ကမ္ဘာ့သတင်း

နိုင်ငံရေး အစည်းအ‌ဝေးမတိုင်မီ ဗိုလ်ချုပ်ကြီး ၉ ဦးအား ပါလီမန်မှ တရုတ် ဖယ်ရှား

မဲခေါင် 28 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၈ နှစ်စဉ်ကျင်းပမြဲ အကြီးမားဆုံး နိုင်ငံရေးအစည်းအဝေးကို လာမည့် သီတင်းပတ်တွင် မကျင်းပမီ စစ်ဘက်မှ ဗိုလ်ချုပ်ကြီး ၉ ဦး အ ပါအဝင် အရာရှိကြီး ၁၉ ဦးအား တရုတ်က လွှတ်တော်မှ ဖယ်ရှားလိုက်သည်။ ၎င်းတို့အား ဖယ်ရှားလိုက်ကြောင်းကို နိုင်ငံ၏ ထိပ်တန်း ဥပ ဒေပြုရေးအဖွဲ့ အမျိုးသားပြည့်သူ့ကွန်ဂရက် – NPC အမြဲ တမ်းကော်မတီက ကြေညာခဲ့ခြင်း ဖြစ်သည်။ ဖယ်ရှားခြင်းနှင့် ပတ်သက်၍ တရားဝင် အကြောင်းပြချက် ဖော်ပြမထားသော်လည်း စစ်ဘက်တွင်ထိပ်တန်း ဗိုလ်ချုပ်ကြီးနှင့် အရင်းနှီးဆုံး စစ်ဘက်မဟာမိတ်တစ်ဦးဖြစ်သူ ကျန်ယူရှားကို ခြစားမှုဟုရည်ညွှန်းသော အသုံးအနှုန်းများဖြင့် သမ္မတ ရှီကျင့်ဖျင်က ထုတ်ပယ်လိုက်ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာပင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၈

နှစ်စဉ်ကျင်းပမြဲ အကြီးမားဆုံး နိုင်ငံရေးအစည်းအဝေးကို လာမည့် သီတင်းပတ်တွင် မကျင်းပမီ စစ်ဘက်မှ ဗိုလ်ချုပ်ကြီး ၉ ဦး အ ပါအဝင် အရာရှိကြီး ၁၉ ဦးအား တရုတ်က လွှတ်တော်မှ ဖယ်ရှားလိုက်သည်။

၎င်းတို့အား ဖယ်ရှားလိုက်ကြောင်းကို နိုင်ငံ၏ ထိပ်တန်း ဥပ ဒေပြုရေးအဖွဲ့ အမျိုးသားပြည့်သူ့ကွန်ဂရက် – NPC အမြဲ တမ်းကော်မတီက ကြေညာခဲ့ခြင်း ဖြစ်သည်။

ဖယ်ရှားခြင်းနှင့် ပတ်သက်၍ တရားဝင် အကြောင်းပြချက် ဖော်ပြမထားသော်လည်း စစ်ဘက်တွင်ထိပ်တန်း ဗိုလ်ချုပ်ကြီးနှင့် အရင်းနှီးဆုံး စစ်ဘက်မဟာမိတ်တစ်ဦးဖြစ်သူ ကျန်ယူရှားကို ခြစားမှုဟုရည်ညွှန်းသော အသုံးအနှုန်းများဖြင့် သမ္မတ ရှီကျင့်ဖျင်က ထုတ်ပယ်လိုက်ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာပင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အာဏာရလာပြီး နောက်ပိုင်းကတည်းက အကျင့်ပျက်ခြစားမှု သည် ကွန်မြူနစ်ပါတီ၏ အကြီးမားဆုံး ရန်သူဖြစ်ကြောင်း ကြွေးကြော်ရင်း ရှီကျင့်ဖျင်က ခြစားမှု တိုက်ဖျက်ရေး လှိုင်းများကို တစ်သုတ်ပြီးတစ်သုတ် လုပ်ဆောင်ခဲ့သည်။

လွှတ်တော်မှ ဖယ်ရှားခံရသူများတွင် တရုတ်စစ်တပ်မြေပြင်တပ်ဖွဲ့ အကြီးအကဲ လီကျောင်မင်းနှင့် ရေတပ်အကြီးအကဲဟောင်း ရှန်ကျင်လောင်းတို့လည်း ပါဝင်ကြောင်း အစိုးရ သတင်းဌာနများက ပြောကြားကြသည်။

အခြား စစ်ဘက်အရာရှိကြီးများနှင့်အတူ မွန်ဂိုလီးယား အတွင်းပိုင်းပါတီ အကြီးအကဲဟောင်း ဆန်ရှောင်ချောင်းလည်း ဖယ်ရှားခံရသူများ စာရင်းတွင် ပါဝင်နေသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလကလည်း အကျင့်ပျက်ခြစားမှု နှိမ်နင်းရေး တစ်စိတ်တပိုင်း အဖြစ် စစ်တပ်မှ ဗိုလ်ချုပ်ကြီး ၉ ဦးကို ရာထူးမှ ဖယ်ရှားခဲ့သည်။

Two Sessions ဟု နာမည်ပေးထားသော နိုင်ငံရေးအစည်းအဝေးပွဲများအတွက် လာမည့် သီတင်းပတ်တွင် ထောင်နှင့်ချီသော ကိုယ်စားလှယ်များ ပေကျင်းမြို့သို့ စုဝေး ရောက်ရှိလာကြမည် ဖြစ်ကာ NPC အစည်းအဝေးနှင့် တရုတ် ပြည်သူ့နိုင်ငံရေး နှီးနှောဖလှယ်မှု ကွန်ဖရင့်သို့ တက်ရောက်ကြမည် ဖြစ်သည်။

မတ်လ ၄ ရက်မှ ၁၁ ရက်အထိကျင်းပမည့် အစည်းအဝေးပွဲများတွင် ၅ နှစ်စီမံကိန်းကို အစိုးရက ကြေညာသွားမည် ဖြစ်ကာ အဓိက မူဝါဒရည်မှန်းချက်များ၊ နှစ်အလိုက် စီးပွားရေးရည်မှန်းချက်များကို တင်ပြသွားကြမည်ဖြစ်ကြောင်း သိရသည်။

အေးကျော်
Ref: BBC
#MeKongNews
#နိုင်ငံရေး
#အစည်းအ‌ဝေး
#ဗိုလ်ချုပ်ကြီး
#ပါလီမန်မ
#တရုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now