ကမ္ဘာ့သတင်း

စတာလင်၏ နန်းတော်ရာဟောင်းတွင် ပူတင် လျှို့ဝှက်နန်းတော် တည်ဆောက်နေမှု ပေါက်ကြား

မဲခေါင် 16 Mar - 2026
မဲခေါင်၊ မတ် ၁၆ ဆိုဗိယက်ခေါင်းဆောင် စတာလင်နေထိုင်ရန် စီစဉ်ခဲ့သော နန်းတော်ဟောင်းကို ပူတင်သည် နောက်ဆုံးသော လျှို့ဝှက်ဘန်ကာ နန်းတော်အဖြစ် ပြန်လည်တည်ဆောက်နေမှု စီမံကိန်းလျှို့ဝှက်ချက် ပေါက်ကြားလာခဲ့သည်။ အသက် ၇၃ နှစ်ရှိပြီဖြစ်သော ပူတင်သည် ယူကရိန်းဒရုန်းတစ်စီး ယခင်နေအိမ်နား ကျရောက်ပြီးနောက် အကြောက်လွန်ကာ ပင်လယ်နက်ကမ်းခြေ ဆိုချီမြို့ရှိ စတာလင်နန်းတော်ဟောင်း နေရာကို ဘူဒိုဇာများဖြင့် ရှင်းလင်းခဲ့ပြီး တားမြစ်နေရာများ ကျယ်ဝန်းစွာ သတ်မှတ်ခြင်း၊ မြေအောက်ဘန်ကာများစွာ ထည့်သွင်းပြီးညအသစ်ဆောက်လုပ်ခြင်း၊ ပင်လယ်ကမ်းခြေ တစ်လျှောက်မှ ရန်သူများဝင်ရောက်လာခြင်း မရှိစေရန် အကာအရံများ ဆောက်လုပ်ခြင်း၊ အဆင့်အမြင့်ဆုံး လေကြောင်းရန်ကာကွယ်ရေးစနစ်များ တပ်ဆင်ရန် တည်ဆောက်နေကြောင်း လွတ်လပ်သော မီဒီယာ Proekt က ရေးသားဖော်ပြခဲ့သည်။ ၂၀၂၄ ခုနှစ်ကတည်းက

မဲခေါင်၊ မတ် ၁၆

ဆိုဗိယက်ခေါင်းဆောင် စတာလင်နေထိုင်ရန် စီစဉ်ခဲ့သော နန်းတော်ဟောင်းကို ပူတင်သည် နောက်ဆုံးသော လျှို့ဝှက်ဘန်ကာ နန်းတော်အဖြစ် ပြန်လည်တည်ဆောက်နေမှု စီမံကိန်းလျှို့ဝှက်ချက် ပေါက်ကြားလာခဲ့သည်။

အသက် ၇၃ နှစ်ရှိပြီဖြစ်သော ပူတင်သည် ယူကရိန်းဒရုန်းတစ်စီး ယခင်နေအိမ်နား ကျရောက်ပြီးနောက် အကြောက်လွန်ကာ ပင်လယ်နက်ကမ်းခြေ ဆိုချီမြို့ရှိ စတာလင်နန်းတော်ဟောင်း နေရာကို ဘူဒိုဇာများဖြင့် ရှင်းလင်းခဲ့ပြီး တားမြစ်နေရာများ ကျယ်ဝန်းစွာ သတ်မှတ်ခြင်း၊ မြေအောက်ဘန်ကာများစွာ ထည့်သွင်းပြီးညအသစ်ဆောက်လုပ်ခြင်း၊ ပင်လယ်ကမ်းခြေ တစ်လျှောက်မှ ရန်သူများဝင်ရောက်လာခြင်း မရှိစေရန် အကာအရံများ ဆောက်လုပ်ခြင်း၊ အဆင့်အမြင့်ဆုံး လေကြောင်းရန်ကာကွယ်ရေးစနစ်များ တပ်ဆင်ရန် တည်ဆောက်နေကြောင်း လွတ်လပ်သော မီဒီယာ Proekt က ရေးသားဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ်ကတည်းက ပူတင်သည် ၁ ဒသမ ၂ စတုရန်းမိုင် ကျယ်ဝန်းသည့် စတာလင်နန်းတော်ဟောင်းကို ဘူဒိုဇာဖြင့်ထိုးဖျက်ခြင်း၊ အနီးပတ်ဝန်းကျင်တစ်လျှောက် နေထိုင်သူများအားလုံးကို ဖယ်ရှားကာ တားမြစ်ဇုန်များအဖြစ်ထားရှိမှုတွင် ဒရုန်းများ၊ လေသေနတ်ပစ်ကလပ်များ၊ ဆေးသေနတ်ပစ်ကွင်းများ၊ ရဟတ်ယာဉ်ဆင်းသက်ကွင်းများ၊ ကားနှင့်ဆိုင်ကယ်ပြင်ဆိုင်များ၊ မွေးမြူရေးခြံများ၊ ဘန်နာများတစ်ခုမှ ထားရှိတပ်ဆင်ခြင်းမပြုရဟု အမိန့်ထုတ်ပြီး ယင်းမြေအောက်နန်းတော်သစ်ကို တည်ဆောက်နေခြင်းဖြစ်သည်ဟု Proekt မီဒီယာအပြင် Agentsvo မီဒီယာတို့ကပါ ဂြိုဟ်တုဓာတ်ပုံများနှင့်အတူ လျှို့ဝှက်ချက်ကို ဖော်ပြသွားခဲ့သည်။

ယခင်ထို နန်းတော်ကို စတာလင်နေထိုင်ရန် တည်ဆောက်ခဲ့သော်လည်း တည်ဆောက်မှုမပြီးဆုံးမီ သေဆုံးသွားခဲ့ပြီး ဆက်ခံသူ ဆိုဗိယက်ခေါင်းဆောင် နီကီတာခရူးရှက်ဗ်က အပြီးသတ် ဆက်လက်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ယခု ထိုနန်းတော်ကို ဘူဒိုဇာဖြင့် ပြန်ထိုးပြီး ပူတင်က သူ့အတွက် နောက်ဆုံးပုန်းခိုရာ ဘန်ကာနန်းတော်အဖြစ် တည်ဆောက်နေခြင်း ဖြစ်သည်။

ပူတင်သည် အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်တတ်သူ ဖြစ်ကာ လျှို့ဝှက်ချစ်သူ ကျွမ်းဘားမယ် ကာဘေးဗားနှင့် ရခဲ့သည့် အီဗန် (၁၁ နှစ်)၊ ဗလာဒီမာ (၆နှစ်) တို့ အတူနေထိုင်ရာ လုံခြုံရေးစနစ်များ အပြည့်အ၀ တပ်ထားသည့် နန်းတော်၊ နိုင်ငံအနောက်မြောက်ပိုင်း ဂယ်လန်ဇစ်ခ်ရှိ ပေါင်တစ်ဘီလီယံတန် နန်းတော်အပါ အခြား လျှို့ဝှက်နေထိုင်ရာ နန်းတော်များစွာ တည်ဆောက်ထားသူဖြစ်သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#စတာလင်
#နန်းတော်ရာဟောင်း
#ပူတင်
#လျှို့ဝှက်နန်းတော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now