နိုင်ငံတကာသတင်း

ကျားဖြန့်စင်တာ ၂၀၀ နီးပါးကို ပိတ်သိမ်းခဲ့ကြောင်း ကမ္ဘောဒီးယား ထုတ်ပြန်

မဲခေါင် 11 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁ နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို မကြာသေးမီ သီတင်းပတ်များအတွင်း နှိမ်နင်းခဲ့ရာ ကျားဖြန့်စင်တာ ၂၀၀ နီးပါးကို ပိတ်သိမ်းနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားအစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ ထို့ပြင် အာဏာပိုင်များသည် သတင်းထောက်များကို ကျားဖြန့်စင်တာတစ်ခု အတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့် ပေးခဲ့သည်။ “အခုဆိုရင် ကျနော်တို့ ပိတ်ပစ်လိုက်တဲ့နေရာ ၁၉၀ လောက် ရှိသွားပါပြီ” ဟု အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကော်မရှင်၊ ကမ္ဘောဒီးယားအတွင်းဝန်ရုံး ဒုတိယအကြီးအကဲ ချေးဆီနာရစ်သ်က ဖနွမ်းပင်မြို့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက စတင်ခဲ့သော ယင်းစစ်ဆင်ရေးအတွင်း စင်တာများနှင့် ဆက်စပ်သည့် အဓိကတရားခံ ၁၇၃ ဦးကို ဖမ်းဆီးခဲ့ပြီး၊ အလုပ်သမား ၁၁၀၀၀ ကို

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို မကြာသေးမီ သီတင်းပတ်များအတွင်း နှိမ်နင်းခဲ့ရာ ကျားဖြန့်စင်တာ ၂၀၀ နီးပါးကို ပိတ်သိမ်းနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားအစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ထို့ပြင် အာဏာပိုင်များသည် သတင်းထောက်များကို ကျားဖြန့်စင်တာတစ်ခု အတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့် ပေးခဲ့သည်။

“အခုဆိုရင် ကျနော်တို့ ပိတ်ပစ်လိုက်တဲ့နေရာ ၁၉၀ လောက် ရှိသွားပါပြီ” ဟု အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကော်မရှင်၊ ကမ္ဘောဒီးယားအတွင်းဝန်ရုံး ဒုတိယအကြီးအကဲ ချေးဆီနာရစ်သ်က ဖနွမ်းပင်မြို့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက စတင်ခဲ့သော ယင်းစစ်ဆင်ရေးအတွင်း စင်တာများနှင့် ဆက်စပ်သည့် အဓိကတရားခံ ၁၇၃ ဦးကို ဖမ်းဆီးခဲ့ပြီး၊ အလုပ်သမား ၁၁၀၀၀ ကို နေရပ်ပြန်ပို့ခဲ့သည်ဟု ၎င်းက ဆိုသည်။

လူကုန်ကူးခံရပြီး ရက်စက်သော အခြေအနေများတွင် ထိန်းချုပ်ခံထားရသူများ အပါအဝင် ထောင်နှင့်ချီသော စင်တာလုပ်သားများသည် မကြာသေးမီ သီတင်းပတ်များအတွင်း ကျားဖြန့်ဝန်းများမှ ထွက်ပြေးခဲ့ကြသည်။

ယင်းအခြေအနေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Amnesty International က ထောက်ပြ ပြောဆိုထားသည်။

ဗီယက်နမ်နယ်စပ် ကမ်ပေါ့ ပြည်နယ်ရှိ ကျားဖြန့်ခြံဝင်းအတွင်း သတင်းထောက်များ ဝင်ရောက် ကြည့်ရှုစဉ် ကွန်ပျူတာစာပွဲများ အစီအရီရှိသော အလုပ်ခန်းများ၊ ထိုင်းနိုင်ငံသားများကို လိမ်လည်ရန် ညွှန်ကြားထားသော လက်စွဲစာရွက်များ၊ ဖုန်းခေါ်ဆိုရန် အသံလုံအခန်းငယ်များ၊ အိန္ဒိယရဲစခန်းအတု အဖြစ် ဖန်တီးထားသည့် အခန်းတစ်ခုတို့ကို တွေ့ရှိခဲ့ရသည်။

My Casino ဟု လူသိများသော ကမ်ပေါ့ကာစီနိုဝင်းအတွင်း ဖမ်းဆီးမှုများ မပြုလုပ်နိုင်ခဲ့ကြောင်း၊ ယင်းလုပ်ငန်းရှင် လိုင်ကွမ်းကို ဖမ်းဆီးချိန်တွင် အလုပ်သမားများ ထွက်ပြေး လွတ်မြောက်သွားကြောင်း အာဏာပိုင်များက ဝန်ခံသည်။

“ပြည်နယ်တစ်ခုလုံးမှာ ရဲအင်အား ၁၀၀၀ နဲ့ စစ်ရဲ ၃၀၀ ပဲရှိတာပါ။ အားလုံး ပေါင်းလိုက်ရင်တောင် ကာစီနိုဝင်းထဲက ထွက်ပြေးသွားတဲ့ လူ ၆ ထောင် နဲ့ ၇ ထောင်ကြားကို တားဆီးဖို့ မဖြစ်နိုင်ပါဘူး” ဟု အစိုးရ စီစဉ်သော ခရီးစဉ်အတွင်း ကမ်ပေါ့ပြည်နယ် ရဲမှူးကြီး ချန်မိုသူရစ်သ်က ရှင်းပြခဲ့သည်။

ဒီဇင်ဘာလအတွင်းကလည်း ထိုင်းတပ်ဖွဲ့များသည် ကမ္ဘောဒီးယားနယ်စပ်ရှိ ကျားဖြန့်ဝင်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး မီဒီယာများကို ပြသခဲ့သည်။

ယခု ကမ္ဘောဒီးယားဘက်မှ ကမ်ပေါ့ခရီးစဉ်မှာ ယင်းဖြစ်စဉ်အပြီး တစ်ပတ်အကြာတွင် ပေါ် ထွက်လာခြင်း ဖြစ်သည်။

အေးကျော်
Ref:Reuters
#MeKongnews
#ကျားဖြန့်စင်တာ
#ပိတ်သိမ်း
#ကမ္ဘောဒီးယား
#ထုတ်ပြန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now