ကမ္ဘာ့သတင်း

မူးယစ်ဂိုဏ်းများကို နှိမ်နင်းရန် ကုန်းတွင်း စစ်ဆင်ရေးများ စတင်သွားမည်ဟု ထရမ့် ကြုံးဝါး

မဲခေါင် 9 Jan - 2026
မခေါင်၊ ဇန်နဝါရီ ၉ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနှင့် ကာရစ်ဘီယံပင်လယ်မှ ရေကြောင်း တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မူးယစ် ဆေးဝါး ဂိုဏ်းများကို တိုက်ဖျက်ရေး ကုန်တွင်း စစ်ဆင်မှုများလည်း ဖြစ်ပေါ်လာလိမ့်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။ “မူးယစ်ဆေးဝါးဂိုးဏ်းတွေနဲ့ ပတ်သက်ပြီး အခုဆိုရင် ကျနော်တို့က မြေပြင်တိုက်ခိုက်မှုတွေ စတင်သွားပါမယ်။ အဲဒီဂိုဏ်းတွေက မက္ကဆီကိုနိုင်ငံကို အုပ်စိုးနေကြတယ်” ဟု ယမန်နေ့က ထုတ်လွှင့်ခဲ့သော ဖောက်စ်သတင်းဌာနမှ ရှောင်ဟန်နစ်တီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထရမ့်က ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဂျူရိုအား မထင်မှတ်ဘဲ စီးနင်းဖမ်းဆီးခဲ့ပြီးနောက် ထရမ့်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းမတိုင်မီတွင် ထရမ့်က လက်ဝဲယိမ်း

မခေါင်၊ ဇန်နဝါရီ ၉

ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနှင့် ကာရစ်ဘီယံပင်လယ်မှ ရေကြောင်း တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မူးယစ် ဆေးဝါး ဂိုဏ်းများကို တိုက်ဖျက်ရေး ကုန်တွင်း စစ်ဆင်မှုများလည်း ဖြစ်ပေါ်လာလိမ့်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။

“မူးယစ်ဆေးဝါးဂိုးဏ်းတွေနဲ့ ပတ်သက်ပြီး အခုဆိုရင် ကျနော်တို့က မြေပြင်တိုက်ခိုက်မှုတွေ စတင်သွားပါမယ်။ အဲဒီဂိုဏ်းတွေက မက္ကဆီကိုနိုင်ငံကို အုပ်စိုးနေကြတယ်” ဟု ယမန်နေ့က ထုတ်လွှင့်ခဲ့သော ဖောက်စ်သတင်းဌာနမှ ရှောင်ဟန်နစ်တီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထရမ့်က ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဂျူရိုအား မထင်မှတ်ဘဲ စီးနင်းဖမ်းဆီးခဲ့ပြီးနောက် ထရမ့်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းမတိုင်မီတွင် ထရမ့်က လက်ဝဲယိမ်း ခေါင်းဆောင်အပေါ် လပေါင်းများစွာ စီးပွားရေးနှင့် စစ်ရေး ဖိအားများ ပေးခဲ့သည်။

ဗင်နီဇွဲလားမှ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည် ဆိုသော လှေသင်္ဘောများကို ရေပြင်တွင် တိုက်ခိုက်ခဲ့သလို ၎င်းရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ခံတစ်ခုကိုလည်း မြေပြင် တိုက်ခိုက်မှု လုပ်ခဲ့သည်။

သို့သော် မက္ကဆီကို မူးယစ်ဆေးဝါး ဂိုဏ်းများအပေါ် တိုက်ခိုက်မှုမှာ အမေရိကန်ဘက်မှ ကြီးမားသော စစ်ရေး အရှိန်မြှင့်မှု ဖြစ်လာနိုင်သည်။

မာဂျူရိုအား ဖမ်းဆီးလိုက်ပြီး အမေရိက တိုက်အပေါ် ဝါရှင်တန်၏ လွှမ်းမိုးမှုအကြောင်း ထရန့်က ‌ပြောကြား လာခဲ့ပြီးနောက် အမေရိကတိုက်ကို မည်သည့် အင်အားကြီး နိုင်ငံကမှ မပိုင်ဆိုင်ကြောင်း မက္ကဆီကိုသမ္မတ ကလော်ဒီ ယာ ရှိန်းဘောင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

မက္ကဆီကိုမှ မူးယစ်ဂိုဏ်းများကို ကိုင်တွယ် ဖြေရှင်းသွားရေး အမေရိကန် တပ်ဖွဲ့များအား မက္ကဆီကိုထဲ ဝင်ခွင့်ပေးရန် ရှိန်းဘောင်ကို တွန်းအားပေးနေကြောင်း ထရန့်က တနင်္ဂနွေနေ့တွင် ပြောကြားပြီး ၎င်းကမ်းလှမ်းမှုကို ရှိန်း ဘောင်က ယခင်က ပယ်ချခဲ့သည်ဟုလည်း ပြောသည်။

အေးကျော်
Ref: AFP/co
#MeKongNews
#မူးယစ်ဂိုဏ်း
#နှိမ်နင်း
#စစ်ဆင်ရေး
#ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now