နိုင်ငံတကာသတင်း

ထိုင်းနယ်စပ်အနီးတွင် ကမ္ဘောဒီးယား ကတုတ်ကျင်းများ တူးနေ

မဲခေါင် 26 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၆ ထိုင်းနိုင်ငံ၊ ထရက်ပြည်နယ်နှင့် ဆန့်ကျင်ဘက်နေရာ ၃ နေရာတွင် ကမ္ဘောဒီးယားတပ်ဖွဲ့များက ကတုတ်ကျင်းနှင့် မြောင်းများ တူးဖော်နေပြီး တူးမြောင်းမှာ နယ်စပ်တစ်လျှောက် တစ်ကီလိုမီတာကျော် ရှည်လျားပြီး ထိုင်းတပ်စခန်းများနှင့် မီတာ ၅၀၀ ခန့်သာ ကွာဝေးကြောင်း ရေတပ်သတင်းရင်းမြစ်က ယနေ့ ပြောကြားသည်။ ကတုတ်မြောင်းတူးဖော်မှုသည် ထရက်ပြည်နယ် ဘမ်ဆမ်လန်ဒေသ တစ်ဖက်တစ်ချက်တွင်ဖြစ်ကာ အနီးအနားမှ ဘန်သာဆင်၊ ဘန်နောင်ရီး၊ ဘန်ချာမက် ဒေသများအထိ ရောက်ရှိသည်ဟု ဆိုသည်။ ၎င်းလုပ်ရပ်ကို ထိုင်းတပ်ဖွဲ့များနှင့် ထိပ်တိုက်ဆိုင်ထားသည့် ပုံစံအဖြစ် ဖော်ပြသည်။ အပစ်အခတ်ရပ်စဲမှုအပြီးတွင် ကမ္ဘောဒီးယားတပ်များက ထိုင်းနယ်စပ်စခန်းများနှင့် အပြိုင် ကတုတ်ကျင်းမြောင်းများကို တစ်ကီလိုမီတာကျော် အထိ တိုးချဲ့ဖောက်လုပ်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

ထိုင်းနိုင်ငံ၊ ထရက်ပြည်နယ်နှင့် ဆန့်ကျင်ဘက်နေရာ ၃ နေရာတွင် ကမ္ဘောဒီးယားတပ်ဖွဲ့များက ကတုတ်ကျင်းနှင့် မြောင်းများ တူးဖော်နေပြီး တူးမြောင်းမှာ နယ်စပ်တစ်လျှောက် တစ်ကီလိုမီတာကျော် ရှည်လျားပြီး ထိုင်းတပ်စခန်းများနှင့် မီတာ ၅၀၀ ခန့်သာ ကွာဝေးကြောင်း ရေတပ်သတင်းရင်းမြစ်က ယနေ့ ပြောကြားသည်။

ကတုတ်မြောင်းတူးဖော်မှုသည် ထရက်ပြည်နယ် ဘမ်ဆမ်လန်ဒေသ တစ်ဖက်တစ်ချက်တွင်ဖြစ်ကာ အနီးအနားမှ ဘန်သာဆင်၊ ဘန်နောင်ရီး၊ ဘန်ချာမက် ဒေသများအထိ ရောက်ရှိသည်ဟု ဆိုသည်။

၎င်းလုပ်ရပ်ကို ထိုင်းတပ်ဖွဲ့များနှင့် ထိပ်တိုက်ဆိုင်ထားသည့် ပုံစံအဖြစ် ဖော်ပြသည်။

အပစ်အခတ်ရပ်စဲမှုအပြီးတွင် ကမ္ဘောဒီးယားတပ်များက ထိုင်းနယ်စပ်စခန်းများနှင့် အပြိုင် ကတုတ်ကျင်းမြောင်းများကို တစ်ကီလိုမီတာကျော် အထိ တိုးချဲ့ဖောက်လုပ်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

သို့သော် ကမ္ဘောဒီးယား တပ်ဖွဲ့များ၏ လှုပ်ရှားမှုများသည် ကမ္ဘောဒီးယားပိုင်နက် နယ်မြေအတွင်း၌သာ ဖြစ်ပြီး ထိုင်းနယ်စပ်ကို ထိပါးခြင်း မရှိကြောင်း သတင်းရင်းမြစ်က အလေးအနက် ပြောကြားသည်။

ထိုင်းတပ်ဖွဲ့များသည် နည်းဗျူဟာအရ အသာစီးရှိသော နေရာများတွင် ဆက်ရှိနေသည်ဟု ဆိုသည်။

သို့သော် ကမ္ဘောဒီးယားက ထိုင်းစခန်းနေရာများကို ဒရုန်းများပျံသန်း၍ ထောက်လှမ်းရေးနှင့် စောင့်ကြည့်လေ့လာမှုများ လုပ်ဆောင်ခဲ့သည်ကို ထိုင်းအာဏာပိုင်များက လေ့လာ တွေ့ရှိထားကြသည် ဖြစ်ရာ ဒရုန်းများ ပျံသန်းမှုကို တရားဝင်လမ်းကြောင်းမှ တစ်ဆင့် ထိုင်းနိုင်ငံက ကန့်ကွက်ထားသည်။

တင်းမာမှုများကြောင့် ထိပ်တိုက် ရင်ဆိုင်တွေ့မှု အသစ်များဆီ ဦးတည်သွားမည်ကို ပြောရန် စောလွန်းနေသေးသော်လည်း ယင်းဒေသ၏ အကဲဆတ်သော အခြေအနေကြောင့် ထိုင်းတပ်ဖွဲ့များက နိုးနိုးကြားကြား သတိရှိနေကြ သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

အေးကျော်
Ref:khaosod
#MeKongNews
#ထိုင်းနယ်စပ်
#ကမ္ဘောဒီးယား
#ကတုတ်ကျင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now