မဲခေါင်၊ ဖေဖော်ဝါရီ ၇
ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲ မတိုင်မီ ၂ ရက်အလိုမှာပင် ချင်းရိုင်ခရိုင်ရှိ ဒေသခံကောင်စီဝင်ဟောင်းတစ်ဦး မဲဝယ်သည့် သံသယဖြင့် ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရသည်။
၎င်းကို ဘတ် ၅၀၀ တန်နှင့် ၁၀၀ တန် စုစုပေါင်း ဘတ် ၆၄၀၀၀ နှင့်အတူ မဲဝယ်သည့် အနေဖြင့် ငွေပေးထားသူများ နာမည်မှတ်ထားသည့် မှတ်တမ်းစာရွက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဖန်းခရိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ရဲတပ်ဖွဲ့က ဒေသခံ ကောင်စီဝင်ဟောင်းတစ်ဦးဟုသာ ထုတ်ပြန်ပြီး နာမည်မဖော်ပြခဲ့ဘဲ ဖေဖော်ဝါရီ ၆ ရက်က ဖန်းခရိုင်၊ ဆန်ကလန်အရပ် မဲဆန္ဒနယ် (၄) နေရာတွင် ငွေပေးပြီး မဲဝယ်မှုသံသယဖြင့် ဖမ်းဆီးခဲ့သည်ဟုသာ ထုတ်ပြန်ခဲ့သည်။
ကားတစ်စီးကိုရပ်ပြီး စစ်ဆေးရန်ပြင်ဆင်နေချိန် ထွက်ပြေးရန် ကြိုးစားသော ယင်းလူကို ဖမ်းမိပြီးနောက် ကားအတွင်း ပလတ်စတစ်အိတ်အတွင်း ဘတ် ၅၀၀ တန် ၁၂၈ ရွက်၊ ဘတ် ၁၀၀ တန် ၄ ရွက် စုစု ပေါင်း ဘတ် ၆၄၄၀၀ ဘတ်ဖြင့် ဖမ်းမိခဲ့သည်ဟု ချန်းခရိုင်ရဲမှူးကြီး ဗစ်ချိုင်းချိုင်အင်ဂမ်က ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongnews
#ချင်းရိုင်တွင်
#မဲဝယ်
#ဖမ်းဆီး
#ကောင်စီဝင်ဟောင်း








