မဲခေါင်၊ ဇန်နဝါရီ ၁၄
မွေးကင်းစကလေး ၉ ဦး သေဆုံးသွားခဲ့ပြီးနောက် ဆိုက်ဘေးရီးယား သားဖွားဆေးရုံ၏ အထူးကြပ် မတ်ကုသဆောင်မှ ဆေးအရာရှိချုပ်နှင့် လက်ထောက် အကြီးအကဲတို့ကို ရုရှားက ဖမ်းဆီးလိုက်သည်ဟု စုံစမ်းစစ်ဆေးရေး အရာရှိများက ပြောသည်။
တာဝန်ပေါ့လျော့မှုဖြင့် အသက်ဆုံးရှုံးမှုဖြစ်စေခြင်း မသင်္ကာမှုများဖြင့် ဆရာဝန်များအား ထိန်းသိမ်းလိုက်သည်ဟု ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ပြောသည်။
လတ်တလော ဆရာဝန်များ သို့မဟုတ် ၎င်းတို့၏ ရှေ့နေများကို ဆက်သွယ်၍ မရကြောင်း သတင်းက ဖော်ပြသည်။
ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုပေးအပ်ရာတွင် သံသယရှိသူများဘက်က ၎င်းတို့၏ တရားဝင် ပရော်ဖက်ရှင်နယ် တာဝန်များကို စနစ်တကျ ထမ်းဆောင်မှုမရှိခြင်း အကျိုးရလဒ်ကြောင့် ၂၀၂၅ ခုနှစ် ဒီဇင် ဘာ ၁ ရက်နှင့် ယခုနှစ် ဇန်နဝါရီ ၁၂ ရက်ကြားတွင် မွေးကင်းစ ကလေးငယ် ၉ ဦး သေဆုံးခဲ့ရသည်ဟု စုံစမ်စစ်ဆေးရေးကော်မတီ က ပြောသည်။
အစိုးရနှင့် လွတ်လပ်သောအခြားသတင်းဌာနများက ဖော်ပြခဲ့သော အမှုသည် ရုရှားနိုင်ငံတွင် အမျက်ဒေါသ ထွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေခဲ့သည်။
ထိုသို့သော ဖြစ်ရပ်ဆိုးများကို ခွင့်ပြုထားပါက ကလေးမွေးဖွားနှုန်း တိုးမြှင့်ရေး ဟူသော သမ္မတပူတင်က ဦးစားပေး သတ်မှတ်ထားသည့် ကိစ္စကို မည်သို့ မျှော်လင့်နိုင်မည်နည်း ဟူ၍ နိုင်ငံရေးသမားများ၊ ဆောင်းပါး ရေးသူများနှင့် သာမန် ရုရှား နိုင်ငံသားများကပါ ဝေဖန် ပြောဆိုနေကြကြောင်း သိရသည်။
အေးကျော်
Ref: Reuters
#MeKongNews
#ကလေးငယ်
#သေဆုံး
#ဆိုက်ဘေးရီးယား
#ဆရာဝန်များ
#ဖမ်းဆီး








