နိုင်ငံတကာသတင်း

ဖေဖော်ဝါရီ ထိုင်းရွေးကောက်ပွဲ မတိုင်မီ လူထုစစ်တမ်းတွင် ပြုပြင်ပြောင်းလဲရေးသမား နက်သာဖောင် ဦးဆောင်နေ

မဲခေါင် 30 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၃၀ ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်ရွေးကောက်ပွဲ မတိုင်မီ ပြုလုပ်ခဲ့သော လူထုစစ်တမ်းနှစ်ခုတွင် တိုးတက်သော အမြင်ရှိသူ ပြည်သူ့ပါတီခေါင်းဆောင် နက်သာဖောက်ရူအန်ပန်ယာဝတ်က ဆက်လက် ဦးဆောင်နေသည်ကို တွေ့ရှိရပြီး ယင်းနှင့်အတူ အာဏာ ဆက်လက်ရယူနိုင်ရန် လက်ရှိဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မီးမောင်းထိုးပြနေသည်။ ထိုင်းရွေးကောက်ပွဲသည် အနုတင်၏ ကွန်ဆာဗေးတစ် ဘွန်ဂျိုင်ထိုင်းပါတီ၊ အာဏာရပါတီဟောင်း ဖွေထိုင်းနှင့် ပြုပြင်ပြောင်းလဲလမ်းစဉ်လိုက်သည့် ပြည်သူ့ပါတီ တို့ကြား သုံးပွင့်ဆိုင်ပြိုင်ပွဲ ဖြစ်လာခဲ့သည်။ Suan Dusit တက္ကသိုလ်က ယနေ့ ထုတ်ပြန်ခဲ့သော စစ်တမ်းရလဒ်တွင် နက်သာဖောင်က ထောက်ခံမှု ၃၅ ဒသမ ၁ ရာခိုင်နှုန်း၊ အနုတင်က ထောက်ခံမှု

မဲခေါင်၊ ဇန်နဝါရီ ၃၀

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်ရွေးကောက်ပွဲ မတိုင်မီ ပြုလုပ်ခဲ့သော လူထုစစ်တမ်းနှစ်ခုတွင် တိုးတက်သော အမြင်ရှိသူ ပြည်သူ့ပါတီခေါင်းဆောင် နက်သာဖောက်ရူအန်ပန်ယာဝတ်က ဆက်လက် ဦးဆောင်နေသည်ကို တွေ့ရှိရပြီး ယင်းနှင့်အတူ အာဏာ ဆက်လက်ရယူနိုင်ရန် လက်ရှိဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မီးမောင်းထိုးပြနေသည်။

ထိုင်းရွေးကောက်ပွဲသည် အနုတင်၏ ကွန်ဆာဗေးတစ် ဘွန်ဂျိုင်ထိုင်းပါတီ၊ အာဏာရပါတီဟောင်း ဖွေထိုင်းနှင့် ပြုပြင်ပြောင်းလဲလမ်းစဉ်လိုက်သည့် ပြည်သူ့ပါတီ တို့ကြား သုံးပွင့်ဆိုင်ပြိုင်ပွဲ ဖြစ်လာခဲ့သည်။

Suan Dusit တက္ကသိုလ်က ယနေ့ ထုတ်ပြန်ခဲ့သော စစ်တမ်းရလဒ်တွင် နက်သာဖောင်က ထောက်ခံမှု ၃၅ ဒသမ ၁ ရာခိုင်နှုန်း၊ အနုတင်က ထောက်ခံမှု ၁၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရှိနေကာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် တည်ထောင်ခဲ့သည့် ဖွေထိုင်းပါတီ ကိုယ်စားလှယ် ယိုရှာနန်ဝေါင်ဆာဝတ်က ထောက်ခံမှု ၂၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဒုတိယ လိုက်နေသည်။

ဇန်နဝါရီ ၁၆ ရက် နှင့် ၂၈ ရက်ကြားတွင် လူပေါင်း ၂၆၆၂၁ ဦးအား မေးမြန်း၍ စစ်တမ်းကောက်ထားကြောင်း သိရသည်။

ပြည်သူ့ပါတီ – People’s Party သည် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ကွန်ဆာဗေးတစ်အမတ်များက အစိုးရဖွဲ့ခွင့်ကို တားဆီးခဲ့ပြီး နောက်ပိုင်းတွင် တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းခဲ့သော ရှေ့သို့ချီပါတီ- Move Forward ကို ဆက်ခံသော ပါတီဖြစ်သည်။

လွှတ်တော်တွင် အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး ၎င်းတို့ လူနည်းစုအစိုးရ ပြုတ်ကျမည့်အန္တရာယ် ရှိလာခဲ့ပြီး‌နောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မှု ရက်ပေါင်း ၁၀၀ မပြည့်မီ အနုတင်က ဒီဇင်ဘာ ၁၂ ရက်တွင် ရွေးကောက်ပွဲ ခေါ်ယူခဲ့သည်။

ထိုကာလသည် ထိုင်း – ကမ္ဘောဒီးယား ၂၁ ရက် ကြာ ပဋိပက္ခနှင့်လည်း တိုက်ဆိုင်နေခဲ့သည်။

National Institute of Development Administration က လုပ်ဆောင်ခဲ့သည့် စစ်တမ်းတွင်လည်း နက်သာဖောင်က ထောက်ခံမှု ၂၉ ရာခိုင်နှုန်း ရရှိထားကာ အနုတင်က ၂၂ ဒသမ ၂ ရာခိုင်နှုန်းသာ ရရှိကြောင်း တွေ့ရှိထားသည်။

အေးကျော်
Ref: Reuters
#MeKongNews
#ထိုင်းရွေးကောက်ပွဲ
#လူထုစစ်တမ်း
#နက်သာဖောင်
#ဦးဆောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now