မဲခေါင်၊ ဖေဖော်ဝါရီ ၂
အီရန်နှင့် တင်းမာမှုများ မြင့်တက်နေစဥ် အမေရိကန်နှင့် အစ္စရေး ဗိုလ်ချုပ်ကြီးများသည် သောကြာနေ့က ပင်တဂွန်တွင် ဆွေးနွးပွဲများကျင်းပခဲ့ကြသည်ဟု အမည်မဖော်လိုသော အမေရိကန် အရာရှိကြီး၂ ဦးက ယမန်နေ့တွင် ရိုက်တာသတင်းဌာနကို ပြောကြားသည်။
အမေရိကန် စစ်ဦးစီးချုပ်များဥက္ကဌ ဒန်ကိန်းနှင့် အစ္စရေး စစ်ဦးစီးချုပ်များဥက္ကဌ အီယယ်ဇမီယာတို့ကြား ပြုလုပ်ခဲ့သော တံခါးပိတ် ဆွေးနွေးပွဲများ၏ အသေးစိတ် အကြောင်းအရာများကိုမူ အရာရှိကြီးများက ဖွင့်မပြောပေ။
ယင်းအစည်းအဝေးအကြောင်းကို ယခင်က သတင်း မရရှိထားပေ။
အီရန်အား ဆွေးနွေးပွဲစားဝိုင်း ရောက်လာရေး ဖိအားပေးရန် ကြိုးစားရင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အား အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပီးနောက် အမေရိကန်က အရှေ့အလယ်ပိုင်းတွင် ရေတပ်အင်အားကို တိုးမြှင့်ထားကာ လေကြောင်းရန် ကာကွယ်ရေးကိုလည်း မြှင့်တင်ထားသည်။
ထိုအတောအတွင်းမှာပင် အမေရိကန်က အီရန်ကို တိုက်ခိုက်ခဲ့ပါက ဒေသတွင်း ပဋိပက္ခအဖြစ် ကြီးထွားသွားနိုင်သည်ဟု အီရန်ခေါင်းဆောင်များက ယမန်နေ့တွင် သတိပေးခဲ့သည်။
ဝါရှင်တန်ဆွေးနွေးပွဲများ အပြီးတွင် အစ္စရေးနိုင်ငံခြားရေး အစ္စရေးလ်ကတ်ဇ်က စစ်ဦးစီးချုပ်များဥက္ကဌ ဇမီယာနှင့် ယမန်နေ့တွင် တွေ့ဆုံ၍ ဒေသတွင်း အခြေအနေများကို ပြန်လည် သုံးသပ်ခဲ့သလို မည်သည့် အခြေအနေမျိုးတွင်မဆို စစ်ဆင်ရေးအတွက် အသင့်ရှိမှုကိုလည်း ဆွေးနွေးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးရုံးက ဆိုသည်။
အေးကျော်
Ref: Reuters
#MeKongNews
#အီရန်
#တင်းမာမှုများ
#မြင့်တက်
#အမေရိကန်
#အစ္စရေး








