မဲခေါင်၊ ဖေဖော်ဝါရီ ၂၇
စစ်ရေး မဟာမိတ်များကြား ပူး ပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ရန် ဖိလစ်ပိုင်၊ ဂျပန်နှင့် အမေရိကန်ရေတပ်တို့ ပူးပေါင်း၍ တောင်တဘရုတ်ပင်လယ်တွင် စစ် ရေးလေ့ကျင့်ခဲ့ကြသည်ဟု ဖိလစ်ပိုင်စစ်တပ်က ယနေ့ ပြောကြားသည်။
တောင်တရုတ်ပင်လယ်မှ ၎င်းတို့၏ ရေကြောင်း ရပိုင်ခွင့်များနှင့် အခွင့်အရေးများ ပိုင်ဆိုင်ခွင့်အ တွက် ဖိလစ်ပိုင်နိုင်ငံက ၂၀၂၃ ခုနှစ်မှစ၍ နိုင်ငံအများအပြားနှင့်အတူ ပူးတွဲလုပ်ဆောင်ခဲ့သည်။
အရင်းအမြစ်များ ကြွယ်ဝသောရေလမ်းကြောင်းကို ၎င်းတို့ပိုင်အဖြစ် တရုတ်က ပြောဆိုပြီး ယင်းဧရိယာအပေါ် သမိုင်းဝင်ပြောကြားမှုများ အတည်မဖြစ် ကြောင်း ၂၀၁၆ ခုနှစ် နိုင်ငံတကာဆုံးဖြတ်ချက်ကို ပယ်ချထားသည်။
အပြန်အလှန်လုပ်ကိုင်နိုင်မှုကိုတိုးမြှင့်ရန်၊ ရေ ကြောင်းလုံခြုံရေး ခိုင်မာစေရေး နှင့် ဒေသတွင်း ရေ ကြောင်းနယ်ပယ် သတိပြုမိမှု တိုးတက်ရန် မိတ်ဖက်တပ်ဖွဲ့များကြား ဆက်လက်၍ ကတိကဝတ်ထားရှိမှုကို ၃ နိုင်ငံ ပူးတွဲလှုပ်ရှား မှုများက မီးမောင်းထိုးပြခဲ့သည်ဟု ဖိလစ်ပိုင်စစ်ဘက် က ထုတ်ပြန် ပြောကြားခဲ့သည်။
ယင်းစစ်ရေးလေ့ကျင့်မှုအတွက် ဖိလစ်ပိုင်က ၎င်းတို့၏ Antonio Luna ဖရီးဂိတ်စစ်သင်္ဘော၊ ရ ဟတ်ယာဉ်များ၊ တိုက်လေယာဉ်များကို စေလွှတ်ခဲ့သည်။
ဂျပန်က P-3 Orion လေယာဉ်၊ အမေရိကန်က ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘော USS Dewey နှင့် Poseidon လေယာဉ်တစ်စီးတို့ကို စေလွှတ်ပေးခဲ့သည်။
၃ နိုင်ငံပူးတွဲ လေ့ကျင့်မှုများတွင် ပင်လယ်ပြင်၌ ပစ္စည်းများဖြည့် တင်းခြင်း၊ ပူးတွဲလေကြောင်းကင်းလှည့်မှု၊ သင်္ဘောနှင့် လေ ယာဉ်များ ပူးတွဲလေ့ကျင့်မှု နှင့် ဆက်သွယ်ရေးအပြန်အလှန် စိစစ်ခြင်းများ ပါဝင်ကြောင်း သိရသည်။
ဖိလစ်ပိုင်သည် ဖေဖော်ဝါရီ ၁၅၊ ၁၆ ရက်ကလည်း ဩစတြေးလျ၊ အမေရိကန်တို့နှင့် ပူးတွဲလေ့ကျင့်ခဲ့သည်။
အေးကျော်
Ref: Reuters
#MeKongNews
#ဖိလစ်ပိုင်
#ဂျပန်
#အမေရိကန်
#တောင်တရုတ်ပင်လယ်
#စစ်ရေးလေ့ကျင့်








