတိုလာလက်သစ်အဖြစ် တင်မြှောက်လိုက်သော သားဖြစ်သူ မော့ဂျ်တာဘာခါမေနီမှာ ဗုံးကြဲမတိုက်ခိုက်မီ စက္ကန့်ပိုင်းအလိုတွင် အပြင်ထွက်သွားခဲ့သဖြင့် ကံကောင်းစွာ လွတ်မြောက်သွားခဲ့သည်ဟု အီရန် စစ်ဘက်အကြီးအကဲ ပြောဆိုသည့် အသံဖိုင် ပေါက်ကြားလာသည်။ ထိုပေါက်ကြားမှုကို The Telegraph က ရရှိပြီး မတ် ၁၂ ရက်က ခါမေနီ၏ လုပ်ငန်းစဉ်ရေးရာရုံး အကြီးအကဲ မက်ဇဟာဟော့ဆီနီက သီးသန့် အစည်းအဝေးပွဲတစ်ခုတွင်

မဲခေါင်၊ မတ် ၁၈

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က အီရန်မြို့တော် တီဟီရန်ရှိ နန်းတော်ကို အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး လေကြောင်းတိုက်ခိုက်ခဲ့ရာ ခေါင်းဆောင် အယာတိုလာခါမီနီ နှင့် အတူ စစ်ဘက်အကြီးအကဲ ၅၀ နီးပါး သေဆုံးခဲ့ပြီးနောက် အယာတိုလာလက်သစ်အဖြစ် တင်မြှောက်လိုက်သော သားဖြစ်သူ မော့ဂျ်တာဘာခါမေနီမှာ ဗုံးကြဲမတိုက်ခိုက်မီ စက္ကန့်ပိုင်းအလိုတွင် အပြင်ထွက်သွားခဲ့သဖြင့် ကံကောင်းစွာ လွတ်မြောက်သွားခဲ့သည်ဟု အီရန် စစ်ဘက်အကြီးအကဲ ပြောဆိုသည့် အသံဖိုင် ပေါက်ကြားလာသည်။

ထိုပေါက်ကြားမှုကို The Telegraph က ရရှိပြီး မတ် ၁၂ ရက်က ခါမေနီ၏ လုပ်ငန်းစဉ်ရေးရာရုံး အကြီးအကဲ မက်ဇဟာဟော့ဆီနီက သီးသန့် အစည်းအဝေးပွဲတစ်ခုတွင် ပြောဆိုခဲ့သည့် အသံဖိုင်ဖြစ်ကြောင်း ဖော်ထုတ် ရေးသားသွားခဲ့သည်။

ယင်းအသံဖိုင်တွင် “ဘုရားသခင် အလိုတော်ပဲ။ တိုက်ခိုက်မခံရမီ စက္ကန့်ပိုင်းကမှ အပြင်ထွက်သွားခဲ့လို့ ခြေထောက်မှာ ဒဏ်ရာ မဆိုစလောက်လေး ရသွားတယ်။ သူ့ဇနီးကတော့ အာဇာနည်းဘ၀ ပြောင်းသွားတယ်။ ဒုံးကျည် ၃ လုံးက ခါမေနီရုံးချုပ် နန်းတော်ကို ထိတယ်ထင်တယ်။ စစ်ရေးချုပ်ကတော့ အလောင်းတောင် ကောက်မရဘဲ အသားစ ကီလိုအနည်းငယ်လောက်ပဲ ပြန်ကောက်နိုင်အောင် တစ်စစီ ဖြစ်သွားတယ်။ ဒုံးကျည်က အရမ်းပြင်းတော့ အောက်ထပ်မှာ ရှိနေတဲ့ ခါမီမေနီရဲ့ ယောက်ဖ မစ်ဘာကတော့ ခေါင်းတစ်ခြမ်းလုံး ပြတ်ထွက်သွားတယ်။ ခါမေနီရဲ့ အကြီးဆုံးသားနဲ့ ဇနီးကတော့ ဒဏ်ရာမရဘဲ လွတ်သွားတယ်” ဟု မက်ဇဟာ၏ ပြောသံ ပါရှိနေခြင်း ဖြစ်သည်။

အစ္စရေး ထောက်လှမ်းရေး မော့ဆက်နှင့် အမေရိကန်၏ CIA တို့ ရရှိသည့် သတင်းအတိအကျကြောင့် ယင်းတိုက်ခိုက်မှုကို နေ့ခင်းကြောင်တောင် တိုက်ခဲ့ခြင်းဖြစ်ကာ အစတွင် ညဘက်မှ ချဉ်းနင်းတိုက်ခိုက်ရ န်စီစဉ်ထားသော်လည်း ခါမေနီနန်းတော်၌ ထိုအချိန်တ္င် အီရန် အကြီးအကဲအားလုံး အစည်းအဝေး လုပ်မည်ကို သိရသဖြင့် ချက်ချင်းပြင်ဆင် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟုလည်း brother-in-lawhe Telegraph က ဖော်ပြသွားခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#အီရန်
#အဓိပတိသစ်
#သေဘေး
#လွတ်မြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now