နိုင်ငံတကာသတင်း

ဓာတ်ဆီဆိုင် မီးရှို့မှုများ ဖြစ်ပေါ်ပြီးနောက် နရသီဝပ် ပြည်နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်

မဲခေါင် 12 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၂ ပြည်နယ်အတွင်းရှိ ဓာတ်ဆီဆိုင် ၅ ဆိုင်ကို ဗုံးခွဲ၍ မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ထိုင်း‌တောင်ပိုင်း၊ နာရသီဝပ်ပြည်နယ် အာဏာပိုင်အဖွဲ့က ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကာ ည ၉ နာရီမှ နံနက် ၅ နာရီ အထိ အပြင်မထွက်ကြရန် ဒေသခံများကို တားမြစ်လိုက်သည်။ နရသီဝပ်ပြည်နယ်သည် စစ်အုပ်ချုပ်ရေး ဥပဒေအောက်တွင် ဆက်ရှိနေပြီး ညမထွက်ရအမိန့်ဖြင့် လုံခြုံရေးကို ပိုမို တင်းကျပ်လိုက်ကာ အမိန့်လည်း ချက်ခြင်း အသက်ဝင်လာမည်ဟု အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။ ကိစ္စရပ် တစ်ခုချင်းစီအပေါ် အခြေခံ၍ ခြွင်းချက်များကို စဉ်းစားသွားမည် ဖြစ်သော်လည်း ဒေသခံများ အနေဖြင့် ၎င်းတို့၏နယ်မြေရှိ စစ်ဘက်၊ ရဲဘက်နှင့် အုပ်ချုပ်ရေးအရာရှိများထံမှ

မဲခေါင်၊ ဇန်နဝါရီ ၁၂

ပြည်နယ်အတွင်းရှိ ဓာတ်ဆီဆိုင် ၅ ဆိုင်ကို ဗုံးခွဲ၍ မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ထိုင်း‌တောင်ပိုင်း၊ နာရသီဝပ်ပြည်နယ် အာဏာပိုင်အဖွဲ့က ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကာ ည ၉ နာရီမှ နံနက် ၅ နာရီ အထိ အပြင်မထွက်ကြရန် ဒေသခံများကို တားမြစ်လိုက်သည်။

နရသီဝပ်ပြည်နယ်သည် စစ်အုပ်ချုပ်ရေး ဥပဒေအောက်တွင် ဆက်ရှိနေပြီး ညမထွက်ရအမိန့်ဖြင့် လုံခြုံရေးကို ပိုမို တင်းကျပ်လိုက်ကာ အမိန့်လည်း ချက်ခြင်း အသက်ဝင်လာမည်ဟု အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ကိစ္စရပ် တစ်ခုချင်းစီအပေါ် အခြေခံ၍ ခြွင်းချက်များကို စဉ်းစားသွားမည် ဖြစ်သော်လည်း ဒေသခံများ အနေဖြင့် ၎င်းတို့၏နယ်မြေရှိ စစ်ဘက်၊ ရဲဘက်နှင့် အုပ်ချုပ်ရေးအရာရှိများထံမှ ဦးစွာ ခွင့်ပြုချက် တောင်းခံရမည်ဟု အုပ်ချုပ်ရေးအဖွဲ့က ဆက်လက် ပြောကြားသည်။

နောက်ထပ် အသိပေးချက် ထပ်ထွက်လာချိန်အထိ ညမထွက်ရအမိန့် ဆက်ရှိနေမည် ဖြစ်သည်။

မသင်္ကာသူများကို နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခြင်း အပါအဝင် လုံခြုံ‌ရေး လုပ်ငန်းစဉ်များတွင် ပါဝင် ကူညီပေးကြရန် အရပ်ဘက် အရာရှိများကိုလည်း အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားခဲ့သည်။

တနင်္ဂနွေနေ့ နံနက် ၁ နာရီတွင် ယာလာ၊ ပဌာနီ နှင့် နရသီဝပ် ပြည်နယ်မှ ဓာတ်ဆီဆိုင်များကို အချိန်ကိုက် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်။

တစ်ဆိုင်လျှင် လူ ၄ ဦးမှ ၅ ဦး ခန့် ပါဝင်သော တိုက်ခိုက်သူများက ဆိုင်ကယ်များဖြင့် ရောက်လာခဲ့ကာ တွဲဖွင့်ထားသော စတိုးဆိုင်လေးများကို မီးရှို့ကြပြီး ဆီဖြည့်ပန့်များကို လက်လုပ်ဗုံးများ ဖောက်ခွဲ တိုက်ခိုက်ကြ၍ မီးလောင်စေခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဘွန်ချွေး ဟမ်ယမ်နီက မနေ့က နေ့လယ်ပိုင်းတွင် ပြောကြားသည်။

ထိုအတောအတွင်းမှာပင် ဓာတ်ဆီဆိုင် တိုက်ခိုက်မှု ဖြစ်ခဲ့သော ပြည်နယ်သုံးခုမှ ဆီဆိုင်များတွင် လုံခြုံရေး တိုးမြှင့်ထားကြရန် စွမ်းအင်ဝန်ကြီးဌာနက အမိန့် ထုတ်ပြန်လိုက်ကာ လုံခြုံရေး အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို ညွှန်ကြားလိုက်သည်။

တစ်ချိန်တည်းမှာပင် သယ်ယူပို့‌ဆောင်ရေး လမ်းကြောင်းများ ပြတ်တောက်ခဲ့ပါကလည်း လောင်စာဆီ ဖြည့်တင်းမှု လုံလောက်စွာ ရှိနေရေး သေချာစေရန် လုပ်ဆောင်ထားရန်လည်း စွမ်းအင်ဝန်ကြီးဌာနက အရာရှိများကို ပြောကြားသည်။

အေးကျော်
Ref: The Nation
#MeKongNews
#ဓာတ်ဆီဆိုင်
#မီးရှို့မှု
#နရသီဝပ်
#ညမထွက်ရအမိန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now