မဲခေါင်၊ ဇန်နဝါရီ ၂၃
မသင်္ကာဖွယ်ရာ လူငယ်များကို ထိုင်းရဲတပ်ဖွဲ့ ခြေရာခံ လိုက်ကာ စစ်ဆေးစဉ် သေနတ်ဖြင့် ထုတ်ပစ်သဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တရားခံများ အားမမိသော်လည်း အိတ် ၄ အိတ်ကျန်ခဲ့ရာ တစ်အိတ်လျှင် စိတ်ကြွဆေး ၂သိန်းထည့်ထားသည်ကို တွေ့ရပြီး စုစုပေါင်း စိတ်ကြွဆေး ၈သိန်း သိမ်းဆည်းရမိခဲ့သည်။
ဇန်နဝါရီ ၂၂ ရက် ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဖလုံခရိုင်ခွဲ၊ ရပ်ကွက်အမှတ် ၁၀ အနီး ဆိုင်
ကယ် ၄၊ ၅ စီးဖြင့် လူငယ်များကို လိုက်လံ စစ်ဆေးရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘန်မူအန်းဆောင်အရပ်အရောက် ထိုဆိုင်ကယ်သမားများကို ထိုင်းရဲတပ်ဖွဲ့ဝင်များက လိုက်မီပြီး စစ်ဆေးရန်ပြင်ဆင်ချိန် အမျိုးအမည်မသိသော သေနတ်ဖြင့် ပစ်ခတ်ရာ မိနစ်အနည်းငယ် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။
ည ၈ နာရီ ၁၅ မိနစ်တွင် သေနတ်သံများ တိတ်သွားသဖြင့် ရဲတပ်ဖွဲ့က ရှာဖွေရာ နယ်မြေကျွမ်းကျင်ပုံရ သော ဆိုင်ကယ်သမား တစ်ဦးမျှကို မတွေ့ရတော့ဘဲ “၉၉၉” တံဆိပပါ စိတ်ကြွဆေး ၈သိန်း ကိုသာ သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
Ref:Maesaipress
#MeKongNews
#ချင်းရိုင်
#မူးယစ်ဆေးဝါး
#မယ်ဖလုံ
#ထိုင်းရဲတပ်ဖွဲ့








