ကမ္ဘာ့သတင်း

ဒေါ်လာ ၃၃ သန်း လိမ်ခဲ့သည့် တောင်ကိုရီးယား ကျားဖြန့်သံသယ တရားခံ ၇၃ ဦး ကမ္ဘောဒီးယား ပြန်ပို့မည်

မဲခေါင် 23 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၃ ၎င်းတို့နိုင်ငံအတွင်း လာရောက် အခြေစိုက်ကာ ကျားဖြန့်လုပ်ငန်းများ လုပ်ခဲ့သည့် သံသယတရားခံ ၇၃ ယောက်ကို တောင်ကိုရီးယား၌ စုံစမ်းစစ်ဆေး အရေးယူသွားရေး ယခုတစ်ပတ်အတွင်း ပြန်ပို့မည်ဟု ကမ္ဘောဒီးယားက ထုတ်ပြန်ကြေညာခဲ့သည်။ ပြီးခဲ့သည့် နွေရာသီတွင် တောင်ကိုရီးယား ကျောင်းသားတစ်ဦး ကမ္ဘောဒီးယား ကျားဖြန့်လုပ်ငန်းအတွင်း အဓမ္မ ခိုင်းစေခံရခြင်းနှင့် နှိပ်စက်မှုများကြောင့် သေဆုံးခဲ့မှုကို တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့များပါ ကမ္ဘောဒီးယားသို့ လာရောက်ပြီး တောင်ကိုရီးယားသား ကျားဖြန့်သံသယ တရားခံများအား ဖြိုးခွင်းဖမ်းဆီးရန် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ထိုပူးပေါင်းဆောင်ရွက်မှုအရ ကမ္ဘောဒီးယားအစိုးရသည် ငွေကြေးအားဖြင့် ဝမ် ၄၈ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၃၃ သန်း) လိမ်လည်ခဲ့သည့်

မဲခေါင်၊ ဇန်နဝါရီ ၂၃

၎င်းတို့နိုင်ငံအတွင်း လာရောက် အခြေစိုက်ကာ ကျားဖြန့်လုပ်ငန်းများ လုပ်ခဲ့သည့် သံသယတရားခံ ၇၃ ယောက်ကို တောင်ကိုရီးယား၌ စုံစမ်းစစ်ဆေး အရေးယူသွားရေး ယခုတစ်ပတ်အတွင်း ပြန်ပို့မည်ဟု ကမ္ဘောဒီးယားက ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် နွေရာသီတွင် တောင်ကိုရီးယား ကျောင်းသားတစ်ဦး ကမ္ဘောဒီးယား ကျားဖြန့်လုပ်ငန်းအတွင်း အဓမ္မ ခိုင်းစေခံရခြင်းနှင့် နှိပ်စက်မှုများကြောင့် သေဆုံးခဲ့မှုကို တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့များပါ ကမ္ဘောဒီးယားသို့ လာရောက်ပြီး တောင်ကိုရီးယားသား ကျားဖြန့်သံသယ တရားခံများအား ဖြိုးခွင်းဖမ်းဆီးရန် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

ထိုပူးပေါင်းဆောင်ရွက်မှုအရ ကမ္ဘောဒီးယားအစိုးရသည် ငွေကြေးအားဖြင့် ဝမ် ၄၈ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၃၃ သန်း) လိမ်လည်ခဲ့သည့် တောင်ကိုရီးယားသား သံသယတရားခံ ၂၀၀ ဝန်းကျင်ကို ဖမ်းဆီး ထားပြီး ၇၃ ယောက်ကို ယနေ့တွင် တောင်ကိုရီးယားသို့ ပြန်လည် လွှဲပြောင်းပေးရန် စီစဉ်နေခြင်း ဖြစ်သည်။

အရှေ့တောင်အာရှရှိ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံများတွင် ကျားဖြန့်လုပ်ငန်းများ အခြေစိုက်ကာ ကမ္ဘာတစ်ဝန်းရှိ သားကောင်များထံမှ နည်းမျိုးစုံဖြင့် ငွေလိမ်လည်ရယူမှုသည် ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၁၈ ဘီလီယံမှ ၃၇ ဘီလီယံအကြား ရှိသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးရုံးက ထုတ်ပြန်ထားသည်။

ယခုလအတွင်း ကျားဖြန့်ခေါင်းဆောင်ဟု သတ်မှတ်ထားသော တရုတ်နိုင်ငံသားကို ကမ္ဘောဒီးယားက ဖမ်းဆီးကာ တရုတ်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ယမန်နှစ် အောက်တိုဘာလမှ စတင်ပြီး နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း လာလုပ်နေသည့် သံသယတရားခံ တောင်ကိုရီးယားနိုင်ငံသား အယောက် ၁၃၀ ဝန်းကျင်ကို ကမ္ဘောဒီးယားက ပြန်လွှဲပြောင်းပေးကာ လာအို၊ ဗီယက် နမ်၊ ထိုင်း နှင့် ဖိလစ်ပိုင်နိုင်ငံများမှ ပြန်လွှဲပေးသည့် တောင်ကိုရီးယား ကျားဖြန့်သံသယ တရားခံဦးရေမှာ ၃၀ ပင်မပြည့်ခဲ့ပေ။

ကိုကလင်း
Ref: asahi
#MeKongNews
#တောင်ကိုရီးယား
#ကျားဖြန့်သံသယ
#တရားခံ
#ကမ္ဘောဒီးယား
#ပြန်ပို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now