နိုင်ငံတကာသတင်း

မြန်မာနှင့် ကမ္ဘောဒီးယားအား မဖိတ်ခေါ်သည့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၃၀ ပါဝင်မည်

မဲခေါင် 22 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၂ ထိုင်းနှင့် အမေရိကန်တို့ ပူးတွဲဦးဆောင်မည့် (၄၅) ကြိမ်မြောက် Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၃၀ ပါဝင်မည်ဖြစ်ပြီး မြန်မာနှင့် ကမ္ဘောဒီးယားအား မဖိတ်ခေါ်ထားကြောင်း သတင်းများအရ သိရသည်။ ယင်းစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၆ ရက်အထိ ထိုင်းနိုင်ငံရှိ နေရာအသီးသီးတွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၃၀ မှ စစ်သည်အင်အား ၈ ထောင်ကျော် ပါဝင်မည်ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် ယင်းစစ်ရေးလေ့ကျင့်မှုအား ယခုနှစ်တွင် အင်အားအလုံးအရင်း လေ့ကျင့်မှုနှစ် – “Heavy Year” အဖြစ် သတ်မှတ်ထားပြီး ထိုင်းတပ်မတော်နှင့် အမေရိကန် အင်ဒို

မဲခေါင်၊ ဇန်နဝါရီ ၂၂

ထိုင်းနှင့် အမေရိကန်တို့ ပူးတွဲဦးဆောင်မည့် (၄၅) ကြိမ်မြောက် Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၃၀ ပါဝင်မည်ဖြစ်ပြီး မြန်မာနှင့် ကမ္ဘောဒီးယားအား မဖိတ်ခေါ်ထားကြောင်း သတင်းများအရ သိရသည်။

ယင်းစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၆ ရက်အထိ ထိုင်းနိုင်ငံရှိ နေရာအသီးသီးတွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၃၀ မှ စစ်သည်အင်အား ၈ ထောင်ကျော် ပါဝင်မည်ဖြစ်သည်။

နှစ်စဉ်ကျင်းပသည့် ယင်းစစ်ရေးလေ့ကျင့်မှုအား ယခုနှစ်တွင် အင်အားအလုံးအရင်း လေ့ကျင့်မှုနှစ် – “Heavy Year” အဖြစ် သတ်မှတ်ထားပြီး ထိုင်းတပ်မတော်နှင့် အမေရိကန် အင်ဒို – ပစိဖိတ် စစ်ဌာနချုပ်တို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည် ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုတွင် အဓိကအဖွဲ့ဝင် ၇ နိုင်ငံအဖြစ် ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယားနှင့် မလေးရှားတို့ ပါဝင်ကြမည်ဖြစ်သည်။

ထို့အတူ တရုတ်၊ အိန္ဒိယနှင့် သြစတြေးလျတို့သည်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး သို့မဟုတ် ဘေးအန္တရာယ်ကယ်ဆယ်ရေး လေ့ကျင့်ခန်းများကဲ့သို့ ကဏ္ဍအချို့တွင် ပူးပေါင်းလေ့ကျင်မည် ဖြစ်သည်။

ယင်းစစ်ရေးလေ့ကျင့်မှုသည် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေရန်နှင့် ကြည်း၊ ရေ၊ လေ၊ အာကာသနှင့် ဆိုက်ဘာနယ်ပယ် အားလုံးပါဝင်သည ့်ပူးတွဲစစ်ဆင်ရေးစွမ်းရည်များကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်သည်။

ယခု စစ်ရေးလေ့ကျင်မှုတွင် ကွပ်ကဲထိန်းချုပ်ရေး လေ့ကျင့်ခန်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများ၊ မြေပြင်စစ်ရေးလေ့ကျင့်မှုများနှင့ ကမ်းတက် စစ်ဆင်ရေးများ၊ ကျည်အစစ်ဖြင့် ပတ်ခတ်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ၊ ရေကြောင်း တိုက်ခိုက်မှုများနှင့် ဒရုန်းဟန့်တားမှုများ စသည့် လေ့ကျင့်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ဖီဂျီ၊ ပြင်သစ်၊ ယူကေ၊ အီတလီ၊ မွန်ဂိုလီးယား၊ နီပေါ၊ နယူးဇီလန်နှင့် ဖိလစ်ပိုင်တို့က အထောက်အကူပြု နိုင်ငံအဖွဲ့ဝင်များအဖြစ် ပါဝင်မည်ဖြစ်သည်။

ထို့အတူ ဘရူနိုင်း၊ ဂျာမနီ၊ ဂျော်ဒန်၊ လာအို၊ နယ်သာလန်၊ ပါကစ္စတန်၊ ဆော်ဒီ၊ ဆွီဒင်၊ တီမောနှင့် ဗီယက်နမ် စသည့် ၁၀ နိုင်ငံက လေ့လာသူအဖြစ် ပါဝင်မည်ဖြစ်သည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပခဲ့ရာ လက်ရှိ၌ အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံး နိုင်ငံစုံ စစ်ရေးလေ့ကျင့်မှုများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

ယခုနှစ် လေ့ကျင့်ခန်းများတွင် သမရိုးကျ စစ်ဆင်ရေးများအပြင် ဒရုန်းတိုက်ဖျက်ရေးနှင့် အချက်ပြ ထောက်လှမ်းရေး ကဲ့သို့သော ခေတ်သစ်နည်းပညာမြင့် စစ်ရေးကဏ္ဍများကိုပါ အထူးအလေးပေး ထည့်သွင်းလာသည်ကို တွေ့ရသည်။

Ref:Khaosod English
#MeKongNews
#မြန်မာ
#ကမ္ဘောဒီးယား
#Cobra_Gold
#စစ်ရေးလေ့ကျင့်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now