မဲခေါင်၊ ဇန်နဝါရီ ၁၄
အမေရိကန်အစိုးရသည် အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့ဝန်ထုပ်ဝန်ပိုး (Social Burden) ဖြစ်လာနိုင်ခြေရှိသည့် အခြေအနေများကို အကြောင်းပြကာ ထိုင်း၊ ရုရှား၊ အီရန်၊ ဆိုမာလီယာ အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ နိုင်ငံသားများအား ပြည်ဝင်ခွင့်ဗီဇာ (Visa Processing) ထုတ်ပေးခြင်းကို အကန့်အသတ်မရှိ ဆိုင်းငံ့ (Freeze) လိုက်ကြောင်း Fox News က ယနေ့ ဖော်ပြခဲ့သည်။
ယင်းအမိန့်သစ်သည် လာမည့် ဇန်နဝါရီလ ၂၁ ရက်နေ့ မှစတင်၍ တရားဝင် အာဏာတည်မည်ဖြစ်ပြီး၊ သတ်မှတ်ထားသည့် နိုင်ငံများမှ လာရောက်မည့် ခရီးသွားများ၊ ကျောင်းသားများနှင့် ရွှေ့ပြောင်းနေထိုင်လိုသူများအားလုံးအပေါ် သက်ရောက်မှုရှိမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန် တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဗီဇာလျှောက်ထားသူများသည် အမေရိကန်သို့ ရောက်ရှိပြီးနောက် အစိုးရ၏ လူမှုဖူလုံရေး အထောက်အပံ့များကို အလွန်အကျွံ မှီခိုလာနိုင်သည့်အတွက် ၎င်းတို့အား “ဝန်ထုပ်ဝန်ပိုး” အဖြစ် သတ်မှတ်ခြင်း၊ သတ်မှတ်ထားသည့် နိုင်ငံများ၏ ကိုယ်ရေးအချက်အလက် စိစစ်မှုစနစ်များသည် အမေရိကန်၏ စံနှုန်းနှင့် မကိုက်ညီခြင်း၊ အမေရိကန်အတွင်း တရားမဝင် နေထိုင်မှုများကို လျှော့ချရန်နှင့် ပြည်တွင်းလုံခြုံရေးကို အထူးတင်းကျပ်ရန်တို့ကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။
ရပ်တန့်ခံရသည့် နိုင်ငံများထဲတွင် အရှေ့တောင်အာရှမှ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အာရှနှင့် ယူရေးရှားမှ ရုရှား၊ တရုတ် (အချို့)၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အရှေ့အလယ်ပိုင်းမှ အီရန်၊ အီရတ်၊ ဆီးရီးယား၊ ယီမင်၊ လစ်ဗျား၊ လက်ဘနွန်၊ ဂျော်ဒန်၊ ပါလက်စတိုင်း (Territories)၊ အာဖရိကမှ ဆိုမာလီယာ၊ ဆူဒန်၊ တောင်ဆူဒန်၊ နိုင်ဂျီးရီးယား၊ အီသီယိုးပီးယား၊ ကွန်ဂို၊ မာလီ၊ နိုင်ဂျာ၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ မော်ရိုကို၊ ဇင်ဘာဘွေ၊ အမေရိကတိုက်မှ ဗင်နီဇွဲလား၊ ကျူးဘား၊ နီကာရာဂွာ၊ ဟေတီ၊ အယ်လ်ဆာဗေးဒိုး၊ ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာ၊ ဥရောပမှ ရုရှား ဘီလာရုစ်၊ ယူကရိန်း (အချို့)၊ အယ်လ်ဘေးနီးယားတို့ ပါဝင်သည်။
#MeKongNews
#အမေရိကန်
#ဗီဇာပိတ်ပင်
#ထိုင်းနိုင်ငံ
#ရုရှား








