ကမ္ဘာ့သတင်း

အီရန်တွင် ဘုရင်စနစ် တောင်းဆိုမှု ပိုကျယ်ပြန့်လာ၊ အီလွန်မာ့စ်၏ X တွင်ပင် အလံအမှတ်အသား ပြောင်းပေးခဲ့ရ

မဲခေါင် 13 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၃ အီရန်နိုင်ငံတွင် ပြည်တွင်းသုံး ငွေကြေး ရီယလ်စျေးနှုန်း အလွန်ကျဆင်း လဲပြိုသွားခြင်းကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်ရာမှ ပေါက်ဖွားလာသော ဆန္ဒပြမှု ၂ ပတ်ကျော်လာချိန်တွင် ခါမီနီ၏ အစ္စလာမ္မစ်နိုင်ငံတော် ပြိုလဲလုနီး ဖြစ်လာကာ ဆန္ဒပြသူများက နိုင်ငံအလံတော်ဟောင်း ဖြစ်သော ဘုရင်ခေတ်က ခြင်္သေ့နှင့် နေတံဆိပ်ပါ အလံများကို ပြန်လည် လွှင့်ထူခဲ့ကြသည်။ ထို့နောက် အီလွန်မာ့စ်၏ လူမှုကွန်ရက် X နှင့် Tasnim သတင်းမီဒီယာအပါ အကောင့်များစွာ၌ ခြင်္သေ့နှင့် နေမင်းတံဆိပ်အလံ များစွာ ပြောင်းလဲလိုက်ပြီး တောင်းဆိုချက်များကြောင့် ပြောင်းပေးလိုက်ကြောင်း X အကြီးအကဲ တစ်ဦးက ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀

မဲခေါင်၊ ဇန်နဝါရီ ၁၃

အီရန်နိုင်ငံတွင် ပြည်တွင်းသုံး ငွေကြေး ရီယလ်စျေးနှုန်း အလွန်ကျဆင်း လဲပြိုသွားခြင်းကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်ရာမှ ပေါက်ဖွားလာသော ဆန္ဒပြမှု ၂ ပတ်ကျော်လာချိန်တွင် ခါမီနီ၏ အစ္စလာမ္မစ်နိုင်ငံတော် ပြိုလဲလုနီး ဖြစ်လာကာ ဆန္ဒပြသူများက နိုင်ငံအလံတော်ဟောင်း ဖြစ်သော ဘုရင်ခေတ်က ခြင်္သေ့နှင့် နေတံဆိပ်ပါ အလံများကို ပြန်လည် လွှင့်ထူခဲ့ကြသည်။

ထို့နောက် အီလွန်မာ့စ်၏ လူမှုကွန်ရက် X နှင့် Tasnim သတင်းမီဒီယာအပါ အကောင့်များစွာ၌ ခြင်္သေ့နှင့် နေမင်းတံဆိပ်အလံ များစွာ ပြောင်းလဲလိုက်ပြီး တောင်းဆိုချက်များကြောင့် ပြောင်းပေးလိုက်ကြောင်း X အကြီးအကဲ တစ်ဦးက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်တွင် ခါမီနီအစိုးရအား ဆန့်ကျင်သည် လူတစ်စုထဲမှ အမျိုးသားတစ်ဦးက လန်ဒန်ရှိ အီရန်သံရုံးတွင် ခါမီနီ အစိုးရ အသိအမှတ်ပြု အီရန်အလံကို တက်ဖြုတ်ကာ ခြင်္သေ့နှင့် နေမင်းတံဆိပ်ပါ ဘုရင်ခေတ် အလံဟောင်းကို ပြန်လည် လွှင့်ထူခဲ့သည်။

အီရန်သည် ခြင်္သေ့နှင့် နေတံဆိပ်အလံအား ဘုရင်လက်ထက် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး ၁၉၇၉ ခုနှစ်တွင်မှ အစ္စလာမ္မစ် တော်လှန်ရေးအတွင်း ရှားဘုရင် မိုဟမ်မက်ရီဇာ ပါလာဗီကို ဖြုတ်ချကာ ခါမီနီ ခေါင်းဆောင်သော အစ္စလာမ္မစ် နိုင်ငံတော်အဖြစ် အလံပြောင်းလဲ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် အီရန် တရားဝင်အစိုးရ လူမှုကွန်ရက် အကောင့်များတွင်မူ ခါမီနီလက်ထက် အီရန်အလံပုံများသာ ဆက်လက် ဖော်ပြထားဆဲ ဖြစ်သည်။

အီရန်တွင် ခါမီနီအစိုးရ ကျရှုံးလုအနေအထား၌ ဆန္ဒပြသူများကို ပစ်ခတ် သတ်ဖြတ်နေရာ သတင်းတချို့တွင် ပြည်သူထောင်ချီ သေ ဆုံးပြီး ဖြစ်ကြောင်း ဖော်ပြနေကြသလို အီရန်တော်လှန်ရေး အစောင့်တပ်၏ အကြမ်းဖက်သူများကြောင့် လုံခြုံရေးအရာရှိ ၁၀၀ ကျော် သေဆုံးရပြီး ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ အီရန်ပြည်သူများကို သတ်ဖြတ်မှုကြောင့် စစ်ရေးအရ ဝင်ပါကာ အကူအညီပေးတော့မည်ဆိုသည့် စစ်ဆင် ရေး စီမံချက်များအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စီစဉ်နေကြောင်းလည်း သတင်းများက ဆိုသည်။

ကိုကလင်း
Ref: albawaba
#MeKongNews
#အီရန်
#ဘုရင်စနစ်
#တောင်းဆို
#ပိုကျယ်ပြန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now