ကမ္ဘာ့သတင်း

အာတိတ်ဒေသအား ရုရှား၊ တရုတ်ရန်မှ ကာကွယ်ရေး ဒေါ်နယ်ထရမ့်နှင့် အဓိက ဆွေးနွေးခဲ့ဟု နေတိုး အတွင်းရေးမှူးချုပ်ပြော

မဲခေါင် 23 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၃ အာတိတ်ဒေသအား ရုရှားနှင့် တရုတ်တို့ထံမှ နေတိုးအဖွဲ့က မည်သို့ အကောင်းဆုံး ကာကွယ်သွားမည်ကို ၎င်းနှင့် သမ္မတထရမ့်တို့ ဒါးဗို့စ်မြို့တွင် ဆွေးနွေးခဲ့ကြသည်ဟု နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် မာ့ခ်ရုတေး က ယမန်နေ့တွင် ပြောကြားသည်။ ဂရင်းလန်းသာမဟုတ်ဘဲ အာတိတ်ဒေသတွင် မြေပိုင်ဆိုင်မှုရှိသော နေတိုး ၇ နိုင်ငံ အတွက်ပါ အာတိတ်လုံခြုံရေး သေချာစေရန် နေတိုးအဖွဲ့ဝင် နိုင်ငံများက မည်သို့ စုပေါင်း လုပ်ဆောင်ကြမည်ကို ထရမ့်နှင့် အလွန်ကောင်းမွန်သော ဆွေးနွေးမှု ရှိခဲ့သည်ဟု ရုတေးက ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နှင့် ဒိန်းမတ်၊ ဂရင်းလန်း ကိုယ်စားလှယ်များ ဝါရှင်တန်တွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများကို ဆက်လက် တည်ဆောက်၍

မဲခေါင်၊ ဇန်နဝါရီ ၂၃

အာတိတ်ဒေသအား ရုရှားနှင့် တရုတ်တို့ထံမှ နေတိုးအဖွဲ့က မည်သို့ အကောင်းဆုံး ကာကွယ်သွားမည်ကို ၎င်းနှင့် သမ္မတထရမ့်တို့ ဒါးဗို့စ်မြို့တွင် ဆွေးနွေးခဲ့ကြသည်ဟု နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် မာ့ခ်ရုတေး က ယမန်နေ့တွင် ပြောကြားသည်။

ဂရင်းလန်းသာမဟုတ်ဘဲ အာတိတ်ဒေသတွင် မြေပိုင်ဆိုင်မှုရှိသော နေတိုး ၇ နိုင်ငံ အတွက်ပါ အာတိတ်လုံခြုံရေး သေချာစေရန် နေတိုးအဖွဲ့ဝင် နိုင်ငံများက မည်သို့ စုပေါင်း လုပ်ဆောင်ကြမည်ကို ထရမ့်နှင့် အလွန်ကောင်းမွန်သော ဆွေးနွေးမှု ရှိခဲ့သည်ဟု ရုတေးက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နှင့် ဒိန်းမတ်၊ ဂရင်းလန်း ကိုယ်စားလှယ်များ ဝါရှင်တန်တွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများကို ဆက်လက် တည်ဆောက်၍ ဆွေးနွေးမှုများ ထပ်မံ လုပ်‌ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

“မနေ့က ထွက်ပေါ်လာတဲ့ လုပ်ငန်းတစ်ခုကတော့ အထူးသဖြင့် ဂရင်းလန်းနဲ့ ပတ်သက်လာရင် တရုတ်နဲ့ ရုရှားတို့ကို စီးပွားရေးအရ၊ စစ်ရေးအရ ဂရင်းလန်းမှာ လက်လှမ်းခွင့် မပေးဖို့ သေချာအောင် လုပ်ဆောင်ရေး ဖြစ်ပါတယ်” ဟု ဒါးဗို့စ် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ဆွေးနွေးပွဲတွင် ၎င်းက ပြောသည်။

