မဲခေါင်၊ မတ် ၈
စက်သုံးဆီး ရရှိရန်အတွက် ဆိုင်ကယ်ဖြင့်တန်းစီနေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို တာလေမြို့၊ ရန်ကင်းဆီပန့်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် မတ်လ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီရရှိရန် တိုးဝှေ့နေစဉ် ထိုးကြိတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူ ဒေသခံတစ်ဦးက ပြောသည်။
“ဆီထည့်ဖို့ စောင့်နေတဲ့လူတွေအများကြီးကြားမှာ၊ ဆိုင်ကယ်တန်းစီနေရင်း ဝင်ပေါက်နားမှာဖြစ်တာ။ တချို့ပြည်သူ့စစ်တွေကလဲ ရိုင်းကို ရိုင်းတာပါ” ဟု မျက်မြင်တွေ့သူက ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်းတွင် စက်သုံးဆီရရှိမှု အကန့်အသတ်ကြောင့် ဆီပန့်များတွင် အချိန်အကန့်အသတ်၊ ပမာဏ အကန့်အသတ်ဖြင့်သာ ရောင်းချပေးသည့်အတွက် လူအများ တိုးဝှေ့ဝယ်ယူကြရခြင်း ဖြစ်သည်။
ထိုးကြိတ်မှုဖြစ်ပွားသည့် ရန်ကင်းဆီပန့်မှာ တာလေမြို့၊ ကျာကူနီပြည်သူ့စစ်ခေါင်းဆောင် ဦးအားချိုင်(ခ)ဦးကျာစီးပိုင်ဆိုင်သည့် စက်သုံးဆီဆိုင်ဖြစ်သည်။
#MeKongNews
#တာလေမြို့
#စက်သုံးဆီ
#မီးသတ်တပ်ဖွဲ့
#ပြည်သူ့စစ်
#ရန်ကင်းဆီပန့်








