မဲခေါင်၊ မတ် ၃
ဇီယွန်ဝါဒသည် မွတ်ဆလင်ကမ္ဘာ မတည်မငြိမ်ဖြစ်မှု၏ နောက်ကွယ်မှ မောင်းနှင်အားဖြစ်ပြီး လူသားမျိုးနွယ်အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ကာဝါဂျာအဆစ်ဖ်က ပြောကြားကာ အီရန်စစ်ပွဲသည် ပါကစ္စတန်၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်နေသည်ဟု လူမှုမီဒီယာပို့စ်တစ်ခုတွင် ပြောကြားသည်။
“ပါလက်စတိုင်းမြေပေါ်မှာ အစ္စ ရေးနိုင်ငံတည် ထောင်ခဲ့ချိန်ကနေ ကနေ့အထိ အစ္စလာမ္မစ်က မ္ဘာပေါ် ကျရောက်ခဲ့သမျှ ဘေးဒုက္ခတိုင်း၊ သူတို့အပေါ် သွတ် သွင်းခံရတဲ့ စစ်ပွဲတိုင်းမှာ ဇီယွန်ဝါဒအတွေးအခေါ် နဲ့ နိုင်ငံ တော်ရဲ့ တိုက်ရိုက် သို့မဟုတ် တိုက် ရိုက်မဟုတ်တဲ့ ပါဝင်မှုကို တွေ့ရပါလိမ့်မယ်” ဟု ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ပြောကြားပြီး ပါကစ္စတန်၏ နျူကလီး ယားစွမ်းပကားမှာ ပြင်ပခြိမ်း ခြောက်မှုများအတွက် အ ကာအကွယ် ဖြစ်ကြောင်း ၎င်းက ဝံ့ကြွားခဲ့သည်။
အမေရိကန်နှင့် ညှိနှိုင်းမှုများတွင် သဘောတူညီချက်အတွက် အ ဆင်သင့် ဖြစ်နေသော်လည်း လက်ရှိ ပဋိပက္ခကို အီရန်အပေါ် သွတ်သွင်း ခံခဲ့ရသည်ဟုလည်း အဆစ်ဖ်က စောဒက တက်ခဲ့သည်။
ထိုအတောအတွင်းမှာပင် အမေရိကန် – အစ္စရေး တိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံတစ်ဝန်းတွင် သေဆုံးသူ ၇၈၇ ဦး ရှိလာခဲ့ကြောင်း အီရန်အစိုးရမီဒီယာက လခြမ်းနီ ကြက်ခြေနီ အဖွဲ့အား ကိုးကား၍ ပြောကြားသည်။
အေးကျော်
Ref: Al Jazeer
#MeKongNews
#ဇီယွန်ဝါဒ
#လူသားမျိုးနွယ်
#ခြိမ်းခြောက်မှု
#ပါကစ္စတန်