အမျိုးသားလုံခြုံရေးကို အကြောင်းပြ၍ ဂရင်းလန်းကို ထိန်းချုပ်လိုကြောင်း ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ပြောကြားခဲ့သည်။

သို့သော် ဗုဒ္ဓဟူးနေ့က ရုတေးနှင့် ဆွေးနွေးပြီးနောက်တွင် အင်အားသုံးမည့်ကိစ္စကို ထရမ့်က လက်ရှောင်လိုက်ကာ ဒိန်းမတ်နယ်မြေနှင့် ပတ်သက်၍ အငြင်းပွားမှု အဆုံးသတ်ရန် သဘောတူညီချက် မြင်နေရပြီဟု ပြောသည်။

ယင်းမတိုင်မီ ထရမ့်၏ ဂရင်းလန်း ရည်မှန်းချက်များမှာ နေတိုးမဟာမိတ်အဖွဲ့အပေါ် အကြီးအကျယ် ဝန်ပိစေခဲ့သည်။

အာတိတ်ဒေသမှ ၎င်းတို့၏ သိပ္ပံပညာဆိုင်ရာ လေ့လာရေး ခရီးစဉ်များနှင့် ရေကြောင်း သွားလာမူများသည် နိုင်ငံတကာဥပဒေများ၊ သဘောတူညီချက်များကို လိုက်နာခဲ့သည်ဟု တရုတ်က အကြိမ်ကြိမ် ပြောကြားပြီး အချက်အလက်များကို အနောက်တိုင်းက လိုသလို ဆွဲယူပြီး ၎င်းတို့၏ လှုပ်ရှားမှုများကိုလည်း စစ်‌ရေးရည်မှန်းချက် လက္ခဏာများအဖြစ် ဘေးတီးပေးနေသည်ဟု စွပ်စွဲပြောကြားသည်။

အမေရိကန်နှင ့်ဥရောပက အာတိတ်ရေးရာ၌ တရုတ်နိုင်ငံအား စစ်ရေး ခြိမ်းခြောက်မှုတစ်ခု၊ အရင်းအမြစ် ရယူသူ၊ ဥပဒေချိုးဖောက်သူ ဟူသော အသုံးအနှုန်းများဖြင့် တံဆိပ်ကပ်နေခြင်းကို မိမိတို့က အခိုင်အမာ ဆန့်ကျင်သည်ဟု တရုတ်အစိုးရ‌ ထောက်ခံသော ဂလိုဘယ်တိုင်းမ်စ်သတင်းစာက ပြီးခဲ့သည့် သီတင်းပတ် ခေါင်းကြီးပိုင်းတွင် ရေးသားခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တရုတ် ကွန်တိန်နာ သင်္ဘောတစ်စီး အာတိတ်ဒေသမှ ပထမဆုံးအကြိမ် ဖြတ်သန်း၍ ဥရောပသို့ ကုန်သွယ်ရေကြောင်း လမ်းဖောက်ခဲ့ပြီး ပုံမှန်ထက် အချိန် ထက်ဝက်လျှော့ချနိုင်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လက တရုတ်နှင့် ရုရှားပူးတွဲကင်းလှည့်မှုအတွင်း နျူကလီးယားလက်နက် သယ်ဆောင် နိုင်သော မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ အာတိတ်နှင့် မြောက်ပစိဖိတ်တွင် အမေရိကန်၏ အလာစကာပြည်နယ် အနီးမှ ပျံသန်းသွားခဲ့ပြီးနောက် အမေရိကန်နှင့် ကနေဒါက တိုက်လေယာဉ်များ စေလွှတ်ခဲ့ရသည်။

အေးကျော်
Ref:Reuters
#MeKongNews
#အာတိတ်ဒေသ
#ရုရှား
#တရုတ်
#ဒေါ်နယ်ထရမ့်
#နေတိုး အတွင်းရေးမှူးချုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now