နေ့စဥ်သတင်း

ကွတ်ခိုင်မြို့ကို MNDAA ထိန်းချုပ်၊ မြို့ပြင်ဘက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

မဲခေါင် 15 Mar - 2026
မဲခေါင်၊ မတ် ၁၅ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို ယနေ့ မတ်လ ၁၅ ရက် ညနေပိုင်းတွင် ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၅ နာရီခန့်မှစ၍ မွန်းလွဲ ၁ နာရီဝန်းကျင်အထိ မြို့ပေါ်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် TNLA တပ်ဖွဲ့သည် ၎င်းတို့တပ်စွဲထားသည့် ဗျူဟာကုန်းနောက်ဘက်သို့ ဆုတ်ခွာသွားသဖြင့် မြို့ပေါ်ကို MNDAA က ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။ “ညနေ ၃ နာရီလောက်မှာ မြို့တွင်းဧရိယာထဲ ပစ်ခတ်သံ မကြားရတော့ပေမဲ့ တပ်တွင်းနဲ့ တပ်အလွန်က တောစပ်တွေမှာတော့ ဆက်ပြီး ပစ်ခတ်နေကြတုန်းပဲ။ ဒရုန်းတွေလည်း ခေါက်တုံ့ခေါက်ပြန်

မဲခေါင်၊ မတ် ၁၅

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို ယနေ့ မတ်လ ၁၅ ရက် ညနေပိုင်းတွင် ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၅ နာရီခန့်မှစ၍ မွန်းလွဲ ၁ နာရီဝန်းကျင်အထိ မြို့ပေါ်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် TNLA တပ်ဖွဲ့သည် ၎င်းတို့တပ်စွဲထားသည့် ဗျူဟာကုန်းနောက်ဘက်သို့ ဆုတ်ခွာသွားသဖြင့် မြို့ပေါ်ကို MNDAA က ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

“ညနေ ၃ နာရီလောက်မှာ မြို့တွင်းဧရိယာထဲ ပစ်ခတ်သံ မကြားရတော့ပေမဲ့ တပ်တွင်းနဲ့ တပ်အလွန်က တောစပ်တွေမှာတော့ ဆက်ပြီး ပစ်ခတ်နေကြတုန်းပဲ။ ဒရုန်းတွေလည်း ခေါက်တုံ့ခေါက်ပြန် ပျံသန်းတိုက်ခိုက်နေတာဆိုတော့ မြို့နဲ့ အတန်သင့်ဝေးတဲ့နေရာမှာ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက် နံနက်ပိုင်းမှစ၍ ကွတ်ခိုင်မြို့တွင်းရှိ TNLA တပ်စခန်းများကို MNDAA က စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ညနေပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှစ်ရက်တာ တိုက်ပွဲအတွင်း ဒေသခံများသည် နေအိမ်များအတွင်း၌သာ ခိုလှုံနေကြပြီး တိုက်ပွဲကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (Church) တစ်ကျောင်းနှင့် နေအိမ်အချို့ ဒရုန်းဗုံး ထိမှန်ပျက်စီးခဲ့ကာ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သိရသည်။

MNDAA သည် ဖေဖော်ဝါရီ ၁၃ ရက်က စတင်ခဲ့သည့် အပြန်အလှန် ပစ်ခတ်မှုဖြစ်စဉ် တစ်လပြည့်သည့် မတ်လ ၁၄ ရက်တွင် TNLA တပ်စခန်းများဖြစ်သည့် မန်ပြိန်း၊ ကောင်းခါးလမ်းခွဲရှိ စခန်းများကို လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းဗုံးများဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကွတ်ခိုင်ရှိ ဗျူဟာတပ်ကုန်း၊ ရှုခင်းသာရှိ ကာကင်းကုန်းနှင့် လွိုင်ဆမ်ဆစ် တောင်ကုန်းစခန်းများကိုလည်း ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ဂိတ်ရှိ TNLA တပ်ဖွဲ့ဝင် ၄၇ ဦးနှင့် လက်နက် ၄၈ လက်ကို MNDAA က ဖမ်းဆီးသိမ်းယူခဲ့ကြောင်းလည်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းအပြင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ မုံးဟွမ်၊ ရှောက်ဟော်၊ လွယ်ကန်၊ မန်ဂျယ်နှင့် နမ့်ဖတ်ကာရွာရှိ တပ်စခန်းများကိုလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

MNDAA အနေဖြင့် ကွတ်ခိုင်-နမ့်ခမ်းနယ်စပ်ရှိ ၁၂ မိုင်ကုန်းကိုလည်း တိုက်ခိုက်ထားသဖြင့် စစ်မီးသည် နမ့်ခမ်းမြို့အထိ ကူးစက်လာနိုင်သဖြင့် စောင့်ကြည့်နေကြကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။

MNDAA ဘက်ကမူ TNLA က စတင်ပစ်ခတ်သဖြင့် ပြန်လည်ခုခံတိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#MeKongNews
#ကွတ်ခိုင်
#ရှမ်းမြောက်
#TNLA
#ကိုးကန့်
#ညီနောင်မဟာမိတ်၃ဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now