နေ့စဥ်သတင်း

ကမ္ဘာ့အမိုက်မဲဆုံး ဘဏ်သူခိုး ငွေတိုက်တွင်း ၉ နာရီကြာ ပိတ်မိသဖြင့် ကယ်ထုတ်ရ

မဲခေါင် 22 Feb - 2026
မဲခေါင်၊ဖေဖော်ဝါရီ ၂၂ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က အီတလီနိုင်ငံ မီလန်မြို့ရှိ UniCredit ဘဏ်ခွဲတစ်ခု ငွေတိုက်အတွင်း ၂၄ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး ဝင်ရောက်ခိုးယူမှု၌ ဘဏ်ငွေတိုက်ခန်း အော်တိုစနစ်အရ လော့ခ်ကျသွားသဖြင့် မည်သို့မျှ မတတ်နိုင်ဘဲ ၉ နာရီကြာ ပိတ်မိနေပြီး ၎င်းကို မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ထုတ်ခဲ့ရသဖြင့် မီဒီယာများက ကမ္ဘာ့အမိုက်မဲဆုံး ဘဏ်သူခိုးဟု ခေါင်းစဉ်တပ် ဖော်ပြနေကြသည်။ CCTV မှတ်တမ်းများတွင် ဘဏ်အတွင်း ငွေတိုက်သေတ္တာများကို ဖွင့်ခိုးရန် ကြိုးစားနေသည့် ယင်းသူခိုးအား အတိုင်းသားမြင်နေရပြီး ၎င်းသည် ဘဏ်ဖွင့်ချိန်အတွင်း ငွေတိုက်ထဲ ခိုးဝင်ခဲ့သော်လည်း ဘဏ်ပိတ်ချိန် ရောက်သွားသည်နှင့် လုံခြုံရေးတံခါးများ အလိုအလျောက် ပိတ်သွားသောကြောင့် ပြန်မထွက်နိုင်တော့မှန်း

မဲခေါင်၊ဖေဖော်ဝါရီ ၂၂

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က အီတလီနိုင်ငံ မီလန်မြို့ရှိ UniCredit ဘဏ်ခွဲတစ်ခု ငွေတိုက်အတွင်း ၂၄ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး ဝင်ရောက်ခိုးယူမှု၌ ဘဏ်ငွေတိုက်ခန်း အော်တိုစနစ်အရ လော့ခ်ကျသွားသဖြင့် မည်သို့မျှ မတတ်နိုင်ဘဲ ၉ နာရီကြာ ပိတ်မိနေပြီး ၎င်းကို မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ထုတ်ခဲ့ရသဖြင့် မီဒီယာများက ကမ္ဘာ့အမိုက်မဲဆုံး ဘဏ်သူခိုးဟု ခေါင်းစဉ်တပ် ဖော်ပြနေကြသည်။

CCTV မှတ်တမ်းများတွင် ဘဏ်အတွင်း ငွေတိုက်သေတ္တာများကို ဖွင့်ခိုးရန် ကြိုးစားနေသည့် ယင်းသူခိုးအား အတိုင်းသားမြင်နေရပြီး ၎င်းသည် ဘဏ်ဖွင့်ချိန်အတွင်း ငွေတိုက်ထဲ ခိုးဝင်ခဲ့သော်လည်း ဘဏ်ပိတ်ချိန် ရောက်သွားသည်နှင့် လုံခြုံရေးတံခါးများ အလိုအလျောက် ပိတ်သွားသောကြောင့် ပြန်မထွက်နိုင်တော့မှန်း သိပြီး တံခါး၀အနီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေကာ နောက်ဆုံး လက်မှိုင်ချပြီး ထိုင်ချကာ လာဖမ်းမည်ကို စောင့်နေခဲ့ရတော့သည်။

ဘဏ်မှ ငှားရမ်းထားသော ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတစ်ခုသည် ငွေတိုက်အတွင်းရှိ သူခိုးကို တွေ့ရှိခဲ့ပြီး ရဲများထံ အကြောင်းကြားခဲ့သော်လည်း ငွေတိုက်သော့မှာ ဘဏ်ဖွင့်ချိန်မှသာ ပြန်ပွင့်သည့် ပရိုဂရမ် ထည့်ထားသော သေတ္တာအတွင်း၌သာ ထားရှိသဖြင့် ထိုနေ့အတွက် သော့ယူမရ ဖြစ်ခဲ့သည်။

နောက်နေ့မနက် ၈ နာရီ ဘဏ်ဖွင့်ချိန်မှ သော့ရရှိသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များက သူခိုးအား ကယ်တင်ရန် လုံခြုံရေးသော့နှင့် ဘဏ်တိုက်တံခါး သော့ရရန် ကြိုးစားဖွင့်ကြရာ ၉ နာရီ ကြာမြင့်ပြီးမှ ခေါ်ထုတ်နိုင်ခဲ့ကာ လူနာတင်ကားဖြင့် ဆေးရုံအရင်ပို့၍ ဆေးစစ်မှုများလုပ်ပြီးမှ စိုးရိမ်စရာမရှိသဖြင့် ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ခရစ္စမတ်ပွဲတော် ကာလကလည်း ဂျာမန်သူခိုးအဖွဲ့က ဘဏ်တစ်ခုအား ဝင်ခိုးရာတွင် ပေါင်သန်း ၃၀ ဝန်းကျင် ယူဆောင်သွားနိုင်ခဲ့ပြီး ၎င်းတို့ စီးနင်းလာသည့် ကားပါကင်မှ ထွက်ရန် ကြိုးစားမှုတွင် မျက်နှာဖုံးစွပ်သူခိုး အချို့က ပါကင် အတားအဆီးအား မတင်မောင်းထွက်ရန် ကြိုးစားနေချိန် ရိုးသားသော အဖွဲ့ဝင်သူခိုးက ပါကင်ခပေးရသည့် စက်အတွင်း အကြွေစေ့များကို တစ်စေ့ချင်း ရေတွက်ထည့်ပြီးမှ အတားအဆီး ပွင့်သွားပြီး ထွက်ပြေးခဲ့မှု ရုပ်သံဖိုင် ပျံ့နှံ့ခဲ့သေးသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဘဏ်သူခိုး
#ငွေတိုက်
#ပိတ်မိ
#ကယ်ထုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now