ကမ္ဘာ့သတင်း

နျူကလီးယား လက်နက်တိုက်ကို တရုတ်က အကြီးအကျယ် တိုးချဲ့ခဲ့ဟု အမေရိကန်ပြော

မဲခေါင် 25 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅ နျူးကလီးယား လက်နက်များကို တရုတ်နိုင်ငံက အကြီးအကျယ် တိုးမြှင့်ခဲ့ကြောင်းနှင့် လျှို့ဝှက် နျူကလီးယား စမ်းသပ်မှုများကိုလည်း လုပ်ဆောင်နေသည်ဟု ဝါရှင်တန်က စွပ်စွဲပြောကြားပြီး အနာဂတ် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များတွင် တရုတ်လည်း ပါဝင်ရန် ထပ်မံ တောင်းဆိုလိုက်သည်။ ထိပ်တန်း နျူကလီးယားအင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ရုရှားကြား ချုပ်ဆိုထားခဲ့သည့် နောက်ဆုံးလက်ကျန် လက်နက်ထိန်းချုပ်ရေးစာချုပ် – New START ယခုလ အစောပိုင်းက သက်တမ်းကုန်ဆုံးသွားခြင်းမှာ ပေကျင်းပါဝင်သော ပိုကောင်းသည့် သဘောတူညီချက်ရရန် ဖြစ်နိုင်ခြေ ထွက်ပေါ်လာခဲ့သည်ဟု ဝါရှင်တန်က ပြောသည်။ “တရုတ်နိုင်ငံက မကြုံစဖူး၊ ရည်ရွယ်ချက်ရှိရှိ၊ မြန်မြန်ဆန်ဆန်၊ လျှို့လျှို့ဝှက်ဝှက်နဲ့ နျူကလီးယားလက်နက်တွေ တည်ဆောက်ခဲ့တာကို ထည့်မတွက်ခဲ့တာက

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

နျူးကလီးယား လက်နက်များကို တရုတ်နိုင်ငံက အကြီးအကျယ် တိုးမြှင့်ခဲ့ကြောင်းနှင့် လျှို့ဝှက် နျူကလီးယား စမ်းသပ်မှုများကိုလည်း လုပ်ဆောင်နေသည်ဟု ဝါရှင်တန်က စွပ်စွဲပြောကြားပြီး အနာဂတ် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များတွင် တရုတ်လည်း ပါဝင်ရန် ထပ်မံ တောင်းဆိုလိုက်သည်။

ထိပ်တန်း နျူကလီးယားအင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ရုရှားကြား ချုပ်ဆိုထားခဲ့သည့် နောက်ဆုံးလက်ကျန် လက်နက်ထိန်းချုပ်ရေးစာချုပ် – New START ယခုလ အစောပိုင်းက သက်တမ်းကုန်ဆုံးသွားခြင်းမှာ ပေကျင်းပါဝင်သော ပိုကောင်းသည့် သဘောတူညီချက်ရရန် ဖြစ်နိုင်ခြေ ထွက်ပေါ်လာခဲ့သည်ဟု ဝါရှင်တန်က ပြောသည်။

“တရုတ်နိုင်ငံက မကြုံစဖူး၊ ရည်ရွယ်ချက်ရှိရှိ၊ မြန်မြန်ဆန်ဆန်၊ လျှို့လျှို့ဝှက်ဝှက်နဲ့ နျူကလီးယားလက်နက်တွေ တည်ဆောက်ခဲ့တာကို ထည့်မတွက်ခဲ့တာက New Start လက်နက်ထိန်းချုပ်ရေးစာချုပ်ရဲ့ အကြီးမားဆုံး ချွတ်ယွင်းချက် ဖြစ်နိုင်ပါတယ်” ဟု ခရစ်တိုဖာယောက ဆိုသည်။

၃ ပွင့်ဆိုင် သဘောတူညီချက်အတွက် ဆွေးနွေးပွဲများလုပ်ရေး တောင်းဆိုမှုများကို တရုတ်က လူသိရှင်ကြား ပယ်ချထားသည်။

New START စာချုပ်တွင် ကြီးမားသော ချွတ်ယွင်းချက် ရှိနေသည်ဟု အမေရိကန် လက်နက်ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာယောက ဂျီနီဗာမြို့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ကွန်ဖရင့်တွင် ပြောသည်။

ဆန့်ကျင်ဘက်ကို ပြောကြားနေသော်လည်း တရုတ်နိုင်ငံက ၎င်းတို့၏ နျူကလီးယား လက်နက်တိုက်ကို အသည်းအသန်နှင့် အထိန်းအကွပ်မဲ့ တိုးချဲ့ခဲ့ကာ ပွင့်လင်းမြင်သာမှု မပြသသလို အန္တိမရည်မှန်းချက်ကိုလည်း ထုတ်မပြောကြောင်း ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၅ ရက်က သက်တမ်း ကုန်ဆုံးသွားခဲ့သော New START သဘောတူညီချက်က အမေရိကန်နှင့် ရုရှားအား နျူကလီးယားထိပ်ဖူး ၁၅၅၀ စီသာ ထားရှိရန် ကန့်သတ်ထားသော်လည်း တရုတ်က ထိုအရေအတွက်နားသို့ နီးကပ်လာနေပြီဟုလည်း ၎င်းက ဆိုသည်။

တရုတ်၏ နျူကလီးယားလက်နက်တိုက် တိုးချဲ့မှုကို ရုရှားက ပါဝင်ကူညီနေသည်ဟုလည်း အမေရိကန်အရာရှိကြီးက စွပ်စွဲ ပြောကြားသည်။

အေးကျော်
Ref: AFP
#MeKongNews
#နျူကလီးယား
#လက်နက်တိုက်
#တရုတ်
#တိုးချဲ့
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now