ကမ္ဘာ့သတင်း

လျှပ်စစ်မီးမရတော့သော ကျူးဘားကို လုပ်ချင်သလိုလုပ်သိမ်းပိုက်နိုင်ဟု ဒေါ်နယ်ထရမ့် ကြုံးဝါး

မဲခေါင် 17 Mar - 2026
မဲခေါင်၊ မတ် ၁၇ ကျူးဘားကျွန်းနိုင်ငံသည် ဗင်နီဇွဲလားမှ ရေနံအဓိကတင်သွင်းရာ မဟာမိတ်နိုင်ငံဖြစ်ရာ ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို အမေရိကန်ဘက်က ဖမ်းဆီးခေါ်ဆောင်သွားအပြီး မည်သည့် ရေနံတင်သင်္ဘောမှ ရောက်မလာသည်မှာ ၃ လကြာခဲ့ပြီဖြစ်သောကြောင့် ကျွန်းနေရာအားလုံးနီးပါး လျှပ်စစ်မီး ပြတ်တောက်သွားရပြီ ဖြစ်သည်။ ပြည်သူ ၁၀ သန်းကျော် လျှပ်စစ်မီးမရတော့ဘဲ ဗင်နီဇွဲလားအရေး စကတည်းက တစ်နေ့ နာရီ ၂၀ မီးပြတ်သည့်ဒဏ်ခံနေရသည့် ကျူးဘားပြည်သူများ ယခု အားလုံးနီးပါး မီးမရတော့သည့် အဖြစ်သို့ ရောက်ရှိပြီးနောက် ဒေါ်နယ်ထရမ့်က ကျူးဘားကို မိမိ ဆန္ဒရှိသည့်အလျှောက် မှောက်လိုမှောက် လှန်လိုလှန် သိမ်းလိုသိမ်းပိုက်နိုင်သည်ဟု Air Force One ပေါ်မှတဆင့် သတိပေးပြောကြားသွားခဲ့သည်။ ကျူးဘားသည်

မဲခေါင်၊ မတ် ၁၇

ကျူးဘားကျွန်းနိုင်ငံသည် ဗင်နီဇွဲလားမှ ရေနံအဓိကတင်သွင်းရာ မဟာမိတ်နိုင်ငံဖြစ်ရာ ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို အမေရိကန်ဘက်က ဖမ်းဆီးခေါ်ဆောင်သွားအပြီး မည်သည့် ရေနံတင်သင်္ဘောမှ ရောက်မလာသည်မှာ ၃ လကြာခဲ့ပြီဖြစ်သောကြောင့် ကျွန်းနေရာအားလုံးနီးပါး လျှပ်စစ်မီး ပြတ်တောက်သွားရပြီ ဖြစ်သည်။

ပြည်သူ ၁၀ သန်းကျော် လျှပ်စစ်မီးမရတော့ဘဲ ဗင်နီဇွဲလားအရေး စကတည်းက တစ်နေ့ နာရီ ၂၀ မီးပြတ်သည့်ဒဏ်ခံနေရသည့် ကျူးဘားပြည်သူများ ယခု အားလုံးနီးပါး မီးမရတော့သည့် အဖြစ်သို့ ရောက်ရှိပြီးနောက် ဒေါ်နယ်ထရမ့်က ကျူးဘားကို မိမိ ဆန္ဒရှိသည့်အလျှောက် မှောက်လိုမှောက် လှန်လိုလှန် သိမ်းလိုသိမ်းပိုက်နိုင်သည်ဟု Air Force One ပေါ်မှတဆင့် သတိပေးပြောကြားသွားခဲ့သည်။

ကျူးဘားသည် အမေရိကန်ကို စိန်ခေါ်ကာ ဗင်နီဇွဲလားအပြင် အဓိက မူးယစ်ဆေးဝါးတင်ပို့ရာ တောင်အမေရိကနိုင်ငံများနှင့် မဟာမိတ်လုပ်ပြီး အမေရိကန်သို့ မူးယစ်ဆေးသွင်းရာ ကွန်းထောက် ကျွန်းဖြစ်လာသောကြောင့် ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ၏ ၅၁ ပြည်နယ်မြောက် ပြည်နယ်သစ် ဖြစ်လာနိုင်သည်ဟုဆိုကာ သိမ်းပိုက်ရန် ကြုံးဝါးထားဖူးသည်။

ယခုနောက်ဆုံး “ငယ်ငယ်ကတည်းက ကျွန်တော်တို့ကြားဖူးနေတာ ဘယ်တော့ ကျူးဘားကို အမေရိကန်သိမ်းမလဲ ဆိုတဲ့ အသံတွေပါ။ အခုကျွန်တော့်လက်ထက်မှာ ကျူးဘားကို တက်သိမ်းခဲ့မယ်ဆိုရင် ဂုဏ်ယူစရာကြီးပါ။ လက်ရှိကျူးဘားဆိုတာ အရာအားလုံး လဲပြိုနေတဲ့ ချိနဲ့နိုင်ငံ(weakened state) ပါ။ ဒါကြောင့် ကျွန်တော် သိမ်းချင်တယ်လို့ ခံစားရရင် သိမ်းလိုက်ရုံပဲ။ မသိမ်းချင်ဘူးဆိုလည်း သဘောအတိုင်းပဲ။ ခင်ဗျားတို့ အမှန်တရားကို သိချင်တယ်ဆိုရင်ပြောမယ်။ ကျူးဘားကို ကျွန်တော် လုပ်ချင်ရာ လုပ်နိုင်တယ်” ဟု ဒေါ်နယ်ထရမ့်က ပြောဆိုသွားခဲ့သည်။

သို့သော် ထရမ့်က လက်ရှိ အီရတ်နှင့်တိုက်ခိုက်နေသည့် အရှေ့အလယ်ပိုင်းအရေးပြီးမှ ကျူးဘားအရေး ဖြေရှင်းမည်ဟုဆိုကာ ရင်းနှီးချစ်ကြည်စွာဖြင့် ဆွေးနွေးပြီး သိမ်းယူသည်မျိုး မဖြစ်လျှင်လည်း ရန်သူလို သိမ်းယူမှုမျိုးဖြစ်နိုင်သည်ဟုပါ ကြုံးဝါးပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ကျူဘား
#ဒေါ်နယ်ထရမ့်
#လျှပ်စစ်မီး
#ရေနံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now