မဲခေါင်၊ မတ် ၅
အီရန်ကို အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး နာရီ ၁၀၀ တိုက် ခိုက်ခဲ့ပြီးနောက် အမေရိကန် ထောက်ပံ့မှုနှင့် အီရတ် ကာ့ဒ်လက်နက်ကိုင်တပ်များနှင့် အစ္စ ရေးတပ်များ ပူးပေါင်းပြီး ခါမေနီ၏ လက်ကျန် အီရန် တော် လှန်ရေးအစောင့်တပ်ကို ဖြိုခွင်းရန် နယ်စပ် ဖြတ်ကျော်ကာ မြေ ပြင်စစ်ထိုးမှု စတင်ပြီဟု သတင်းများ ထွက်ပေါ်လာသည်။
အမေရိကန်နှင့် အစ္စရေးတို့ တိုက် ခိုက်မှုကြောင့် အီရန် ဘာသာရေးနှင့် နိုင်ငံခေါင်းဆောင် ခါမေနီနှင့် မိသားစုအပါ တော် လှန်ရေးအစောင့်တပ်မှ စစ်ဘက်အကြီးအကဲပေါင်း ၄၇ ယောက်အထိ သေဆုံးခဲ့ပြီး ဖြစ်သလို တော်လှန်ရေးအစောင့်တပ် ဌာန ချုပ်သည်လည်း တစ်စစီ ပြိုလဲသွားပြီး ဖြစ်သည်။
ထိုအခြေအနေတွင် အမေရိကန်သည် ခါမေနီထူ ထောင်ခဲ့သည့် အစ္စလာမ္မစ်အစိုးရ တစ်ရပ်လုံးအား ဖြိုဖျက်နိုင်ရေး အမေရိကန်စစ်သည်များကို အီရန်နိုင်ငံအတွင်း ဦးစွာ ဝင်ရောက်စေခြင်းမပြုဘဲ အီရန် နှင့် အစဉ်အလာ ရန်သူတော်များဖြစ်ခဲ့သော အီရတ် ကာ့ဒ်လက်နက်ကိုင်တပ်များကို အစ္စရေးတပ်များ နှင့် ပူးပေါင်းကာ အီရန်နိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော်ပြီး မြေပြင်ထိုးစစ် စတင်ပြီဟု သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကာ့ဒ်လက်နက်ကိုင် အုပ်စုများ သည် ကာလရှည် လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာ ရှိနေကာ ဒေါ်နယ်ထရမ့်သည် အီရတ်အ ခြေစိုက် အဓိက ကာ့ဒ်တပ်ဖွဲ့ခေါင်းဆောင် ၂ ဦးဖြစ်သည့် မာဆွတ်ဘာဇာနီနှင့် ဘာဖယ်တာလာဘာနီတို့ကို ခါမေနီနန်းတော်အား ဗုံးကြဲအပြီး နောက်ရက်မှာပင် ဆက်သွယ်ကာ အီရန်နိုင်ငံအတွင်း မြေပြင်ထိုးစစ် ဝင်ရောက်ရန် ကမ်းလှမ်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသ ဝန်ကြီးချုပ်ရုံးမှ ဒုစစ်ဦးစီးချုပ် အဇစ်အာမက်ကမူ လက်ရှိအထိ အီရန် နိုင်ငံအတွင်း ကာ့ဒ်စစ်သားတစ်ဦးမျှ ဝင်ရောက်ခြင်းမရှိသေးဟု ငြင်းပယ်ခဲ့သော်လည်း အမေရိကန်နှင့် အစ္စရေးတို့၏ အီရန် အာဏာရှင် ခါမေနီအစိုးရဖြုတ်ချရေး တိုက်ခိုက်မှုကို အားပေး ထောက်ခံသည်ဟု ပြောသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အီရတ်
#ကာ့ဒ်တပ်ဖွဲ
#အစ္စရေးတပ်
#အီရန်
#မြေပြင်ထိုးစစ်








