ကမ္ဘာ့သတင်း

မော့ဆက်က တီဟီရန်မြို့လမ်းပေါ်ကင်မရာများကို Hack ပြီး ခါမီနီကို ရှင်းလင်းခဲ့

မဲခေါင် 4 Mar - 2026
မဲခေါင်၊ မတ် ၄ ကမ္ဘာကျော် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်သည် လွန်ခဲ့သည့်နှစ်များစွာကတည်းက အီရန်နိုင်ငံ၏ ယာဉ်ကြောပိတ်ဆို့မှုပြ ကင်မရာများကို Hack ထားနိုင်ခဲ့ခြင်းကြောင့် တီဟီရန်မြို့အား ဂျေရုဆလင်မြို့ကဲ့သို့ နေရာလွတ်မကျန် သိထားခဲ့ကြောင်း မော့ဆက် အရာရှိ တစ်ဦးက ထုတ်ပြန်ပြောဆိုသွားခဲ့သည်။ မတ်လ ၁ ရက်နေ့က အီရန်ခေါင်းဆောင် ခါမီနီသည် တီဟီရန်မြို့ရှိ နေထိုင်ရာ နန်းတော်တွင် လက်ပါးစေများနှင့် မနက်ပိုင်း စစ်ရေးအခြေအနေတိုင်ပင်နေချိန် စက္ကန့် ၃၀ အတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် နန်းတော်ကြီးမှာ ကျင်းချိုင့်ကြီးအဖြစ် ချက်ချင်းပြောင်းသွားခဲ့ပြီး ခါမီနီလင်မယား၊ သမီး၊ သားမက်နှင့်မြေးများအပါ စစ်ရေးအကြီးအကဲ ၄၈ ယောက် သေဆုံးခဲ့ရသည်။ ခါမီနီသည် ဗင်နီဇွဲလားသမ္မတ မာဂျူရိုအား

မဲခေါင်၊ မတ် ၄

ကမ္ဘာကျော် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်သည် လွန်ခဲ့သည့်နှစ်များစွာကတည်းက အီရန်နိုင်ငံ၏ ယာဉ်ကြောပိတ်ဆို့မှုပြ ကင်မရာများကို Hack ထားနိုင်ခဲ့ခြင်းကြောင့် တီဟီရန်မြို့အား ဂျေရုဆလင်မြို့ကဲ့သို့ နေရာလွတ်မကျန် သိထားခဲ့ကြောင်း မော့ဆက် အရာရှိ တစ်ဦးက ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

မတ်လ ၁ ရက်နေ့က အီရန်ခေါင်းဆောင် ခါမီနီသည် တီဟီရန်မြို့ရှိ နေထိုင်ရာ နန်းတော်တွင် လက်ပါးစေများနှင့် မနက်ပိုင်း စစ်ရေးအခြေအနေတိုင်ပင်နေချိန် စက္ကန့် ၃၀ အတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် နန်းတော်ကြီးမှာ ကျင်းချိုင့်ကြီးအဖြစ် ချက်ချင်းပြောင်းသွားခဲ့ပြီး ခါမီနီလင်မယား၊ သမီး၊ သားမက်နှင့်မြေးများအပါ စစ်ရေးအကြီးအကဲ ၄၈ ယောက် သေဆုံးခဲ့ရသည်။

ခါမီနီသည် ဗင်နီဇွဲလားသမ္မတ မာဂျူရိုအား အမေရိကန်ဝင်ဖမ်းသလို ညဘက်မှ စစ်ဆင်ရေးစမည်ထင် ခဲ့ချိန် မော့ဆက်နှင့် CIA တို့ ပူးပေါင်းသတင်းထောက်လှမ်းရယူမှုကြောင့် နေ့ခင်းဘက်ကတည်းက လက်ဦးမှုယူကာ တိုက်ခိုက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

Pasteur လမ်းပေါ်မှ ခါမီနီနန်းတော်ကို အချိန်ကိုက် တိုက်ခိုက်မှုအကြောင်း မော့ဆက်အဖွဲ့ အရာရှိ တစ်ဦးက Financial Times သို့ ပြော သွားရာတွင် ခါမီနီအတွင်းပိုင်းအသိုင်းအဝိုင်းထဲအထိ စပိုင်များ စေလွှတ်ထားသည်မှာကြာခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် တီဟီရန်ကို ဂျေရုဆလင်အား သိသည့်အလား အားလုံးသိကြောင်း၊ တီဟီရန်မြို့ရှိ လမ်းများပေါ်မှ ကင်မရာများအားလုံးကို Hack ထားကာ တဲလ်အဗစ်နှင့် အစ္စရေးတောင်ပိုင်းတို့သို့ ပုံရိပ်များ အဆက်မပြတ် ဖမ်းယူကာပို့ဆောင်နေသဖြင့် ခါမီနီ နှင့် ၎င်း၏ သက်တော်စောင့်များမည်သို့သွားလာကာ မည်သည့်နေရာရောက်နေကြောင်းကို သိရှိကြောင်း ပြောသည်။

တစ်ဦးချင်စီ၏ ကားများ မည်သည့်နေရာတွင် ပါကင်ထိုးထားသနည်းဆိုသည်ကိုလည်းကောင်း၊ ယခင်က မည်သူများက ခါမီနီအသက်ကိုစောင့်ရှောက်ပြီး ယခုမည်သူများကစောင့်ရှောက်နေသည်ကို မျက်ခြေမပြတ်ဘဲ သိထားသဖြင့် လွယ်ကူစွာလုပ်ကြံနိုင်ခဲ့ကြောင်း မော့ဆက်အရာရှိက ပြောသည်။

ထိုမျှမက Pasteur လမ်းအနီး မိုဘိုင်းဖုန်းတာဝါတိုင် ဒါဇင်ချီကို အလုပ်ရှုပ်စေပြီး ခါမီနီအတွက် လုံခြုံရေးအရေးပေါ် သတိပေးချက်များမရောက်နိုင်စေရန် လည်း ပိတ်ပင်နိုင်ခဲ့သဖြင့် အီရန်အား ၃၆ နှစ်ကြာ မတရားအုပ်ချုပ်ခဲ့သည့် ခါမီနီဇာတ်သိမ်းရခြင်းဖြစ် သည်ဟု ရှင်းလင်းပြောကြားသွားခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#မော့ဆက်
#အစ္စရေး
#ခါမေနီ
#တီဟီရန်
#ခါမေနီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now