မဲခေါင်၊ ဇန်နဝါရီ ၂၉
ဇန်နဝါရီ ၂၇ ရက်နေ့က ဗီယက်နမ်နိုင်ငံ Bac Giang ခရိုင်၌ အမျိုးသား ပြည့်တန်ဆာလုပ်ငန်း ထူထောင်လုပ်စားနေသူများကို ဟနွိုင်းရဲတပ်ဖွဲ့က လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းလုပ်ငန်းကို ထူထောင်ထားသူမှာ ဟနွိုင်းရှိ Ha Dong Ward အရပ်တွင် နေထိုင်သော ၄၂ နှစ်အရွယ် Do Van Thanh ဖြစ်ပြီး ၎င်းထံ အသက် ၄၀ ဝန်းကျင် အမျိုးသမီး ၂ ဦးက ဆက်သွယ်ကာ အမျိုးသား ပြည့်တန်ဆာ ၂ ဦး ခေါ်ယူရန် ကမ်းလှမ်းခဲ့သည်ကို ရဲတပ်ဖွဲ့က စောင့်ဖမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဟနွိုင်းမြို့နေ ၂၂ နှစ်နှင့် ၃၉ နှစ်အရွယ် အမျိုးသားနှစ်ဦးကို မေးမြန်းရာ ခေါင်းဖြစ်သူ Do Van Thanh က အမျိုးသမီး နှစ်ယောက် အလုပ်လာအပ်သဖြင့် ချိတ်ဆက်စေလွှတ်ပေးခဲ့ကြောင်း၊ စစ်ဆေးမေးမြန်းမှုတွင် အမျိုးသမီး ၂ ဦးက ယောကျ်ားတစ်ယောက် ခေါ်ယူမှုအတွက် ဒေါင် ၂ ဒသမ ၅ သန်း (၉၆ ဒေါ်လာ) စီ ပေးခဲ့ရပြီး ခေါင်းဖြစ်သူ Do Van Thanh သည် အလုပ်လုပ်ပေးသည့် အမျိုးသား တစ်ဦးစီအတွက် သွားလာစားရိတ်နှင့် ဒေါင် ၁ သန်း (၃၈ ဒေါ်လာ) သာ ပေးကြောင်း သိရှိရသည်။
ရဲတပ်ဖွဲ့ စစ်ဆေးမေးမြန်းမှုအရ အမျိုးသမီးဖောက်သည်များသည် Do Van Thanh ထံ အမျိုးသား ပြည့်တန်ဆာအလိုရှိလျှင် Zalo အပလီကေးရှင်းမှ ဆက်သွယ်ညှိနှိုင်းကြရပြီး ခေါ်မည်ဆိုလျှင် ဦးစွာ ဒေါင် ၁ သန်းအား အရင်စရံပေးချေရကြောင်း၊ ဆန္ဒပြည့်ပြီးလျှင် အပြည့် ထပ်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။
ယခု ဟနွိုင်းရဲတပ်ဖွဲ့က Do Van Thanh နှင့်၎င်း၏ အမျိုးသား ပြည့်တန်ဆာ ၂ ဦးကိုသာမက ခေါ်ယူသည့် အမျိုးသမီး ၂ ဦးကိုပါ စည်းမျဉ်းဥပဒေများနှင့် အရေးယူအပြစ်ပေးရန် စီစဉ်နေပြီဖြစ်သည်။
ပုံအညွှန်း – ပြည့်တန်ဆာခေါင်းလုပ်ကိုင်သူ Do Van Thanh
ကိုကလင်း
Ref: tuoitre
#MeKongNews
#ဗီယက်နမ်
#ပြည့်တန်ဆာ
#အမျိုးသားပြည့်တန်ဆာ
#ဟနွိုင်း








